နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ

နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ

မူဆယ် ၊ သြဂုတ် ၁၂ – ၂၀၂၀
ကိုတိုးကြီး (VOM)

မြန်မာ – တရုတ်နယ်စပ် ခိုးဝင်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁၀ ရက်တာ ကာလအတွင်းမှာပဲ (၆၉) ယောက်ရှိသွားပြီဖြစ်တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း သီတင်းပတ်က စတင်လို့ နယ်စပ် ခိုးဝင်ပေါက်တွေကနေ နေ့စဉ်လိုလို ခိုးဝင်လာတဲ့ တဖက်နိုင်ငံသားတွေများလာတယ် ၊ တရုတ်နိုင်ငံသား ဟုတ် / မဟုတ် ၊ ကူးဆက်မြန် ကပ်ရောဂါ ကိုဗစ်ပိုး ရှိ / မရှိ အရင်ဆုံး စစ်ဆေးတယ် ၊ အခြေခံ စစ်ဆေးမှုတွေလုပ်ပြီးမှ ဥပဒေအရ အရေးယူတာဖြစ်ပါတယ် ”လို့ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ် ၊ မိုင်းယု(၁၀၅) မိုင်ကျေးရွာ ပြည်ထောင်စု ကားလမ်းမကြီး ၊မော်တောင်းကျေးရွာ ၊ နမ့်ပေါ်တံတား နဲ့ မူဆယ်မြို့ပေါ်နေရာတွေမှာ အဲ့ဒီ ခိုးဝင်တရုတ်နိုင်ငံသားတွေကို မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ခိုးဝင်တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ မူဆယ်မြို့မှာနေထိုင်ပြီး တရုတ်-မြန်မာအရေးကို လေ့လာနေတဲ့ တက္ကသိုလ် ကထိကဟောင်း ဦးငြိမ်းကျော်ပြောပြတာက “ ရွေးကောက်ပွဲ အကြိုကာလမှာ မဲစာရင်းပြုစုရတဲ့အခါ နိုင်ငံသား မှတ်ပုံတင်ရေးကိစ္စရပ်တွေကို အရင်ဦးဆုံးလုပ်ရတယ် ၊ တချိန်ကတော့ အဲ့လိုအလုပ်မျိုးကို အမျိုးသား မှတ်ပုံတင်ရေး လုပ်ငန်းလို့ခေါ်တယ် ၊ ပြည်ပကနေ ပြည်တွင်းကို အထောက်အထားမဲ့ ဝင်ရောက်လာတယ်ဆိုတာ အထူးသဖြင့်တော့ အခုလို ရွေးကောက်ပွဲ အကြိုကာလနဲ့ တိုက်ဆိုင်နေတဲ့အခါ ရောယောင်ပြီး နိုင်ငံသားမှတ်ပုံတင်ရဖို့ ပထမအဆင့် လုပ်လာတာဖြစ်နိုင်တယ် ”လို့ ပြောပါတယ်။

ဇူလိုင် ၃၀ ရက်ကနေ သြဂုတ်လ ၁၀ ရက်နေ့အထိ ဆယ်ရက်တာ ကာလအတွင်းမှာ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား (၆၉)ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ဖမ်းဆီးမိတဲ့ ခိုးဝင်တရုတ်တွေကို မူဆယ်မြို့မရဲစခန်း က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ လဝကအက် ဥပဒေပုဒ်မ ၁၃(၁) / ၁၃(၅) တို့အရ အမှုဖွင့် အရေးယူထားတာလည်းဖြစ်ပါတယ်။

Photo – မူဆယ်မြို့မရဲစခန်း
#voiceofmyanmar #VOM #မူဆယ်

Zawgyi

နယ္စပ္ကေန ခိုး၀င္လာလို႔ ဖမ္းဆီးထားတဲ့ တ႐ုတ္ႏိုင္ငံသားဦးေရ ဆယ္ရက္အတြင္း(၆၉)ဦးရွိ

မူဆယ္ ၊ ၾသဂုတ္ ၁၂ – ၂၀၂၀
ကိုတိုးႀကီး (VOM)

ျမန္မာ – တ႐ုတ္နယ္စပ္ ခိုး၀င္ေပါက္ေတြကေန ျမန္မာႏိုင္ငံထဲကို တရားမ၀င္ ခိုး၀င္လာတဲ့ တ႐ုတ္ႏိုင္ငံသား အေရအတြက္ဟာ ၁၀ ရက္တာ ကာလအတြင္းမွာပဲ (၆၉) ေယာက္ရွိသြားၿပီျဖစ္​တယ္လို႔ မူဆယ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

“ ၿပီးခဲ့တဲ့ ဇူလိုင္လကုန္ပိုင္း သီတင္းပတ္က စတင္လို႔ နယ္စပ္ ခိုး၀င္ေပါက္ေတြကေန ေန႔စဥ္လိုလို ခိုး၀င္လာတဲ့ တဖက္ႏိုင္ငံသားေတြမ်ားလာတယ္ ၊ တ႐ုတ္ႏိုင္ငံသား ဟုတ္ / မဟုတ္ ၊ ကူးဆက္ျမန္ ကပ္ေရာဂါ ကိုဗစ္ပိုး ရွိ / မရွိ အရင္ဆုံး စစ္ေဆးတယ္ ၊ အေျခခံ စစ္ေဆးမႈေတြလုပ္ၿပီးမွ ဥပေဒအရ အေရးယူတာျဖစ္ပါတယ္ ”လို႔ မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕႐ုံးမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

မူဆယ္ၿမိဳ႕နယ္ ၊ မိုင္းယု(၁၀၅) မိုင္ေက်း႐ြာ ျပည္ေထာင္စု ကားလမ္းမႀကီး ၊ေမာ္ေတာင္းေက်း႐ြာ ၊ နမ့္ေပၚတံတား နဲ႔ မူဆယ္ၿမိဳ႕ေပၚေနရာေတြမွာ အဲ့ဒီ ခိုး၀င္တ႐ုတ္ႏိုင္ငံသားေတြကို မူဆယ္ၿမိဳ႕မရဲစခန္းက ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ခိုး၀င္တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ပတ္သက္လို႔ မူဆယ္ၿမိဳ႕မွာေနထိုင္ၿပီး တ႐ုတ္-ျမန္မာအေရးကို ေလ့လာေနတဲ့ တကၠသိုလ္ ကထိကေဟာင္း ဦးၿငိမ္းေက်ာ္ေျပာျပတာက “ ေ႐ြးေကာက္ပြဲ အႀကိဳကာလမွာ မဲစာရင္းျပဳစုရတဲ့အခါ ႏိုင္ငံသား မွတ္ပုံတင္ေရးကိစၥရပ္ေတြကို အရင္ဦးဆုံးလုပ္ရတယ္ ၊ တခ်ိန္ကေတာ့ အဲ့လိုအလုပ္မ်ိဳးကို အမ်ိဳးသား မွတ္ပုံတင္ေရး လုပ္ငန္းလို႔ေခၚတယ္ ၊ ျပည္ပကေန ျပည္တြင္းကို အေထာက္အထားမဲ့ ၀င္ေရာက္လာတယ္ဆိုတာ အထူးသျဖင့္ေတာ့ အခုလို ေ႐ြးေကာက္ပြဲ အႀကိဳကာလနဲ႔ တိုက္ဆိုင္ေနတဲ့အခါ ေရာေယာင္ၿပီး ႏိုင္ငံသားမွတ္ပုံတင္ရဖို႔ ပထမအဆင့္ လုပ္လာတာျဖစ္ႏိုင္တယ္ ”လို႔ ေျပာပါတယ္။

ဇူလိုင္ ၃၀ ရက္ကေန ၾသဂုတ္လ ၁၀ ရက္ေန႔အထိ ဆယ္ရက္တာ ကာလအတြင္းမွာ ခိုး၀င္လာတဲ့ တ႐ုတ္ႏိုင္ငံသား (၆၉)ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ၿပီး အဲ့ဒီ ဖမ္းဆီးမိတဲ့ ခိုး၀င္တ႐ုတ္ေတြကို မူဆယ္ၿမိဳ႕မရဲစခန္း က ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၆၇ နဲ႔ လ၀ကအက္ ဥပေဒပုဒ္မ ၁၃(၁) / ၁၃(၅) တို႔အရ အမႈဖြင့္ အေရးယူထားတာလည္းျဖစ္ပါတယ္။

Photo – မူဆယ္ၿမိဳ႕မရဲစခန္း
#voiceofmyanmar #VOM #မူဆယ္

Related posts

Leave a Comment

VOM News

FREE
VIEW