စစ်တွေကလူတွေ ရန်ကုန်ကိုလာရင် Quarantine ဝင်ရမယ်

စစ်တွေကလူတွေ ရန်ကုန်ကိုလာရင် Quarantine ဝင်ရမယ် ရန်ကုန်၊ သြဂုတ် ၂၀-၂၀၂၀ ယဉ်ပပထွန်း(VOM) စစ်တွေမြို့ကနေ ရန်ကုန်ကိုလာရောက်တဲ့သူတွေအနေနဲ့ ရန်ကုန်မြို့မှာ Quarantine ၂၁ ရက်ဝင်ရမယ်လို့ ပိုဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းညွှန်ကြားမူဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်က VOM ကိုပြောပါတယ်။ ” မြန်မာအမျိုးသားလေကြောင်းလိုင်းက လက်ရှိတော့မရပ်သေးပါဘူး။ ဒါပေမဲ့စစ်တွေကလာတဲ့ ခရီးသည်တွေကိုတော့ ရန်ကုန်မှာ Quarantine ၂၁ ရက်ထား ထားမှာပါ ။ လေယာဉ်ခရီးစဉ်ကတော့ ဆက်လက်ပြေးဆွဲနေပါသေးတယ် ။လေယာဉ်ကိုတော့ လောလောဆယ် ညွှန်ကြားချက်မရှိသေးဘူး၊ အပေါ်ကညွှန်ကြားချက်ရမှ လုပ်ရတာဆိုတော့ ယာဉ်မရပ်သေးတာပါ” လို့ဦးစိုးပိုင်ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “စစ်တွေကနေ ရန်ကုန်သို့လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab (၂)ခါယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။”လို့ တရားဝင်ရေးသားထားတာဖြစ်ပါတယ်။ စစ်တွေမြို့မှာ…

Read More

COVID – 19 ရောဂါက ဒုတိယလှိုင်းအနေနဲ့ဖြစ်နိုင်ခြေရှိ

COVID – 19 ရောဂါက ဒုတိယလှိုင်းအနေနဲ့ ဖြစ်နိုင်ခြေရှိ ရန်ကုန်၊ သြဂုတ် ၂၁-၂၀၂၀ ယဉ်ပပထွန်း(VOM) COVID-19 ရောဂါက ဒုတိယလှိုင်းအနေနဲ့ ဖြစ်နိုင်ခြေရှိပါတယ်လို့  ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနမှာ မနေ့ သြဂုတ် ၂၀ရက်က ပြုလုပ်ခဲ့တဲ့ COVID-19လူနာတွေကို သွေးရည်ကြည်နဲ့ ကုသပေးနေမှုအခြေအနေ သတင်းစာရှင်သလင်းပွဲမှာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခုလို ဒုတိယလှိုင်းဖြစ်နိုင်ခြေရှိနေတဲ့အတွက် ပြည်သူတွေဘက်က လိုက်နာမှသာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းက အောင်မြင်မှာဖြစ်တယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ် ။ #voicefmyanmar #VOM #ရန်ကုန် COVID – 19 ရောဂါက ဒုတိယလှိုင်းအနေနဲ့ဖြစ်နိုင်ခြေရှိ ရန်ကုန်၊ သြဂုတ် ၂၁-၂၀၂၀ ယဉ်ပပထွန်း(VOM) COVID-19 ရောဂါက ဒုတိယလှိုင်းအနေနဲ့ဖြစ်နိုင်ခြေရှိပါတယ်လို့ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနမှာ မနေ့ သြဂုတ် ၂၀ရက်က ပြုလုပ်ခဲ့တဲ့ COVID-19လူနာတွေကို…

Read More

ထိုင်းဘုရင်စနစ်ကိုဝေဖန်တဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်

ထိုင်းဘုရင်စနစ်ကိုဝေဖန်တဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ် ဘန်ကောက်၊ သြဂုတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) ထိုင်းရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အနွန်နမ်ပါဟာ သြဇာကြီးမားတဲ့ ထိုင်းဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ သူ့အပြင် အခြားသောတက်ကြွလှုပ်ရှားသူ ငါးဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ဟာ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ အခြားသောဥပဒေတွေရဲ့အောက်မှာ ဝေဖန်မှုတွေကနေ အကာအကွယ်ပြုထားပါတယ်။ ဒါပေမယ့် မကြာသေးမီ သီတင်းပတ်တွေအတွင်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အသက်ငယ်ရွယ်စဉ်ကတည်းက ထိုင်းဘုရင်စနစ်ကို ရိုသေလေးမြတ်ဖို့ သင်ကြားခံရတာတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေ စတင်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၆ နှစ်အရွယ် အနွန်ဟာ ဘုရင်စနစ်အပေါ် ဝေဖန်မှုတွေ တားမြစ်ထားတာကို ယခုလအစောပိုင်းမှာ ဗျောင်ကျကျဝေဖန်ခဲ့တဲ့ ပထမဆုံးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်စော်ကားသူဟာ နိုင်ငံရဲ့ တင်းကြပ်တဲ့ဥပဒေတွေအရ ထောင်ဒဏ် ၁၅ နှစ်ကျခံရနိုင်ပါတယ်။ တင်းကြပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ဆန္ဒမရှိဘူးလို့…

Read More

မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းတွေ့ရှိ

မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းတွေ့ရှိ စစ်ကိုင်း၊ သြဂုတ် ၂၀-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှာ မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။ မင်းကွန်းဒေသရှိ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေတည်ရှိရာ ဝန်းအတွင်း အနောက်ထောင့်နေရာမှာ မနေ့သြဂုတ်လ ၁၉ ရက်နေ့က ဈေးဆိုင်ခန်းတွေဆောက်ဖို့ မြေလိုင်းကျင်းတူးရာကနေ မြေမြုပ်ပျောက်ကွယ်နေတဲ့ မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးတွေရဲ့အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မင်းကွန်းဒေသ ပန်းချီဆရာ ကိုစုကပြောပါတယ်။ ”ခြင်္သေ့ရုပ်ထုကြီး ဝန်းအတွင်းထဲ ဈေးဆိုင်ခန်း ဆောက်ဖို့ရာအတွက် တူးတာ၊ ဈေးဆိုင်ခန်းလေးတွေ တညီတည်းစနစ်တကျဖြစ်အောင် ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။ အဲ့ဒီလိုတူးရင်း တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့လုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ်နှစ်ချောင်းကို တွေ့ရှိတာပါ “လို့ ကိုစုကပြောပါတယ်။ (၁၁၅၂) ခုနှစ်မှာ ဘိုးတော်ဘုရားက မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး၊ခြင်္သေ့ကြီးနှစ်ကောင်နဲ့ ကြက်ထောင့်ကန်ကြီးကို တည်ထားခဲ့ပြီး မင်းကွန်းခြင်္သေ့ရုပ်ထုနှစ်ကောင်မှာ ရှေးခေတ်အုပ်ချပ်ရေ ၈သိန်း အကုန်အကျခံတည်ထားခဲ့ပြီး အမြင့်ပေ…

Read More

第四届21世纪彬龙会议上,政府和民族领导人的重要发言、

第四届21世纪彬龙会议上,政府和民族领导人的重要发言、 内比都|2020年8月19日 Translate By – Lei Lei Win 以下是政府和民族领导人今天上午在内比都举行的第四届21世纪彬龙会议上发表的一些重要讲话。 国务资政昂山素季发言指出我们渴望的和平不仅仅是和平,而要根除和摒弃,只有依靠武器、势力才得到成功的不良政治思维。 全国和解与和平中心的主席昂山素季说,“他所在的地区没有安宁,这不是我的错。” 以自我解放的精神来影响下一代是不负责任的,我们必须根除。为了得到和平,我们各民族应该齐心协力才能阻止这些想要破坏和平的人和那些想拖延和平的人才能走向和平的道路。 缅甸国防军总司令敏昂莱在21世纪彬龙会议上发言说:“少数民族武装组织反对国家,反对新政府,所以军队是在保卫国家和每一个政府。” 我要说的是1950年代的意识形态和保持当前和平进程向前发展的愿望是不诚实的。 用那个时代的人的话来说,不要试图用挂羊头卖狗肉。” 掸邦重建委员会(RCSS)主席Yew Sit上将说:“彼此之间存在着不信任和猜疑,过于谨慎。由于没有能力作出适当的让步,《联盟条约》的条款没有得到预期的那么多。这些经验“我们需要从中吸取教训,以更好地在未来发展。众所周知,我国在没有得到政治解决的武装冲突和内战之后是落后于世界其他国家。” 掸民族民主联盟(SNLD)第一副主席赛纽特伦温(Sai Nyunt Lwin)发言表示:“ 不仅要有民族主义,也要有爱国主义,这样才能够民族和解。”我们也应该在联邦内部建立团结。“我们相信,通过这种局势,可以建立国内和平。” “一个集团统治整个国家也是不合理的”。我想说的是,它不应该更像一个所有民族共同生活的国家。不管你是什么民族,在这种情况下,都应该有允许的资格。 今天在内比都举办第四届21世纪彬龙和平大会议拉开帷幕。全国和解与和平中心的主席昂山素季;缅甸国防军总司令敏昂莱;掸邦重建委员会主席昭耀世上将;掸民族民主联盟第一副主席赛纽特伦温等在大会上发表讲话。

Read More

မြန်မာနိုင်ငံက COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့

မြန်မာနိုင်ငံက COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့ ရန်ကုန်၊ သြဂုတ် ၂၀-၂၀၂၀ ယဉ်ပပထွန်း (VOM) မြန်မာနိုင်ငံမှာ COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့ပြီး၊ လူနာ (၄)ဦးမှာ ဆေးရုံကနေ ဆင်းနိုင်ခဲ့ဖြစ်တယ်လို့ COVID- 19 သွေရည်ကြည်ကုထုံးအဖွဲ့ ဥက္ကဌ ပါမောက္ခRai Mraက ပြောပါတယ် ။ အဲ့ဒီလူနာတွေဟာ ရောဂါပြင်းထန်ခဲ့တဲ့ လူနာတွေဖြစ်ပြီး ကျန်တဲ့လူနာ ၄ဦးဟာ ဆေးရုံမှာ ကျန်နေသေးတယ်လို့လည်း ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနမှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ COVID-19လူနာများအားသွေးရည်ကြည်နဲ့ ကုသပေးနေမှုအခြေအနေ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ် ။ “ကျွန်တော်တို့ သွေးရည်ကြည်နဲ့ကုသပေးနိုင်ခဲ့တဲ့ လူနာက ၈ယောက်ကို ၄ယောက်ကတော့ဆေးရုံကဆင်းသွားပါပြီ။ ကျန်တဲ့လေးယောက်ကတော့ သူတို့ရဲ့မူရင်းရောဂါလေးတွေရှိနေသေးတဲ့အတွက် ဆက်လက်ကုသပေးနေပါတယ်။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ anti bodyကိုတိုင်းနိုင်တဲ့စက်ကြီးနဲ့ အခုတိုင်းလို့ရနေပါပြီ။ အရင်တုန်းကတော့မရှိဘူးပေါ့။ ရှေ့ကိုဘယ်လိုလုပ်ဖို့စီစဉ်ထားလဲဆိုရင် COVID-19…

Read More

သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ်

သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ်

သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ် မန္တလေး သြဂုတ် ၂၀ -၂၀၂၀ ဖြူဖြူ (VOM) အသက်ဆယ်နှစ်အရွယ် အမျိုးသမီးငယ်ကို သားမယားအဖြစ် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူကို ဒီကနေ့မှာ မန္တလေးခရိုင်တရားရုံးကနေ အကျဉ်းထောင်အတွင်း သေဆုံးတဲ့အထိကျခံရမယ့် လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာလက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးက သမီးဖြစ်သူကို နောက်အိမ်ထောင်ဖြစ်တဲ့ ဦးဝင်းမြင့်က သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း အမှတ် ၁ နယ်မြေရဲစခန်းကို တိုင်တန်းခဲ့ပါတယ်။ အဲဒီနောက် ရဲစခန်းက (ပ) ၄၆၇/၂၀၁၉ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးပြီး မန္တလေးခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့ရာမှာ တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် (၂၀/ ၂၀၂၀)နဲ့ လက်ခံစစ်ဆေးခဲ့တာပါ။ နှစ်ဘက်သက်သေတွေ စစ်ဆေးကြားနာပြီးနောက် ဒီနေ့ သြဂုတ် ၂၀ ရက်မှာတော့ အသက် ၆၀ အရွယ်…

Read More

တီးတိန်မြို့နယ်ထဲက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကို ဇိုမီးတော်လှန်ရေး တပ်မတော်က ရန်ပုံငွေကောက်ယူ

တီးတိန်မြို့နယ်ထဲက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကို ဇိုမီးတော်လှန်ရေး တပ်မတော်က ရန်ပုံငွေကောက်ယူ တီးတိန် သြဂုတ် ၂၀ – ၂၀၂၀ ကိုတိုးကြီး (VOM) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲက ကျေးရွာပေါင်း ၃၅ ရွာထဲက ကျေးရွာ ၁၀ ရွာဆီကနေ အိန္ဒိယနိုင်ငံအခြေစိုက် ဇိုမီးပြန်လည်သွေးစည်းညီညွှတ်ရေးအဖွဲ့ချုပ် ( Zomi Re – Unification Organizatoin / ZRO ) ခေါ် ဇိုမီး တော်လှန်ရေးတပ်မတော် ( Zomi Revolutionary Army )က သြဂုတ်လ ၁၈ ရက်နေ့မှာ အဲ့ဒီကျေးရွာတွေဆီကို လာရောက်ပြီး ရန်ပုံငွေကောက်ခံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်၊ တီးတိန် အမှတ်(၁) မဲဆန္ဒနယ် CNLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျန်လျန်းထန်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ကျေးလက်ဦးစီးကို ကျနော်ဖုန်းဆက်ပြီးမေးလိုက်တဲ့အခါ ကောလဟလ…

Read More

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ်

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ်

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ် နေပြည်တော်-ဩဂုတ်-၂၀-၂၀၂၀ အေးချမ်းသူ (VOM) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ၂၀၂၀ အလွန် အစိုးရသစ်လက်ထက်တွင် ဆက်လက်ဆွေးနွေးသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် အချုပ်အခြာအာဏာအတိုင်းအတာတစ်ခုနဲ့သက်ဆိုင်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံ၏သမိုင်းကြောင်းနဲ့ သက်ဆိုင်ကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုသည် ပင်လုံ နှင့် ဆက်စပ်ကြောင်း ပဒိုစောကွယ်ထူးဝင်းကပြောပြတာကတော့ “အစိုးရက ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ ပုံစံကိုလိုချင်တယ်။ ဆိုလိုတဲ့သဘောက ဗဟိုကနေခွဲဝေပေးတဲ့ အာဏာအပေါ်မူတည်ပြီး ကျနော်တို့ဘက်ကျပြန်တော့လည်း ကိုယ့်အာဏာကိုဘယ်လိုခွဲဝေပေးမ မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါကြောင့်ဒီနှစ်ခုကို ဆက်ပြီးဆွေးနွေးသွားမှာပါ” လို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုလာသည့် ဖက်ဒရယ်မူထဲမှ အရေးကြီးဆုံး အခြေခံမူဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ကြောင်းနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ…

Read More

သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်မိလို့ ဆေးရုံမှာသတိလစ်နေ

သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်မိလို့ ဆေးရုံမှာသတိလစ်နေ မော်စကို၊ သြဂုတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာနီဟာ သံသယဖြစ်ဖွယ်အဆိပ်မိသွားတာကြောင့် ဆေးရုံမှာ သတိလစ်မေ့မြောနေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ နာဗာနီဟာ ခရီးစဉ်တစ်ခုအတွင်း ဖျားနာလာတာကြောင့် စီးနှင်းလာတဲ့လေယာဉ်ကို အွမ်းခ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကီယာရာမတ်ရှ်ကပြောပါတယ်။ မစ္စတာနာဗာနီ သောက်သုံးတဲ့ လက်ဖက်ရည်အတွင်း တစ်စုံတစ်ခုထည့်လိုက်တာကြောင့် အဆိပ်သင့်မှုဖြစ်တယ်လို့ သံသယရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာနာဗာနီဟာ သမ္မတပူတင်ကို ဝေဖန်မှုပြုသူတစ်ဦးလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲပေးမှုဟာ အာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်းနဲ့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့ သူကဇွန်လအတွင်းမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်မှုတွေဟာ သမ္မတပူတင်ကို နောက်ထပ်သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။ မစ္စတာနာဗာနီဟာ နံနက်ပိုင်းမှာ မော်စကိုကနေ အွမ်းခ်ကိုပြန်လာခဲ့ပြီး လေယာဉ်ခရီးစဉ်အတွင်း ဖျားနာခဲ့ကြောင်း၊ လက်ရှိမှာတော့ သူ့ကို အရေးပေါ်စောင့်ရှောက်ကုသမှုများပြုနေတယ်လို့…

Read More
VOM News

FREE
VIEW