ကချင်ပြည်နယ်အတွင်း မဲစာရင်းမှာမပါလို့ တောင်းဆိုသည့် မဲဆန္ဒရှင် ၁၅၀၀၀ ကျော်ရှိ

ကချင်ပြည်နယ်အတွင်း မဲစာရင်းမှာမပါလို့ တောင်းဆိုသည့် မဲဆန္ဒရှင် ၁၅၀၀၀ ကျော်ရှိ

မြစ်ကြီးနား၊ သြဂုတ် ၁၂-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီကို မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီနောက်ပိုင်း မဲစာရင်းမှာမပါတဲ့အတွက် လာရောက်တောင်းဆိုသူ ၁၅၀၀၀ ကျော်ရှိတယ်လို့ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က VOM သတင်းဌာနကို ပြောပါတယ်။

မဲစာရင်းနဲ့ ပတ်သက်ပြီးမှ ကျန်တာတွေကို လာရောက်တောင်းဆိုသူ ၁၅၀၀၀ ကျော် ၊ မပါဝင်သင့်တဲ့သူတွေ ပါဝင်တာနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့ ပမာဏက ၉၇၁၈ ဦး ။ အချက်အလက်တွေ မှားယွင်းလို့ ပြင်ဆင်ပေးဖို့ တောင်းသူ ၁၂၀၀၀ ဝန်ကျင်ရှိခဲ့တဲ့အပြင် မဲစာရင်းလာကြည့်တဲ့သူကလည်း ၂၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

“ မဲဆန္ဒရှင်တွေကနေ မဲစာရင်းထဲမှာကျန်နေလို့ လာပြီတော့မှ ပုံစံ (၃) နဲ့ တောင်းဆိုတာတွေရှိတယ်၊ ပြီးလို့ရှိလျှင် မဲစာရင်းထဲမှာ မပါဝင်သင့်တဲ့သူတွေပါနေလို့ ပုံစံ (၄)နဲ့ ကန့်ကွက်တာတွေရှိတယ်၊ မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်ဆိုင်ရာ အချက်အလက်တွေမှာယွင်းနေလို့ ပြင်ဆင်ရမှုတွေလည်းရှိနေတယ်။ ဒါတွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ဆီမှာ တင်သွင်းထားတာဖြစ်တယ်။ အဲ့ဒီရပ်ကျေးကော်မရှင်ကနေမှ မြို့နယ်ကော်မရှင်ကို စီစစ်ပြီးပို့လာတဲ့ အချိန်မှာတော့ မြို့နယ်ကော်မရှင်မှာ စီစစ်ပြီးတော့မှ မဲစာရင်းထဲမှာ ပယ်ဖျက်တာတွေ၊ စာရင်းသွင်းတာတွေ ပြင်ဆင်ပေးတာတွေ ဆောင်ရွက်မယ် ဒါတွေပြီးတော့မှ အောက်တိုဘာလမှာ နောက်ထပ်တစ်ကြိမ် ထုတ်ပြန်ပေးတာတွေ ဆောင်ရွက်မယ် “ လို့ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

ဖားကန့်မြို့နယ် ၊ ဝှေခါကျေးရွာအုပ်က မထားထားမြင့်ကို မဲစာရင်းနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “ ကျမတို့ကတော့ ရေတွေကြီးနေလို့ မဲစာရင်းကို သွားတောင် မကြည့်အားဘူး ၊ အခုမှ နည်းနည်ပဲ ရေကကျတာ “ ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မိုသည်းထန်စွာရွာလို့ နေအိမ်ရေနစ်မြှုပ်နေပြီး မဲစာရင်းမကြည့်အားတဲ့အကြောင်း ပြောပါတယ်။

ပြည်နယ်အတွင်း မဲဆန္ဒရှင်အရေအတွက်စုစုပေါင်း ဆယ်သိန်းရှစ်သောင်းငါးထောင်ရှစ်ဆယ့်တစ် (၁၀၈၅၀၈၁) ဦး ရှိပြီး ထုန်ပြန်ထားတဲ့ မဲစာရင်းကိုလာကြည့်သူ ၂၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအထဲက မဲစာရင်းမှာမပါလို့ ပုံစံ ၃ နဲ့ တောင်းဆိုတာ ၅.၆ ရာခိုင်နှုန်း၊ ပုံစံ ၄ နဲ့ ကန့်ကွက်တာ ၃.၅ ရာခိုင်နှုန်း ၊ ပုံစံ ၄ နဲ့ အချက်အလက်တွေ ပြင်ဆင်တာ ၄.၄ ရာခိုင်နှုန်းလောက်ရှိလို့ မဲစာရင်းမှာ မပါလို့ လာရောက်တောင်းဆိုသူက အများဆုံးဖြစ်ပါတယ်။

မဲစာရင်းမှာ ကျန်ခဲ့လို့ တောင်းဆိုမှုအများဆုံးကတော့ ဖာကန့်မြို့နယ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ မြစ်ကြီးနားမြို့နယ်က ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းအရ ပြည်နယ်အတွင်း အခြေစိုက်ရုံးဖွင့်ထာတဲ့ပါတီ ၁၇ ခုနဲ့ ပြည်နယ်ပြင်ပက ပါတီ ၁ ခုတို့ကနေ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် စုစုပေါင်း ကိုယ်စားလှယ် ၄၆၈ ဦး စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။

သြဂုတ်လ ၆ ရက်နေ့အထိ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ၁၁၃ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၈၆ ဦး ၊ ပြည်နယ်လွှတ်တော်မှာ ၂၄၀ ဦး နဲ့ တိုင်းရင်းသားလူမျိုးအတွက် ၂၉ ဦး စာရင်းရရှိထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Zawgyi

ကခ်င္ျပည္နယ္အတြင္း မဲစာရင္းမွာမပါလို႔ ေတာင္းဆိုသည့္ မဲဆႏၵရွင္ ၁၅၀၀၀ ေက်ာ္ရွိ

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီကို မဲဆႏၵရွင္စာရင္း ထုတ္ျပန္ၿပီေနာက္ပိုင္း မဲစာရင္းမွာမပါတဲ့အတြက္ လာေရာက္ေတာင္းဆိုသူ ၁၅၀၀၀ ေက်ာ္ရွိတယ္လို႔ ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲအရာရွိ ဦးထြန္းေအာင္ခိုင္က VOM သတင္းဌာနကို ေျပာပါတယ္။

မဲစာရင္းနဲ႔ ပတ္သက္ၿပီးမွ က်န္တာေတြကို လာေရာက္ေတာင္းဆိုသူ ၁၅၀၀၀ ေက်ာ္ ၊ မပါဝင္သင့္တဲ့သူေတြ ပါဝင္တာနဲ႔ပတ္သက္ၿပီး ကန႔္ကြက္တဲ့ ပမာဏက ၉၇၁၈ ဦး ။ အခ်က္အလက္ေတြ မွားယြင္းလို႔ ျပင္ဆင္ေပးဖို႔ ေတာင္းသူ ၁၂၀၀၀ ဝန္က်င္ရွိခဲ့တဲ့အျပင္ မဲစာရင္းလာၾကည့္တဲ့သူကလည္း ၂၇၀၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

“ မဲဆႏၵရွင္ေတြကေန မဲစာရင္းထဲမွာက်န္ေနလို႔ လာၿပီေတာ့မွ ပုံစံ (၃) နဲ႔ ေတာင္းဆိုတာေတြရွိတယ္၊ ၿပီးလို႔ရွိလွ်င္ မဲစာရင္းထဲမွာ မပါဝင္သင့္တဲ့သူေတြပါေနလို႔ ပုံစံ (၄)နဲ႔ ကန႔္ကြက္တာေတြရွိတယ္၊ မဲစာရင္းမွာပါတဲ့ မဲဆႏၵရွင္ဆိုင္ရာ အခ်က္အလက္ေတြမွာယြင္းေနလို႔ ျပင္ဆင္ရမႈေတြလည္းရွိေနတယ္။ ဒါေတြကို သက္ဆိုင္ရာ ရပ္ေက်းေကာ္မရွင္ဆီမွာ တင္သြင္းထားတာျဖစ္တယ္။ အဲ့ဒီရပ္ေက်းေကာ္မရွင္ကေနမွ ၿမိဳ႕နယ္ေကာ္မရွင္ကို စီစစ္ၿပီးပို႔လာတဲ့ အခ်ိန္မွာေတာ့ ၿမိဳ႕နယ္ေကာ္မရွင္မွာ စီစစ္ၿပီးေတာ့မွ မဲစာရင္းထဲမွာ ပယ္ဖ်က္တာေတြ၊ စာရင္းသြင္းတာေတြ ျပင္ဆင္ေပးတာေတြ ေဆာင္႐ြက္မယ္ ဒါေတြၿပီးေတာ့မွ ေအာက္တိုဘာလမွာ ေနာက္ထပ္တစ္ႀကိမ္ ထုတ္ျပန္ေပးတာေတြ ေဆာင္႐ြက္မယ္ “ လို႔ ဦးထြန္းေအာင္ခိုင္က ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ၊ ေဝွခါေက်း႐ြာအုပ္က မထားထားျမင့္ကို မဲစာရင္းနဲ႔ ပတ္သက္ၿပီး ေမးၾကည့္ေတာ့ “ က်မတို႔ကေတာ့ ေရေတြႀကီးေနလို႔ မဲစာရင္းကို သြားေတာင္ မၾကည့္အားဘူး ၊ အခုမွ နည္းနည္ပဲ ေရကက်တာ “ ဆိုၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက မိုသည္းထန္စြာ႐ြာလို႔ ေနအိမ္ေရနစ္ျမႇဳပ္ေနၿပီး မဲစာရင္းမၾကည့္အားတဲ့အေၾကာင္း ေျပာပါတယ္။

ျပည္နယ္အတြင္း မဲဆႏၵရွင္အေရအတြက္စုစုေပါင္း ဆယ္သိန္းရွစ္ေသာင္းငါးေထာင္ရွစ္ဆယ့္တစ္ (၁၀၈၅၀၈၁) ဦး ရွိၿပီး ထုန္ျပန္ထားတဲ့ မဲစာရင္းကိုလာၾကည့္သူ ၂၇၀၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

အဲ့ဒီအထဲက မဲစာရင္းမွာမပါလို႔ ပုံစံ ၃ နဲ႔ ေတာင္းဆိုတာ ၅.၆ ရာခိုင္ႏႈန္း၊ ပုံစံ ၄ နဲ႔ ကန႔္ကြက္တာ ၃.၅ ရာခိုင္ႏႈန္း ၊ ပုံစံ ၄ နဲ႔ အခ်က္အလက္ေတြ ျပင္ဆင္တာ ၄.၄ ရာခိုင္ႏႈန္းေလာက္ရွိလို႔ မဲစာရင္းမွာ မပါလို႔ လာေရာက္ေတာင္းဆိုသူက အမ်ားဆုံးျဖစ္ပါတယ္။

မဲစာရင္းမွာ က်န္ခဲ့လို႔ ေတာင္းဆိုမႈအမ်ားဆံုးကေတာ့ ဖာကန႔္ၿမိဳ႕နယ္က အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးကေတာ့ ျမစ္ႀကီးနားၿမိဳ႕နယ္က ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲရဲ႕ စာရင္းအရ ျပည္နယ္အတြင္း အေျခစိုက္႐ုံးဖြင့္ထာတဲ့ပါတီ ၁၇ ခုနဲ႔ ျပည္နယ္ျပင္ပက ပါတီ ၁ ခုတို႔ကေန ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ စုစုေပါင္း ကိုယ္စားလွယ္ ၄၆၈ ဦး စာရင္းေပးသြင္းထားၿပီးျဖစ္ပါတယ္။

ၾသဂုတ္လ ၆ ရက္ေန႔အထိ စာရင္းအရ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၁၃ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ အတြက္ ၈၆ ဦး ၊ ျပည္နယ္လႊတ္ေတာ္မွာ ၂၄၀ ဦး နဲ႔ တိုင္းရင္းသားလူမ်ိဳးအတြက္ ၂၉ ဦး စာရင္းရရွိထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW