ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ်

ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ်

မြစ်ကြီးနား၊ သြဂုတ် ၉-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်းက ကျေးရွာ ၁၀ ရွာကို နယ်မြေအေးချမ်းလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲပြန်ကျင်းပနိုင်မယ်လု့ိ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က VOM ကို ပြောပါတယ်။

အဲ့ဒီရွာတွေကတော့ ခေါင်းလန်ဖူးမြို့နယ်က ခင်လွမ်ကျေးရွာ၊ ဝိုင်းမော်မြို့နယ်က နန်ဆန်ယန်နဲ့ ဇခုန်ကျေးရွာ၊ မိုးမောက်မြို့နယ်က ကျရီဒကော်ကျေးရွာ၊ စိန်လုံပန်မူကျေးရွာ၊ ကုန်ပြီကျေးရွာ၊ ဦးထန်ယန်ကျေးရွာ၊ မန်ပိန်ကျေးရွာနဲ့ ရွေကူမြို့နယ်က အမတ်ကြီးကုန်းကျေးရွာတို့ ဖြစ်ပါတယ်။

အဲ့ဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲစာရင်းကောက်ယူနိုင်ခြင်း မရှိတဲ့ ကျေးရွာတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ နယ်မြေလုံခြုံရေး အခြေအနေ ပြန်ကောင်းလာတဲ့အတွက် မဲရုံဖွင့်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

နယ်မြေအခြေအနေ အေးချမ်လာတဲ့အတွက် မန်စီမြို့နယ်၊ မုန်ဒိန်းပါကျေးရွာမှာ မဲရုံဖွင့်လှစ်နိုင်ဖို့ ဇူလိုင်လအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ကို တင်ပြထားတယ်လို့ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

နန်ဆန်ယန်ကျေးရွာက မဲဆန္ဒရှင် မအရှန်ကတော့ ဆန္ဒမဲပေးဖို့ စာရင်းသွင်းပေမယ့် နေအိမ်ပျက်စီးနေလို့ အခက်တွေ့နေတယ်လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်က နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု ၂၁၂ ခုလောက် မဲစာရင်း မကောက်နိုင်ခဲ့ဘဲ့၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လက်ရှိ မဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီးထားတဲ့ အခြေအနေအရတော့ ကျေးရွာအုပ်စု ၁၉၃ ခုလောက်ပဲ ကျန်တော့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Zawgyi

ကခ်င္ျပည္နယ္မွာ အရင္ကေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ ႐ြာ ၁၀ ႐ြာ အခုႏွစ္ မဲ႐ုံဖြင့္မယ္

ျမစ္ႀကီးနား၊ ၾသဂုတ္ ၉-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္းက ေက်း႐ြာ ၁၀ ႐ြာကို နယ္ေျမေအးခ်မ္းလာတဲ့အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲျပန္က်င္းပႏိုင္မယ္လု႔ိ ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲအရာရွိ ဦးထြန္းေအာင္ခိုင္က VOM ကို ေျပာပါတယ္။

အဲ့ဒီ႐ြာေတြကေတာ့ ေခါင္းလန္ဖူးၿမိဳ႕နယ္က ခင္လြမ္ေက်း႐ြာ၊ ဝိုင္းေမာ္ၿမိဳ႕နယ္က နန္ဆန္ယန္နဲ႔ ဇခုန္ေက်း႐ြာ၊ မိုးေမာက္ၿမိဳ႕နယ္က က်ရီဒေကာ္ေက်း႐ြာ၊ စိန္လုံပန္မူေက်း႐ြာ၊ ကုန္ၿပီေက်း႐ြာ၊ ဦးထန္ယန္ေက်း႐ြာ၊ မန္ပိန္ေက်း႐ြာနဲ႔ ေ႐ြကူၿမိဳ႕နယ္က အမတ္ႀကီးကုန္းေက်း႐ြာတို႔ ျဖစ္ပါတယ္။

အဲ့ဒီေက်း႐ြာေတြဟာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြတုန္းက မဲစာရင္းေကာက္ယူႏိုင္ျခင္း မရွိတဲ့ ေက်း႐ြာေတြထဲမွာ ပါဝင္ခဲ့တာျဖစ္ၿပီး အခုႏွစ္မွာေတာ့ နယ္ေျမလုံၿခဳံေရး အေျခအေန ျပန္ေကာင္းလာတဲ့အတြက္ မဲ႐ုံဖြင့္ၿပီး ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

နယ္ေျမအေျခအေန ေအးခ်မ္လာတဲ့အတြက္ မန္စီၿမိဳ႕နယ္၊ မုန္ဒိန္းပါေက်း႐ြာမွာ မဲ႐ုံဖြင့္လွစ္ႏိုင္ဖို႔ ဇူလိုင္လအတြင္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ရွင္ကို တင္ျပထားတယ္လို႔ ဦးထြန္းေအာင္ခိုင္က ေျပာပါတယ္။

နန္ဆန္ယန္ေက်း႐ြာက မဲဆႏၵရွင္ မအရွန္ကေတာ့ ဆႏၵမဲေပးဖို႔ စာရင္းသြင္းေပမယ့္ ေနအိမ္ပ်က္စီးေနလို႔ အခက္ေတြ႕ေနတယ္လို႔ ေျပာပါတယ္။

၂၀၁၅ ခုႏွစ္က နယ္ေျမလုံၿခဳံေရးအေျခအေနေၾကာင့္ ေက်း႐ြာအုပ္စု ၂၁၂ ခုေလာက္ မဲစာရင္း မေကာက္ႏိုင္ခဲ့ဘဲ့၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ လက္ရွိ မဲဆႏၵရွင္စာရင္း ေကာက္ယူၿပီးစီးထားတဲ့ အေျခအေနအရေတာ့ ေက်း႐ြာအုပ္စု ၁၉၃ ခုေလာက္ပဲ က်န္ေတာ့တယ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲရဲ႕ စာရင္းအရ သိရပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW