မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုကျရာမှ လုပ်သားတစ်ဦးသေဆုံး

မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုကျရာမှ လုပ်သားတစ်ဦးသေဆုံး

မုံရွာ၊ သြဂုတ် ၁၂-၂၀၂၀
ရန်နိုင်စိုး(VOM)

မိုးကုတ်မြို့က ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုဖြစ်တဲ့ ဓါတ်တော်ပြန့်လုပ်ကွက်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တွင်းပြိုကျရာကနေ လုပ်သားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ပြိုကျတဲ့တွင်းထဲမှာ လုပ်သား ၃ ဦးပိတ်မိနေခဲ့ရာ၂ ဦးကိုသာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး ကျန်တဲ့ ၁ ဦးက သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ပြိုကျတဲ့ အချိန်ကနေ ညပိုင်းအထိ အတွင်းထဲ လိုက်ရှာရတာ၊ နှစ်ယောက်ကတော့ အသက်ရှင်လျှက် ကယ်နိုင်ခဲ့တယ်။ တစ်ယောက်ကတော့ ကျောက်နဲ့နွံပိပြီး သေဆုံးနေတာ တွေ့ရတယ်။ အလောင်းကို တွင်းပေါ်ရောက်အောင် အတော်လေးခဲခဲယင်းယင်းသယ်ယူရတယ်။ လုပ်ကွက်မှာ လုပ်သားစုစုပေါင်း ဘယ်နှယောက်လုပ်လဲ ဆိုတာတော့ ကျနော်လဲမသိဘူး ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) သတင်းနဲ့ပြန့်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်က ပြောပါတယ်။

သေဆုံးသွားသူကတော့ အသက် (၃၀) အရွယ်ရှိတဲ့ လီဆူးလူမျိုး ဘီနား (ခ) အားလို ဖြစ်တယ်လို့သိရပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ၂၀၂၀ ခုနှစ်အတွင်း ‌ကျောက်မျက်တွင်း မတော်တဆပြိုကျမှု ၅ ကြိမ်ရှိခဲ့ပြီး ‌လူသေဆုံးမှုတချို့လဲ ရှိခဲ့ပါတယ်။

Photo – ကိုဟိန်းထက်မောင် ( မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) )
#voiceofmyanmar #VOM #မိုးကုတ် #ကျောက်တွင်းပြို #လူသေဆုံး

Zawgyi

မိုးကုတ္ၿမိဳ႕ ေက်ာက္မ်က္လုပ္ကြက္ေဟာင္း တြင္းၿပိဳက်ရာမွ လုပ္သားတစ္ဦးေသဆုံး

မံုရြာ၊ ၾသဂုတ္ ၁၂-၂၀၂၀
ရန္ႏိုင္စိုး(VOM)

မိုးကုတ္ၿမိဳ႕က ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ကြက္ေဟာင္းတစ္ခုျဖစ္တဲ့ ဓါတ္ေတာ္ျပန႔္လုပ္ကြက္မွာ ဩဂုတ္လ ၁၁ ရက္ေန႔ ညေနပိုင္းက တြင္းၿပိဳက်ရာကေန လုပ္သားတစ္ဦးေသဆုံးသြားခဲ့ပါတယ္။

ၿပိဳက်တဲ့တြင္းထဲမွာ လုပ္သား ၃ ဦးပိတ္မိေနခဲ့ရာ၂ ဦးကိုသာ အသက္ရွင္လွ်က္ ကယ္တင္ႏိုင္ခဲ့ၿပီး က်န္တဲ့ ၁ ဦးက ေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” ၿပိဳက်တဲ့ အခ်ိန္ကေန ညပိုင္းအထိ အတြင္းထဲ လိုက္ရွာရတာ၊ ႏွစ္ေယာက္ကေတာ့ အသက္ရွင္လွ်က္ ကယ္ႏိုင္ခဲ့တယ္။ တစ္ေယာက္ကေတာ့ ေက်ာက္နဲ႔ႏြံပိၿပီး ေသဆုံးေနတာ ေတြ႕ရတယ္။ အေလာင္းကို တြင္းေပၚေရာက္ေအာင္ အေတာ္ေလးခဲခဲယင္းယင္းသယ္ယူရတယ္။ လုပ္ကြက္မွာ လုပ္သားစုစုေပါင္း ဘယ္ႏွေယာက္လုပ္လဲ ဆိုတာေတာ့ က်ေနာ္လဲမသိဘူး ” လို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မိုးကုတ္) သတင္းနဲ႔ျပန႔္ၾကားေရးတာဝန္ခံ ကိုဟိန္းထက္ေမာင္က ေျပာပါတယ္။

ေသဆုံးသြားသူကေတာ့ အသက္ (၃၀) အ႐ြယ္ရွိတဲ့ လီဆူးလူမ်ိဳး ဘီနား (ခ) အားလို ျဖစ္တယ္လို႔သိရၿပီး ေသဆံုးသူရဲ႕႐ုပ္အေလာင္းကို မိုးကုတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံက ရင္ခြဲ႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

မိုးကုတ္ၿမိဳ႕မွာ ၂၀၂၀ ခုႏွစ္အတြင္း ‌ေက်ာက္မ်က္တြင္း မေတာ္တဆၿပိဳက်မႈ ၅ ႀကိမ္ရွိခဲ့ၿပီး ‌လူေသဆုံးမႈတခ်ိဳ႕လဲ ရွိခဲ့ပါတယ္။

Photo – ကိုဟိန္းထက္ေမာင္ ( ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မိုးကုတ္) )
#voiceofmyanmar #VOM #မိုးကုတ္ #ေက်ာက္တြင္းၿပိဳ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW