အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မယ်

အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မယ်

ဆိုးလ်၊ သြဂုတ်-၁၂-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယားစစ်ဘက် သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

သြဂုတ် ၂၈ ရက်အထိပြုလုပ်သွားမယ့် အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း လေ့ကျင့်ရေးရည်မှန်းချက်တွေပြည့်မီစေဖို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားတာမျိုးမရှိပေမယ့် ကွန်ပြူတာစနစ်နဲ့ အမိန့်ပေးစေခိုင်းတဲ့ လေ့ကျင့်မှုတွေကို အဓိကထားလုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ရန်ခက်ခဲတာကြောင့် စစ်ရေးလေ့ကျင့်မှုအရွယ်အစားကို လျှော့ချသွားမယ်လို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီနဲ့ နွေရာသီတို့မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိပေမယ့် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေတာကြောင့် အခုနှစ်ဆောင်းရာသီစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

အေမရိကန္ – ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ႔က်င္႔မယ္

ဆိုးလ္၊ ၾသဂုတ္-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ပူးတြဲစစ္ေရးေလ႔က်င္႔မႈကို ၾသဂုတ္ ၁၆ ရက္မွာျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္ သတင္းရင္းျမစ္တစ္ဦးကေျပာပါတယ္။

ၾသဂုတ္ ၂၈ ရက္အထိျပဳလုပ္သြားမယ္႔ အဲဒီ ပူးတြဲစစ္ေရးေလ႔က်င္႔မႈအတြင္း ေလ႔က်င္႔ေရးရည္မွန္းခ်က္ေတြျပည္႔မီေစဖို႔ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔က ျပင္ဆင္ေဆာင္ရြက္ေနတယ္လိ္ု႔ အဲဒီသတင္းရင္းျမစ္ကေျပာပါတယ္။

ပူးတြဲစစ္ေရးေလ႔က်င္႔ခန္းနဲ႔ပတ္သက္ျပီး အေသးစိတ္ထုတ္ေဖာ္ေျပာၾကားတာမ်ိဳးမရိွေပမယ္႔ ကြန္ျပဴတာစနစ္နဲ႔ အမိန္႔ေပးေစခိုင္းတဲ႔ ေလ႔က်င္႔မႈေတြကို အဓိကထားလုပ္ေဆာင္သြားဖြယ္ရိွတယ္လို႔ ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕နွံ႕မႈေတြေၾကာင္႔ အေမရိကန္နဲ႔ ဂ်ပန္နိုင္ငံတို႔ရိွ အေမရိကန္တပ္ဖြဲ႔၀င္ေတြ ပူးေပါင္းပါ၀င္ရန္ခက္ခဲတာေၾကာင္႔ စစ္ေရးေလ႔က်င္႔မႈအရြယ္အစားကို ေလွ်ာ႔ခ်သြားမယ္လို႔ ေတာင္ကိုရီးယားအေျခစိုက္ ယြန္ဟတ္သတင္းဌာနက ေဖာ္ျပထားပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ နွစ္စဥ္နွစ္တိုင္း ေဆာင္းရာသီနဲ႔ ေႏြရာသီတို႔မွာ ပူးတြဲစစ္ေရးေလ႔က်င္႔ခန္းေတြကို ပံုမွန္ျပဳလုပ္ေလ႔ရိွေပမယ့္ နွစ္နိုင္ငံတပ္ဖြဲ႔၀င္ေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြရိွေနတာေၾကာင္႔ အခုနွစ္ေဆာင္းရာသီစစ္ေရးေလ႔က်င္႔မႈကို ဖ်က္သိမ္းခဲ႔ရတာျဖစ္ပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW