မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့်

မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့် ရန်ကုန်၊ သြဂုတ် ၁၃-၂၀၂၀ ကျော်ကျော်(VOM) မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေသင်ကြားပေးမယ့် Golden HopeTraining Centreကို မနေ့ဩဂုတ် ၁၂ ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးတောင်ပိုင်းရပ်ကွက်၊ အောင်သိဒ္ဓိလမ်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Golden HopeTraining Centre ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ဖွင့်လှစ်တာဖြစ်ပြီး မသန်စွမ်းသူတွေအတွက် သင်တန်းတွေအခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန့်ဖုတ်သင်တန်း၊ ကော်ဖီဖျော်သင်တန်း၊ ကွန်ပျူတာသင်တန်းတွေကို စတင်သင်ကြားပေးဖို့ရည်ရွယ်ထားပြီး မုန့်ဖုတ်သင်တန်းအတွက် သင်တန်းသား ၁၀ ဦးကို တစ်ပတ်ခြောက်ရက်နဲ့ တစ်လတာသင်တန်း စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။ “မသန်စွမ်းတွေက အလုပ်အကိုင်အခွင့်အလမ်းဆုံးရံှူးမှုတွေရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အတတ်ပညာတတ်ဖို့လိုလိမ့်မယ်။ အဲဒါကြောင့် ပထမအသုတ်အဖြစ် သင်တန်းသား သင်တန်းစပေးနေပြီ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ၆၀ လောက်မွေးထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ အခမဲ့သင်တန်းပေးတာအပြင်…

Read More

10天内,从边境偷进来的中国人被抓的一共有65人。

10天内,从边境偷进来的中国人被抓的一共有65人。 木姐/2020年8月12日 Voice of Myanmar (VOM) 根据木姐警察局称,在短短10天内,通过缅中边境非法进入缅甸的中国公民数量已达到69名。 “从上个月七月底以来,每天都有越来越多的外国人通过边境口岸走私。”是/否中国公民;有/没有新型冠状病毒。木姐警察局中相关的警员说:“我们将进行基本调查后采取法律行动。” 警方从木姐城市105码。比道苏路,莫当村庄,南博桥和木姐城市这些地方都抓到了偷渡进来的中国人。 在木姐的研究中-缅事务的大学讲师U Nyein Kyaw说:“在选举前,必须先进行选民登记。这种工作被称为国家注册。 无证件移民很可能是登记公民身份的第一步,特别是在选举前。” 在7月30日至8月10日的10天中,木姐警察局根据《刑法》第367条和《移民法》第13(1)/ 13(5)条逮捕和起诉了69名中国公民。 Translation by:Lei Lei Win

Read More

မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ

မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ မြဝတီ ၊ သြဂုတ် ၁၂ – ၂၀၂၀ ကိုတိုးကြီး (VOM) ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ မြဝတီမြို့မှာ ဒီရက်ပိုင်းအတွင်း မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေ ဝင်ရောက်လာတာကြောင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှာကို ဒေသခံ ရွှေရတနာလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ၊ ဘုရင့်နောင်ဈေးကြီးအနီးမှာရှိတဲ့ ရွှေပြည့်လျှံ ရွှေရတနာ ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်ပြောပြတာက “ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အမျိုးသမီးတစ်ယောက်ဟာ သာမန် မှတ်ကျောက်တင် အစစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေကို လာရောက်ပေါင်နှံတယ် ၊ သုံးကြိမ်မြောက် လာရောက်ပေါင်နှံတာကြောင့် မသင်္ကာလို့ အဲ့ဒီ ပစ္စည်းတွေကို ဓားသွေးကျောက် အကြမ်းကြီးပေါ် သေခြာပွတ်တိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ ရွှေထည်ပစ္စည်းတွေက အတုဖြစ်နေတာကို သိရတယ် ၊…

Read More

နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ

နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ မူဆယ် ၊ သြဂုတ် ၁၂ – ၂၀၂၀ ကိုတိုးကြီး (VOM) မြန်မာ – တရုတ်နယ်စပ် ခိုးဝင်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁၀ ရက်တာ ကာလအတွင်းမှာပဲ (၆၉) ယောက်ရှိသွားပြီဖြစ်တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း သီတင်းပတ်က စတင်လို့ နယ်စပ် ခိုးဝင်ပေါက်တွေကနေ နေ့စဉ်လိုလို ခိုးဝင်လာတဲ့ တဖက်နိုင်ငံသားတွေများလာတယ် ၊ တရုတ်နိုင်ငံသား ဟုတ် / မဟုတ် ၊ ကူးဆက်မြန် ကပ်ရောဂါ ကိုဗစ်ပိုး ရှိ / မရှိ အရင်ဆုံး စစ်ဆေးတယ် ၊ အခြေခံ စစ်ဆေးမှုတွေလုပ်ပြီးမှ ဥပဒေအရ အရေးယူတာဖြစ်ပါတယ် ”လို့…

Read More

ကချင်ပြည်နယ်အတွင်း မဲစာရင်းမှာမပါလို့ တောင်းဆိုသည့် မဲဆန္ဒရှင် ၁၅၀၀၀ ကျော်ရှိ

ကချင်ပြည်နယ်အတွင်း မဲစာရင်းမှာမပါလို့ တောင်းဆိုသည့် မဲဆန္ဒရှင် ၁၅၀၀၀ ကျော်ရှိ မြစ်ကြီးနား၊ သြဂုတ် ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီကို မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီနောက်ပိုင်း မဲစာရင်းမှာမပါတဲ့အတွက် လာရောက်တောင်းဆိုသူ ၁၅၀၀၀ ကျော်ရှိတယ်လို့ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က VOM သတင်းဌာနကို ပြောပါတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီးမှ ကျန်တာတွေကို လာရောက်တောင်းဆိုသူ ၁၅၀၀၀ ကျော် ၊ မပါဝင်သင့်တဲ့သူတွေ ပါဝင်တာနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့ ပမာဏက ၉၇၁၈ ဦး ။ အချက်အလက်တွေ မှားယွင်းလို့ ပြင်ဆင်ပေးဖို့ တောင်းသူ ၁၂၀၀၀ ဝန်ကျင်ရှိခဲ့တဲ့အပြင် မဲစာရင်းလာကြည့်တဲ့သူကလည်း ၂၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ “ မဲဆန္ဒရှင်တွေကနေ မဲစာရင်းထဲမှာကျန်နေလို့ လာပြီတော့မှ ပုံစံ (၃) နဲ့ တောင်းဆိုတာတွေရှိတယ်၊ ပြီးလို့ရှိလျှင် မဲစာရင်းထဲမှာ မပါဝင်သင့်တဲ့သူတွေပါနေလို့ ပုံစံ (၄)နဲ့ ကန့်ကွက်တာတွေရှိတယ်၊…

Read More

အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မယ်

အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မယ် ဆိုးလ်၊ သြဂုတ်-၁၂-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယားစစ်ဘက် သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ သြဂုတ် ၂၈ ရက်အထိပြုလုပ်သွားမယ့် အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း လေ့ကျင့်ရေးရည်မှန်းချက်တွေပြည့်မီစေဖို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားတာမျိုးမရှိပေမယ့် ကွန်ပြူတာစနစ်နဲ့ အမိန့်ပေးစေခိုင်းတဲ့ လေ့ကျင့်မှုတွေကို အဓိကထားလုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ရန်ခက်ခဲတာကြောင့် စစ်ရေးလေ့ကျင့်မှုအရွယ်အစားကို လျှော့ချသွားမယ်လို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီနဲ့ နွေရာသီတို့မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိပေမယ့် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေတာကြောင့် အခုနှစ်ဆောင်းရာသီစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ Ref : NHK Photo: Getty…

Read More

ဘဏ်ငွေသွင်းချလံ အတုပြုလုပ်ပြီး ငွေကျပ်သိန်း ၃၇၀ ကျော်လိမ်လည်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ

ဘဏ်ငွေသွင်းချလံ အတုပြုလုပ်ပြီး ငွေကျပ်သိန်း ၃၇၀ ကျော်လိမ်လည်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ စစ်ကိုင်း၊ သြဂုတ် ၁၂-၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်မှာ စက်ရုံတည်ဆောက်ခွင့်ဆိုင်းဘုတ်အတုနဲ့ ဘဏ်ငွေသွင်းချလံအတုတွေ ပြုလုပ်ပြီး သိန်း ၃၇၀ ကျော် လိမ်လည်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးကို အလွဲသုံးစားပြုလုပ်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ စစ်ကိုင်းရဲကင်းစခန်းမှူး ဦးခင်ရွှေက ပြောပါတယ်။ “ လောပန်းက တရုတ် အဲ့ဒီအဆောက်အဦး ပတ္တမြားရပ်ကွက်ပိုင် ဖုန်းအားသွင်းကြိုးလုပ်မယ့် စက်ရုံဆောက်မှာ သက်ဆိုင်ရာခွင့်ပြုချက်ရဲ့ စာရွက်စာတန်းတွေလိုအပ်လို့ အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းတာ အုပ်ချုပ်ရေးမှူးကလည်း ကူညီပေးမယ်ဆိုပြီး ဘာအတွက်ပေးရမယ်၊ ညာအတွက်ပေးရမယ် ခွင့်ပြုမိန့်တင်ဖို့ပေးရမယ်ဆိုပြီးတောင်းတာ သိန်းသုံးရာကျော်သွားတာပေါ့၊ သူက ချလံအဟောင်းတစ်ခုကို သူကောက်ရတာပေါ့ အဲ့ဒါကို မိတ္တူပွားပြီး ကိန်းဂဏန်း ငွေအမောင့်တွေကို သူ့လက်ရေးနဲ့ရေးပြီး ယုတ္တိတန်အောင် သွားပေးတယ်လို့” စစ်ကိုင်းရဲကင်းစခန်းမှူး ဦးခင်ရွှေက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင်ကို…

Read More

ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ရုရုားနိုင်ငံအတည်ပြု

ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ရုရုားနိုင်ငံအတည်ပြု မော်စကို၊ သြဂုတ်-၁၂-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားတွေနဲ့ နှစ်လကျော်ကြာစမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ကျန်းမာရေးတာဝန်ရှိသူတွေက အသုံးပြုဖို့အတွက် အတည်ပြုပေးလိုက်ပြီလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေအားလုံး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ သူ့ရဲ့သမီးဖြစ်သူကိုတောင် ကာကွယ်ဆေးထိုးပေးထားတယ်လို့ ပူတင်ကဆိုပါတယ်။ နိုင်ငံအတွင်းမှာ အဲဒီကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးနှံတဲ့အစီအစဉ်ကို အောက်တိုဘာလအတွင်းမှာ စတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ အရှိန်မြင့်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရှိနေစဉ်မှာပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးမှာ နိုင်ငံတကာလမ်းညွှန်ချက်တွေကိုလိုက်နာဖို့ ရုရှားနိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ရုရှာနိုင်ငံထုတ် Sputnik-V လို့အမည်ပေးထားတဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာပြောပါတယ်။ Ref :…

Read More

စက်လှေခိုးမှုနဲ့မသင်္ကာလို့ စစ်ဆေးခံနေတဲ့ အချုပ်သား ၁ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်ဆေး

စက်လှေခိုးမှုနဲ့မသင်္ကာလို့ စစ်ဆေးခံနေတဲ့ အချုပ်သား ၁ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်ဆေး ဘိုကလေး ၊ ဩဂုတ် ၁၂-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း ၊ဘိုကလေးမြို့နယ်၊ မြင်းကကုန်းနယ်မြေရဲစခန်းမှာ သြဂုတ် ၉ ရက်က အချုပ်သားတစ်ဦးသေဆုံးခဲ့တဲ့ကိစ္စကို စုံခုံဖွဲ့စစ်ဆေးသွားမယ်လို့မြင်းကကုန်းနယ်မြေရဲစခန်းက ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးထက်က ပြောပါတယ်။ ”ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးသွားဖို့ အကြောင်းကြားလာတာမျိုးတွေ ရှိပါတယ်။ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေတော့ ရှိပါတယ် ဒါပေမဲ့ သေလောက်တဲ့ အခြေအနေအထိ ရိုက်နှက်စစ်ဆေးတာမျိုးတော့ မရှိပါဘူး၊ ခုသတင်းတွေပျံ့နေသလို မဟုတ်ပါဘူး၊ လုပ်ထုံး လုပ်နည်းနဲ့အညီ စစ်ဆေးခဲ့ပါတယ်”လို့ ရဲအုပ်ဇော်မျိုးထက်က ပြောပါတယ်။ မြင်းကကုန်းနယ်မြေရဲစခန်း အချုပ်ခန်းအတွင်း သြဂုတ် ၇ ရက်ကစတင်ပြီး အချုပ်သား ကျော်သက်ဦး (ခ)မာမီကျော်ကို စက်လှေခိုးမှုနဲ့မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေချိန်…

Read More

မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုကျရာမှ လုပ်သားတစ်ဦးသေဆုံး

မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုကျရာမှ လုပ်သားတစ်ဦးသေဆုံး မုံရွာ၊ သြဂုတ် ၁၂-၂၀၂၀ ရန်နိုင်စိုး(VOM) မိုးကုတ်မြို့က ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုဖြစ်တဲ့ ဓါတ်တော်ပြန့်လုပ်ကွက်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တွင်းပြိုကျရာကနေ လုပ်သားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။ ပြိုကျတဲ့တွင်းထဲမှာ လုပ်သား ၃ ဦးပိတ်မိနေခဲ့ရာ၂ ဦးကိုသာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး ကျန်တဲ့ ၁ ဦးက သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ပြိုကျတဲ့ အချိန်ကနေ ညပိုင်းအထိ အတွင်းထဲ လိုက်ရှာရတာ၊ နှစ်ယောက်ကတော့ အသက်ရှင်လျှက် ကယ်နိုင်ခဲ့တယ်။ တစ်ယောက်ကတော့ ကျောက်နဲ့နွံပိပြီး သေဆုံးနေတာ တွေ့ရတယ်။ အလောင်းကို တွင်းပေါ်ရောက်အောင် အတော်လေးခဲခဲယင်းယင်းသယ်ယူရတယ်။ လုပ်ကွက်မှာ လုပ်သားစုစုပေါင်း ဘယ်နှယောက်လုပ်လဲ ဆိုတာတော့ ကျနော်လဲမသိဘူး ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) သတင်းနဲ့ပြန့်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်က ပြောပါတယ်။ သေဆုံးသွားသူကတော့ အသက် (၃၀)…

Read More
VOM News

FREE
VIEW