သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ်

သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ်

သက်ငယ်မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးကို ထောင်တစ်သက်ချမှတ်

မန္တလေး သြဂုတ် ၂၀ -၂၀၂၀
ဖြူဖြူ (VOM)

အသက်ဆယ်နှစ်အရွယ် အမျိုးသမီးငယ်ကို သားမယားအဖြစ် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူကို ဒီကနေ့မှာ မန္တလေးခရိုင်တရားရုံးကနေ အကျဉ်းထောင်အတွင်း သေဆုံးတဲ့အထိကျခံရမယ့် လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်ပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာလက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးက သမီးဖြစ်သူကို နောက်အိမ်ထောင်ဖြစ်တဲ့ ဦးဝင်းမြင့်က သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း အမှတ် ၁ နယ်မြေရဲစခန်းကို တိုင်တန်းခဲ့ပါတယ်။

အဲဒီနောက် ရဲစခန်းက (ပ) ၄၆၇/၂၀၁၉ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးပြီး မန္တလေးခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့ရာမှာ တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် (၂၀/ ၂၀၂၀)နဲ့ လက်ခံစစ်ဆေးခဲ့တာပါ။

နှစ်ဘက်သက်သေတွေ စစ်ဆေးကြားနာပြီးနောက် ဒီနေ့ သြဂုတ် ၂၀ ရက်မှာတော့ အသက် ၆၀ အရွယ် တရားခံဝင်းမြင့်အနေနဲ့ ကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့အတွက် အခုလို ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်ခဲ့တာလို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။

#voiceofmyanamr #VOM #သက်ငယ်မုဒိမ်း

Zawgyi

သက္ငယ္မိန္းကေလးကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့တဲ့ ပေထြးကို ေထာင္တစ္သက္ခ်မွတ္

မႏၲေလး ၾသဂုတ္ ၂၀ -၂၀၂၀
ျဖဴျဖဴ (VOM)

အသက္ဆယ္ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို သားမယားအျဖစ္ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့တဲ့ ပေထြးျဖစ္သူကို ဒီကေန႔မွာ မႏၲေလးခ႐ိုင္တရား႐ုံးကေန အက်ဥ္းေထာင္အတြင္း ေသဆုံးတဲ့အထိက်ခံရမယ့္ လြတ္ရက္မရွိ ေထာင္ဒဏ္တစ္သက္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္ဒီဇင္ဘာလက မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္း ေနထိုင္သူ အမ်ိဳးသမီးက သမီးျဖစ္သူကို ေနာက္အိမ္ေထာင္ျဖစ္တဲ့ ဦးဝင္းျမင့္က သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း အမွတ္ ၁ နယ္ေျမရဲစခန္းကို တိုင္တန္းခဲ့ပါတယ္။

အဲဒီေနာက္ ရဲစခန္းက (ပ) ၄၆၇/၂၀၁၉ နဲ႔ အမႈဖြင့္စုံစမ္းစစ္ေဆးၿပီး မႏၲေလးခ႐ိုင္တရား႐ုံးကို တရားစြဲတင္ပို႔ခဲ့ရာမွာ တရား႐ုံးက ရာဇဝတ္ႀကီးအမႈအမွတ္ (၂၀/ ၂၀၂၀)နဲ႔ လက္ခံစစ္ေဆးခဲ့တာပါ။

ႏွစ္ဘက္သက္ေသေတြ စစ္ေဆးၾကားနာၿပီးေနာက္ ဒီေန႔ ၾသဂုတ္ ၂၀ ရက္မွာေတာ့ အသက္ ၆၀ အ႐ြယ္ တရားခံဝင္းျမင့္အေနနဲ႔ က်ဴးလြန္ေၾကာင္း ေပၚေပါက္တဲ့အတြက္ အခုလို ေထာင္ဒဏ္တစ္သက္ အမိန႔္ခ်မွတ္ခဲ့တာလို႔ မႏၲေလးခ႐ိုင္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိက ေျပာပါတယ္။

#voiceofmyanamr #VOM #သက္ငယ္မုဒိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW