စက်လှေခိုးမှုနဲ့မသင်္ကာလို့ စစ်ဆေးခံနေတဲ့ အချုပ်သား ၁ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်ဆေး

စက်လှေခိုးမှုနဲ့မသင်္ကာလို့ စစ်ဆေးခံနေတဲ့ အချုပ်သား ၁ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်ဆေး

ဘိုကလေး ၊ ဩဂုတ် ၁၂-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း ၊ဘိုကလေးမြို့နယ်၊ မြင်းကကုန်းနယ်မြေရဲစခန်းမှာ သြဂုတ် ၉ ရက်က အချုပ်သားတစ်ဦးသေဆုံးခဲ့တဲ့ကိစ္စကို စုံခုံဖွဲ့စစ်ဆေးသွားမယ်လို့မြင်းကကုန်းနယ်မြေရဲစခန်းက ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးထက်က ပြောပါတယ်။

”ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးသွားဖို့ အကြောင်းကြားလာတာမျိုးတွေ ရှိပါတယ်။ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေတော့ ရှိပါတယ် ဒါပေမဲ့ သေလောက်တဲ့ အခြေအနေအထိ ရိုက်နှက်စစ်ဆေးတာမျိုးတော့ မရှိပါဘူး၊ ခုသတင်းတွေပျံ့နေသလို မဟုတ်ပါဘူး၊ လုပ်ထုံး လုပ်နည်းနဲ့အညီ စစ်ဆေးခဲ့ပါတယ်”လို့ ရဲအုပ်ဇော်မျိုးထက်က ပြောပါတယ်။

မြင်းကကုန်းနယ်မြေရဲစခန်း အချုပ်ခန်းအတွင်း သြဂုတ် ၇ ရက်ကစတင်ပြီး အချုပ်သား ကျော်သက်ဦး (ခ)မာမီကျော်ကို စက်လှေခိုးမှုနဲ့မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေချိန် ဒဏ်ရာအချို့နဲ့ အသက်ရှုကြပ် အမောဖောက်ပြီးဆေးရုံကို ပို့ဆောင်ကုသစဉ် သြဂုတ် ၉ ရက်မနက်ပိုင်းက ဆေးရုံမှာသေဆုံးခဲ့ရတယ်လို့ မြင်းကကုန်းတိုက်နယ်ဆေးရုံကနေ သိရပါတယ်။

စက်လှေခိုးမှုနဲ့ မသင်္ကာတဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတဲ့ အချုပ်သား သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးတာတွေပြုလုပ်ဖို့အတွက် ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ဦးစီးပြီး စစ်ဆေးတာပြုလုပ်သွားမှာဖြစ်ပါတယ်။

“ဦးနှောက်ပုံမှန်မဟုတ်သူ စိတ်ထင်ရာကို လုပ်တတ်သူ ဖြစ်တဲ့အကြောင်း ပြောပြချင်လို့ သားလေးကိုလည်း တွေ့ချင်လို့ ရဲစခန်းကိုသွားတာ မတွေ့ရတဲ့အတွက် ကျွန်မစိတ်ထဲတော်တော်မကောင်းဖြစ်ပါတယ်။ အခု သေသွားပြီဆိုတော့ ဘယ်လို သေရသလဲ အမှန်အတိုင်း ပေါ်ပေါက်ဖို့ စစ်ဆေးဖော်ထုတ်ပေးစေချင်ပါတယ်။”လို့သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

မြင်းကကုန်းနယ်မြေရဲစခန်းမှာစစ်ဆေးခံရစဉ် ရဲတပ်ဖွဲ့ဝင် ၄ ဦးက ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကာ သူသေဆုံးချိန် ခန္ဓကိုယ်ပေါ်မှာ အညိုအမည်းတွေ စွဲနေတာမျိုးတွေရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးတာတွေကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိဘတွေ နဲ့ ဒေသခံတွေက ယူဆနေကြတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကိုကျော်သက်ဦးက စစ်တပ်ကဆေးပင်စင်နဲ့ အနားယူပြီး ပြန်လာသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး

Zawgyi

စက္ေလွခိုးမႈနဲ႔မသကၤာလို႔ စစ္ေဆးခံေနတဲ့ အခ်ဳပ္သား ၁ ဦးေသဆုံးမႈ စုံခုံဖြဲ႕စစ္ေဆး

ဘိုကေလး ၊ ဩဂုတ္ ၁၂-၂၀၂၀
သူရိန္(VOM)

ဧရာဝတီတိုင္း ၊ဘိုကေလးၿမိဳ႕နယ္၊ ျမင္းကကုန္းနယ္ေျမရဲစခန္းမွာ ၾသဂုတ္ ၉ ရက္က အခ်ဳပ္သားတစ္ဦးေသဆုံးခဲ့တဲ့ကိစၥကို စံုခုံဖြဲ႕စစ္ေဆးသြားမယ္လို ႔ျမင္းကကုန္းနယ္ေျမရဲစခန္းက ရဲစခန္းမႉး ရဲအုပ္ေဇာ္မ်ိဳးထက္က ေျပာပါတယ္။

”ခိုးမႈနဲ႔ စြပ္စြဲဖမ္းဆီးခံရၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ကိုေက်ာ္သက္ဦး ေသဆုံးခဲ့မႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးခုံ႐ုံးဖြဲ႕ စစ္ေဆးသြားဖို႔ အေၾကာင္းၾကားလာတာမ်ိဳးေတြ ရွိပါတယ္။ အမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးတာေတြေတာ့ ရွိပါတယ္ ဒါေပမဲ့ ေသေလာက္တဲ့ အေျခအေနအထိ ႐ိုက္ႏွက္စစ္ေဆးတာမ်ိဳးေတာ့ မရွိပါဘူး၊ ခုသတင္းေတြပ်ံ့ေနသလို မဟုတ္ပါဘူး၊ လုပ္ထုံး လုပ္နည္းနဲ႔အညီ စစ္ေဆးခဲ့ပါတယ္”လို႔ ရဲအုပ္ေဇာ္မ်ိဳးထက္က ေျပာပါတယ္။

ျမင္းကကုန္းနယ္ေျမရဲစခန္း အခ်ဳပ္ခန္းအတြင္း ၾသဂုတ္ ၇ ရက္ကစတင္ၿပီး အခ်ဳပ္သား ေက်ာ္သက္ဦး (ခ)မာမီေက်ာ္ကို စက္ေလွခိုးမႈနဲ႔မသကၤာလို႔ ဖမ္းဆီးစစ္ေဆးေနခ်ိန္ ဒဏ္ရာအခ်ိဳ႕နဲ႔ အသက္ရႈၾကပ္ အေမာေဖာက္ၿပီးေဆး႐ုံကို ပို႔ေဆာင္ကုသစဥ္ ၾသဂုတ္ ၉ ရက္မနက္ပိုင္းက ေဆး႐ုံမွာေသဆုံးခဲ့ရတယ္လို႔ ျမင္းကကုန္းတိုက္နယ္ေဆး႐ုံကေန သိရပါတယ္။

စက္ေလွခိုးမႈနဲ႔ မသကၤာတဲ့အတြက္ ဖမ္းဆီးစစ္ေဆးေနတဲ့ အခ်ဳပ္သား ေသဆုံးခဲ့တာနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို စုံစမ္းစစ္ေဆးတာေတြျပဳလုပ္ဖို႔အတြက္ ဖ်ာပုံခ႐ိုင္ရဲတပ္ဖြဲ႕က ဦးစီးၿပီး စစ္ေဆးတာျပဳလုပ္သြားမွာျဖစ္ပါတယ္။

“ဦးေႏွာက္ပုံမွန္မဟုတ္သူ စိတ္ထင္ရာကို လုပ္တတ္သူ ျဖစ္တဲ့အေၾကာင္း ေျပာျပခ်င္လို႔ သားေလးကိုလည္း ေတြ႕ခ်င္လို႔ ရဲစခန္းကိုသြားတာ မေတြ႕ရတဲ့အတြက္ ကြၽန္မစိတ္ထဲေတာ္ေတာ္မေကာင္းျဖစ္ပါတယ္။ အခု ေသသြားၿပီဆိုေတာ့ ဘယ္လို ေသရသလဲ အမွန္အတိုင္း ေပၚေပါက္ဖို႔ စစ္ေဆးေဖာ္ထုတ္ေပးေစခ်င္ပါတယ္။”လို႔ေသဆုံးသူ၏ မိခင္ျဖစ္သူ ေဒၚစန္းစန္းဝင္းက ေျပာပါတယ္။

ျမင္းကကုန္းနယ္ေျမရဲစခန္းမွာစစ္ေဆးခံရစဥ္ ရဲတပ္ဖြဲ႕ဝင္ ၄ ဦးက ႐ိုက္ႏွက္စစ္ေဆးတာေတြ ျပဳလုပ္ခဲ့ကာ သူေသဆုံးခ်ိန္ ခႏၶကိုယ္ေပၚမွာ အညိဳအမည္းေတြ စြဲေနတာမ်ိဳးေတြရွိေနၿပီး ရဲတပ္ဖြဲ႕ဝင္ေတြက ႐ိုက္ႏွက္စစ္ေဆးတာေတြေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း မိဘေတြ နဲ႔ ေဒသခံေတြက ယူဆေနၾကတာျဖစ္ပါတယ္။

ေသဆုံးသြားတဲ့ ကိုေက်ာ္သက္ဦးက စစ္တပ္ကေဆးပင္စင္နဲ႔ အနားယူၿပီး ျပန္လာသူတစ္ဦးျဖစ္တယ္လို႕ သိရပါတယ္။

#voiceofmyanmar #VOM #ဘိုကေလး

Related posts

Leave a Comment

VOM News

FREE
VIEW