မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ အကျဉ်းချုံးကျင်းပ

မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ အကျဉ်းချုံးကျင်းပ

စစ်ကိုင်း၊ သြဂုတ် ၂၀-၂၀၂၀
မောင်တာရာ(VOM)

ဝါဝင်ပြီးနောက်ပိုင်း အညာဒေသမှာ အစောဆုံးကျင်းပတဲ့ မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲကို အခုနှစ်မှာတော့ Covid -19 ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် မကျင်းပပေမယ့်လည်း ရိုးရာနတ်ဆက်သူတွေ လာရောက်ဆက်သနေတဲ့အတွက် ပွဲတော်ကို အကျဉ်းချုံးကျင်းပနေပတာဖြစ်ပါတယ်။

မင်းကွန်း ရွှေကျွန်းပင်မောင်နှမနတ်နန်းမှာ စစ်ကိုင်းမြို့ကနေ မင်းကွန်းယဉ်ကျေးမှုနယ်မြေကို သွားရာလမ်းဘေး၊ မင်းကွန်းတောင်ရွာအဝင် မိုးမိတ်ကုန်းမြေအနီးမှာ တည်ရှိပြီး နတ်ပွဲတွေထဲမှာ အစောဆုံးနတ်ပွဲဖြစ်တဲ့အတွက် “နတ်ပွဲအစ ရွှေကျွန်းပင်မောင်နှမ”လို့ ဆိုင်ရာဆိုင်ရာတွေက အသိအမှတ်ပြုထားပြီး နတ်ပွဲကို နှစ်စဉ် ဝါခေါင်းလဆန်း (၂)ရက်နေ့ကစပြီး (၅)ရက်ကြာ စည်းကားစွာကျင်းပလေ့ရှိတာဖြစ်ပါတယ်။

အဲဒီပွဲတော်ကို မင်းကွန်းဒေသအထက်ပိုင်း ဧရာဝတီမြစ်ရေဝင်တဲ့ ကျွန်းပိုင်း ကျေးရွာတွေက ယုံကြည်မှုအရ နှစ်စဉ်လာရောက်ပြီး ကန့်တော့ပွဲပေးခြင်း၊နတ်တက်၊ နတ်ဆက်၊နတ်ကန္နားပေးသူတွေ များပြားတဲ့အပြင် အနယ်နယ်အရပ်ရပ်ကနေ ကိုးကွယ်ယုံကြည်သူတွေလာရောက်ကြတာဖြစ်ပါတယ်။

မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်သမိုင်းမှာ ဧရာဝတီမြစ်အထက်ပိုင်း ရွှေလီမြစ်အင်းရွာ အနီးမြစ်အတွင်း မိုးမိတ်စော်ဘွားကြီး အနွယ်တော်ဝင်မောင်နှမနှစ်ဦးဖြစ်တဲ့ ရွှေကျွန်းပင်မောင်နှမဟာ ရေဆင်းချိုးနေတဲ့အချိန်မှာ ကျွန်းသစ်ပင်ကြီးပြိုလဲကာ သူတို့အပေါ်ပိ၍ သေဆုံးရာကနေ နတ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကျွန်းပင်ကြီးဟာ မြစ်အတွင်း မျောပါလာရာ နတ်မောင်နှမပါ အတူပါလာခဲ့ပြီး မင်းကွန်း မိုးမိတ်ကုန်းမြေစေတီတော်အနီး ဧရာဝတီမြစ်ကမ်းမှာ ရပ်တန့်တင်ခဲ့တဲ့အတွက် နတ်ကွန်း ဆောက်လုပ်ထားရာကနေ ကိုးကွယ်ယုံကြည်သူတွေများလာတဲ့အတွက် နတ်နန်း ဖြစ် လာခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေကျွန်းပင် မောင်နှမ နတ်ပွဲတော်မှာ တောသုံး၊ တောင်သူသုံး၊ အိမ်သုံး၊ လူသုံးပစ္စည်းအရောင်းဆိုင်တွေ၊မြန်မာရိုးရာ စားသောက်ဖွယ်၊ သရေစာမုန့်အရောင်းဆိုင်တွေ ၊ မြေထည် စဉ့်ထည်ပစ္စည်းအရောင်းဆိုင်တွေ လာရောက် ခင်းကျင်းရောင်းချကျရာ ဈေးရောင်း ဈေးဝယ်လာသူတွေနဲ့ စည်ကားတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

မင္းကြန္း ေရႊက်ြန္းပင္ေမာင္ႏွမ နတ္ပြဲ အက်ဥ္းခ်ဳံးက်င္းပ

စစ္ကုိင္း၊ ႀသဂုတ္ ၂၀-၂၀၂၀
ေမာင္တာရာ(VOM)

ဝါဝင္ၿပီးေနာက္ပုိင္း အညာေဒသမွာ အေစာဆုံးက်င္းပတဲ့ မင္းကြန္း ေရႊက်ြန္းပင္ေမာင္ႏွမ နတ္ပြဲကုိ အခုႏွစ္မွာေတာ့ Covid -19 ကပ္ေရာဂါၿဖစ္ပြားေနတဲ့အတြက္ မက်င္းပေပမယ့္လည္း ရုိးရာနတ္ဆက္သူေတြ လာေရာက္ဆက္သေနတဲ့အတြက္ ပြဲေတာ္ကုိ အက်ဥ္းခ်ုံးက်င္းပေနပတာျဖစ္ပါတယ္။

မင္းကြန္း ေရႊက်ြန္းပင္ေမာင္ႏွမနတ္နန္းမွာ စစ္ကုိင္းၿမဳိ႕ကေန မင္းကြန္းယဥ္ေက်းမႈနယ္ေျမကို သြားရာလမ္းေဘး၊ မင္းကြန္းေတာင္ရြာအဝင္ မိုးမိတ္ကုန္းေျမအနီးမွာ တည္ရွိၿပီး နတ္ပြဲေတြထဲမွာ အေစာဆုံးနတ္ပြဲၿဖစ္တဲ့အတြက္ “နတ္ပြဲအစ ေရႊက်ြန္းပင္ေမာင္ႏွမ”လို႔ ဆိုင္ရာဆိုင္ရာေတြက အသိအမွတ္ျပဳထားၿပီး နတ္ပြဲကုိ ႏွစ္စဥ္ ဝါေခါင္းလဆန္း (၂)ရက္ေန႕ကစၿပီး (၅)ရက္ႀကာ စည္းကားစြာက်င္းပေလ့ရွိတာျဖစ္ပါတယ္။

အဲဒီပြဲေတာ္ကုိ မင္းကြန္းေဒသအထက္ပုိင္း ဧရာဝတီျမစ္ေရဝင္တဲ့ က်ြန္းပိုင္း ေက်းရြာေတြက ယုံႀကည္မႈအရ ႏွစ္စဥ္လာေရာက္ၿပီး ကန္႕ေတာ့ပြဲေပးျခင္း၊နတ္တက္၊ နတ္ဆက္၊နတ္ကႏၷားေပးသူေတြ မ်ားၿပားတဲ့အျပင္ အနယ္နယ္အရပ္ရပ္ကေန ကုိးကြယ္​ယုံၾကည္​သူေတြလာ​ေရာက္ၾကတာျဖစ္ပါတယ္။

မင္းကြန္း ေရႊက်ြန္းပင္ေမာင္ႏွမ နတ္သမုိင္းမွာ ဧရာဝတီျမစ္အထက္ပိုင္း ေရႊလီျမစ္အင္းရြာ အနီးျမစ္အတြင္း မိုးမိတ္ေစာ္ဘြားႀကီး အႏြယ္ေတာ္ဝင္ေမာင္နွမနွစ္ဦးျဖစ္တဲ့ ေရြႊကြ်န္းပင္ေမာင္ႏွမဟာ ေရဆင္းခ်ဳိးေနတဲ့အခ်ိန္မွာ က်ြန္းသစ္ပင္ႀကီးၿပိဳလဲကာ သူတုိ႔အေပၚပိ၍ ေသဆုံးရာကေန နတ္ျဖစ္ခဲ့တာ ၿဖစ္ပါတယ္။

အဲဒီက်ြန္းပင္ႀကီးဟာ ၿမစ္အတြင္း ေမ်ာပါလာရာ နတ္ေမာင္ႏွမပါ အတူပါလာခဲ့ျပီး မင္းကြန္း မိုးမိတ္ကုန္းေျမေစတီေတာ္အနီး ဧရာဝတီျမစ္ကမ္းမွာ ရပ္တန့္တင္ခဲ႔တဲ့အတြက္ နတ္ကြန္း ေဆာက္လုပ္ထားရာကေန ကုိးကြယ္​ယုံၾကည္​သူေတြမ်ားလာတဲ့အတြက္ နတ္နန္း ၿဖစ္ လာခဲ့တာလည္း ျဖစ္ပါတယ္။

ေရႊကြ်န္းပင္ ေမာင္ႏွမ နတ္ပြဲေတာ္မွာ ေတာသုံး၊ ေတာင္သူသုံး၊ အိမ္သုံး၊ လူသုံးပစၥည္းအေရာင္းဆိုင္ေတြ၊ျမန္မာရုိးရာ စားေသာက္ဖြယ္၊ သေရစာမုန့္အေရာင္းဆိုင္ေတြ ၊ ေျမထည္ စဥ့္ထည္ပစၥည္းအေရာင္းဆိုင္ေတြ လာေရာက္ ခင္းက်င္းေရာင္းခ်က်ရာ ေစ်းေရာင္း ေစ်းဝယ္လာသူေတြနဲ့ စည္ကားတဲ့ပြဲတစ္ပြဲ ၿဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW