ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ရုရုားနိုင်ငံအတည်ပြု

ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ရုရုားနိုင်ငံအတည်ပြု

မော်စကို၊ သြဂုတ်-၁၂-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားတွေနဲ့ နှစ်လကျော်ကြာစမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ကျန်းမာရေးတာဝန်ရှိသူတွေက အသုံးပြုဖို့အတွက် အတည်ပြုပေးလိုက်ပြီလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေအားလုံး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ သူ့ရဲ့သမီးဖြစ်သူကိုတောင် ကာကွယ်ဆေးထိုးပေးထားတယ်လို့ ပူတင်ကဆိုပါတယ်။

နိုင်ငံအတွင်းမှာ အဲဒီကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးနှံတဲ့အစီအစဉ်ကို အောက်တိုဘာလအတွင်းမှာ စတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ အရှိန်မြင့်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။

ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရှိနေစဉ်မှာပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးမှာ နိုင်ငံတကာလမ်းညွှန်ချက်တွေကိုလိုက်နာဖို့ ရုရှားနိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရုရှာနိုင်ငံထုတ် Sputnik-V လို့အမည်ပေးထားတဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာပြောပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Zawgyi

ပထမဆံုး ကိုဗစ္-၁၉ ကာကြယ္ေဆးတစ္မ်ိဳးကုိ အသံုးျပဳဖို႔ ရုရုားနုိင္ငံအတည္ျပဳ

ေမာ္စကို၊ ၾသဂုတ္-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနိုင္ငံထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို လူသားေတြနဲ႔ နွစ္လေက်ာ္ၾကာစမ္းသပ္မႈေတြျပဳလုပ္ျပီးေနာက္ က်န္းမာေရးတာ၀န္ရိွသူေတြက အသံုးျပဳဖို႔အတြက္ အတည္ျပဳေပးလိုက္ျပီလို႔ ရုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အဲဒီကာကြယ္ေဆးနဲ႔ပတ္သက္ျပီး လိုအပ္တဲ႔ စစ္ေဆးစမ္းသပ္မႈေတြအားလံုး လုပ္ေဆာင္ခဲ႔ျပီးျဖစ္ေၾကာင္း၊ သူ႔ရဲ႕သမီးျဖစ္သူကိုေတာင္ ကာကြယ္ေဆးထိုးေပးထားတယ္လို႔ ပူတင္ကဆိုပါတယ္။

နိုင္ငံအတြင္းမွာ အဲဒီကာကြယ္ေဆး အစုလိုက္အျပံဳလိုက္ထိုးနွံတဲ႔အစီအစဥ္ကို ေအာက္တိုဘာလအတြင္းမွာ စတင္သြားမယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး ရုရွားနုိင္ငံရဲ႕ အရိွိန္ျမင္႔လုပ္ေဆာင္ေနတာေတြနဲ႔ပတ္သက္ျပီး ကြ်မ္းက်င္သူေတြရဲ႕ စိုးရိမ္ပူပန္မႈေတြလည္း ျမင္႔တက္ေနပါတယ္။

ေဘးကင္းလံုျခံဳမႈဆုိင္ရာ စိုးရိမ္ပူပန္မႈေတြရိွေနစဥ္မွာပဲ ကိုဗစ္-၁၉ ကာကြယ္ေဆးထုတ္လုပ္ေရးမွာ နိုင္ငံတကာလမ္းညႊန္ခ်က္ေတြကိုလိုက္နာဖို႔ ရုရွားနုိင္ငံကို ကမၻာ႔က်န္းမာေရးအဖြဲ႔က တိုက္တြန္းထားပါတယ္။

ဒါ႔အျပင္ ရုရွာနိုင္ငံထုတ္ Sputnik-V လို႔အမည္ေပးထားတဲ႔ ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး ျပန္လည္သံုးသပ္ဖို႔ ရုရွားအာဏာပိုင္ေတြနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ႔တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ၾသဂုတ္ ၁၁ ရက္မွာေျပာပါတယ္။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW