မြန်မာ အိန္ဒိယနယ်စပ်ကနေ ခိုးဝင်လာတဲ့ ကသည်းလူမျိုး ၅ ဦးကို မုံရွာ-ချင်းတွင်းတံတားမှာ ဖမ်းမိ

မြန်မာ အိန္ဒိယနယ်စပ်ကနေ ခိုးဝင်လာတဲ့ ကသည်းလူမျိုး ၅ ဦးကို မုံရွာ-ချင်းတွင်းတံတားမှာ ဖမ်းမိ

မုံရွာ သြဂုတ် ၁၃. ၂၀၂၀
ကိုတိုးကြီး (VOM)

မြန်မာ-အိန္ဒိယနယ်စပ် ခိုးဝင်ပေါက်ကနေ ခိုးဝင်လာတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုး အမျိုးသား လေးယောက်ကို မုံရွာ ချင်းတွင်းတံတား တက်ဂိတ်မှာ တာဝန်ကျနေတဲ့ မုံရွာမူးယစ်တပ်ဖွဲ့စုက ဖမ်းဆီးလိုက်ကြောင်း မုံရွာမြို့မရဲစခန်းကနေ သိရပါတယ်။

‘” လဝကဦးစီးမှုး ဦးဆန်းမင်အောင်က တရားလိုပြုလုပ် တိုင်တန်းထားပါတယ် ခိုးဝင် ကသည်းလေးယောက်နဲ့ ကားသမားတစ်ယောက်ကိုတော့ မုံရွာပြည်သူ့ဆေးရုံးကြီးက ဂါတ်ဝပ်မှာ ကွာရန်တီး ၂၁ ရက်ဝင်နေပါတယ် “လို့ မုံရွာမြို့မရဲစခန်းမှုး ဒု-ရဲမှူး ဝင်းနိုင်ကပြောပါတယ်။

အထောက်အထားမဲ့ ခိုးဝင်လာတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးလေးယောက်ဟာ ကလေးမြို့က ဦးကျော်ထွန်နိုင် မောင်းလာတဲ့ ကားပေါ်ကနေ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ အိန္ဒိယ နိုင်ငံသား ကသည်းလူမျိုး လေးဦးကတော့ MrKoireng ကွာကတဲရပ် အင်ဖာမြို့ Mr Abi ကက်ချင်းမြို့ Mr Banner ဝင်ဇာမိုင်းရပ် အင်ဖာမြို့ Mr Angan မာလုံရပ် အင်ဖာမြို့ နေထိုင်သူတွေဖြစ်ပြီး သူတို့ကို လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁) နဲ့ ယာဉ်မောင်းဖြစ်သူကို လဝက အက်ဥပဒေ ၁၃ (၅) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နယ်စက်ခိုးဝင် #ကသည်းလူမျိုးဖမ်းမိ

Zawgyi

ျမန္မာ အိႏၵိယနယ္စပ္ကေန ခိုးဝင္လာတဲ့ ကသည္းလူမ်ိဳး ၅ ဦးကို မုံ႐ြာ-ခ်င္းတြင္းတံတားမွာ ဖမ္းမိ

မုံ႐ြာ ၾသဂုတ္ ၁၃. ၂၀၂၀
ကိုတိုးႀကီး (VOM)

ျမန္မာ-အိႏၵိယနယ္စပ္ ခိုးဝင္ေပါက္ကေန ခိုးဝင္လာတဲ့ အိႏၵိယႏိုင္ငံသား ကသည္းလူမ်ိဳး အမ်ိဳးသား ေလးေယာက္ကို မုံ႐ြာ ခ်င္းတြင္းတံတား တက္ဂိတ္မွာ တာဝန္က်ေနတဲ့ မုံ႐ြာမူးယစ္တပ္ဖြဲ႕စုက ဖမ္းဆီးလိုက္ေၾကာင္း မုံ႐ြာၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

‘” လဝကဦးစီးမႈး ဦးဆန္းမင္ေအာင္က တရားလိုျပဳလုပ္ တိုင္တန္းထားပါတယ္ ခိုးဝင္ ကသည္းေလးေယာက္နဲ႔ ကားသမားတစ္ေယာက္ကိုေတာ့ မုံ႐ြာျပည္သူ႔ေဆး႐ုံးႀကီးက ဂါတ္ဝပ္မွာ ကြာရန္တီး ၂၁ ရက္ဝင္ေနပါတယ္ “လို႔ မုံ႐ြာၿမိဳ႕မရဲစခန္းမႈး ဒု-ရဲမွဴး ဝင္းႏိုင္ကေျပာပါတယ္။

အေထာက္အထားမဲ့ ခိုးဝင္လာတဲ့ အိႏၵိယႏိုင္ငံသား ကသည္းလူမ်ိဳးေလးေယာက္ဟာ ကေလးၿမိဳ႕က ဦးေက်ာ္ထြန္ႏိုင္ ေမာင္းလာတဲ့ ကားေပၚကေန ဖမ္းဆီးရမိတာျဖစ္ပါတယ္။

ဖမ္းဆီးရမိတဲ့ အိႏၵိယ ႏိုင္ငံသား ကသည္းလူမ်ိဳး ေလးဦးကေတာ့ MrKoireng ကြာကတဲရပ္ အင္ဖာၿမိဳ႕ Mr Abi ကက္ခ်င္းၿမိဳ႕ Mr Banner ဝင္ဇာမိုင္းရပ္ အင္ဖာၿမိဳ႕ Mr Angan မာလုံရပ္ အင္ဖာၿမိဳ႕ ေနထိုင္သူေတြျဖစ္ၿပီး သူတို႔ကို လဝက အက္ဥပေဒ ပုဒ္မ ၁၃(၁) နဲ႔ ယာဥ္ေမာင္းျဖစ္သူကို လဝက အက္ဥပေဒ ၁၃ (၅) အရ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #နယ္စက္ခိုးဝင္ #ကသည္းလူမ်ိဳးဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW