တီးတိန်မြို့နယ်ထဲက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကို ဇိုမီးတော်လှန်ရေး တပ်မတော်က ရန်ပုံငွေကောက်ယူ

တီးတိန်မြို့နယ်ထဲက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကို ဇိုမီးတော်လှန်ရေး တပ်မတော်က ရန်ပုံငွေကောက်ယူ

တီးတိန် သြဂုတ် ၂၀ – ၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲက ကျေးရွာပေါင်း ၃၅ ရွာထဲက ကျေးရွာ ၁၀ ရွာဆီကနေ အိန္ဒိယနိုင်ငံအခြေစိုက် ဇိုမီးပြန်လည်သွေးစည်းညီညွှတ်ရေးအဖွဲ့ချုပ် ( Zomi Re – Unification Organizatoin / ZRO ) ခေါ် ဇိုမီး တော်လှန်ရေးတပ်မတော် ( Zomi Revolutionary Army )က သြဂုတ်လ ၁၈ ရက်နေ့မှာ အဲ့ဒီကျေးရွာတွေဆီကို လာရောက်ပြီး ရန်ပုံငွေကောက်ခံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်၊ တီးတိန် အမှတ်(၁) မဲဆန္ဒနယ် CNLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျန်လျန်းထန်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ကျေးလက်ဦးစီးကို ကျနော်ဖုန်းဆက်ပြီးမေးလိုက်တဲ့အခါ ကောလဟလ နီးနီးတော့ဖြစ်မယ် ၊ အဲ့လောက်ကြီးတော့ သွားရောက်ပြီး စုံစမ်းတာတော့မရှိဘူး ၊ ပေးထားသမျှရွာက လူတွေ တချို့က သိန်းတစ်ရာမှာ ဆယ်သိန်း စသဖြင့်ပေါ့ ဖြစ်မယ် သူလဲ ဂဃနဏ ဦးစီးမှူးက မပြောတတ်ဘူး ” လို့ပြောပါတယ်။

ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Covid – 19 Economic Relief Plan ( CERP ) လုပ်ငန်းစဉ်တွေအရ ချင်းပြည်နယ်အတွင်းက ကျေးရွာပေါင်း (၁၁၀)ကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ Cash for Work စီမံကိန်းလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး တီးတိန်မြို့နယ်ထဲက ကျေးရွာပေါင်း (၃၅)ရွာကို ကူညီထောက်ပံ့ငွေများ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

“ အဲ့ဒီငွေ ခွဲတမ်းချမယ့်နေ့က သူတို့ ကျွန်တော်ကိုဖိတ်တယ် ၊ ကျွန်တော်လည်း မြို့မိမြို့ဖ အတွင်းရေးမှူး တစ်က်အေယောနနဲ့ သွားဖြစ်ခဲ့ပါတယ် ၊ ကျေးလက်ရုံးကနေ သူတို့စီမံထားတာပေါ့၊ ကျွန်တော်တို့ အခြေခံလုပ်ထားတာက ရွေးထားတဲ့ရွာတွေက ဘယ်ဟာကို အလေးထားရွေးသလဲဆိုတော့ ဘာရန်ပုံငွေမှ ဘာအကူအညီမှ ဘာအထောက်အပံ့မှ လုံး၀ မရသေးတဲ့ရွာတွေကို တစ်အုပ်စု သိန်းတစ်ရာနှုန်းနဲ့ ချထားပေးတယ် ” လို့ တီးတိန်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျန်လျန်းထန် က ပြောပါတယ်။

တီးတိန်မြို့နယ် CERP စီမံကိန်းဝင်တဲ့ ကျေးရွာ ၃၅ ရွာက ကူညီထောက်ပံ့ကြေးငွေ ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ထောက်ပံ့ကြေးရရှိငွေထဲက ၂ ရာခိုင်နှုန်းကို ဇိုမီး တော်လှန်ရေး တပ်မတော် ( Zomi Revolutionary Army )က ရန်ပုံငွေအဖြစ် လာရောက်ကောက်ခံနေတယ်လို့ သိရပါတယ်။

စီမံကိန်းဝင် ရွာပေါင်း ၃၅ ရွာရှိတဲ့အနက်က တွီးဆန်ဇန် ၊ ငါလ်ဘွာလ် ၊ တုန်းဇန်၊ လိုင်တွီး ၊ ကပ်တဲလ် ၊ လဲဇန် ၊လိုင်လိုး၊ တွီးလန် ၊ ဖိုင်လင်း စတဲ့ ရွာ (၁၀)ရွာကတော့ ဇိုမီး တော်လှန်ရေးတပ်မတော် ( Zomi Revolutionary Army )က ရန်ပုံငွေကောက်ခံခြင်းအပေါ် ပေးဆောင်ခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

အခုလိုကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ဖို့အတွက် တီးတိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

Photo – ဇိုမီး တော်လှန်ရေးတပ်မတော်
#voiceofmyanmar #VOM #တီးတိန်

Zawgyi

တီးတိန္ၿမိဳ႕နယ္ထဲက ေက်း႐ြာဖြံ႕ၿဖိဳးေရးရန္ပုံေငြကို ဇိုမီးေတာ္လွန္ေရး တပ္မေတာ္က ရန္ပုံေငြေကာက္ယူ

တီးတိန္ ၾသဂုတ္ ၂၀ – ၂၀၂၀
ကိုတိုးႀကီး (VOM)

ခ်င္းျပည္နယ္ေျမာက္ပိုင္း၊ တီးတိန္ၿမိဳ႕နယ္ထဲက ေက်း႐ြာေပါင္း ၃၅ ႐ြာထဲက ေက်း႐ြာ ၁၀ ႐ြာဆီကေန အိႏၵိယႏိုင္ငံအေျခစိုက္ ဇိုမီးျပန္လည္ေသြးစည္းညီၫႊတ္ေရးအဖြဲ႕ခ်ဳပ္ ( Zomi Re – Unification Organizatoin / ZRO ) ေခၚ ဇိုမီး ေတာ္လွန္ေရးတပ္မေတာ္ ( Zomi Revolutionary Army )က ၾသဂုတ္လ ၁၈ ရက္ေန႔မွာ အဲ့ဒီေက်း႐ြာေတြဆီကို လာေရာက္ၿပီး ရန္ပုံေငြေကာက္ခံခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္၊ တီးတိန္ အမွတ္(၁) မဲဆႏၵနယ္ CNLD ပါတီက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးက်န္လ်န္းထန္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ ေက်းလက္ဦးစီးကို က်ေနာ္ဖုန္းဆက္ၿပီးေမးလိုက္တဲ့အခါ ေကာလဟလ နီးနီးေတာ့ျဖစ္မယ္ ၊ အဲ့ေလာက္ႀကီးေတာ့ သြားေရာက္ၿပီး စုံစမ္းတာေတာ့မရွိဘူး ၊ ေပးထားသမွ်႐ြာက လူေတြ တခ်ိဳ႕က သိန္းတစ္ရာမွာ ဆယ္သိန္း စသျဖင့္ေပါ့ ျဖစ္မယ္ သူလဲ ဂဃနဏ ဦးစီးမႉးက မေျပာတတ္ဘူး ” လို ႔ေျပာပါတယ္။

ခ်င္းျပည္နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက Covid – 19 Economic Relief Plan ( CERP ) လုပ္ငန္းစဥ္ေတြအရ ခ်င္းျပည္နယ္အတြင္းက ေက်း႐ြာေပါင္း (၁၁၀)ကို ကမာၻ႔ဘဏ္ေခ်းေငြနဲ႔ Cash for Work စီမံကိန္းလုပ္ငန္းေတြကို လုပ္ကိုင္ခဲ့ၿပီး တီးတိန္ၿမိဳ႕နယ္ထဲက ေက်း႐ြာေပါင္း (၃၅)႐ြာကို ကူညီေထာက္ပံ့ေငြမ်ား ထုတ္ေပးခဲ့တာျဖစ္ပါတယ္။

“ အဲ့ဒီေငြ ခြဲတမ္းခ်မယ့္ေန႔က သူတို႔ ကြၽန္ေတာ္ကိုဖိတ္တယ္ ၊ ကြၽန္ေတာ္လည္း ၿမိဳ႕မိၿမိဳ႕ဖ အတြင္းေရးမႉး တစ္က္အေေယာနနဲ႔ သြားျဖစ္ခဲ့ပါတယ္ ၊ ေက်းလက္႐ုံးကေန သူတို႔စီမံထားတာေပါ့၊ ကြၽန္ေတာ္တို႔ အေျခခံလုပ္ထားတာက ေ႐ြးထားတဲ့႐ြာေတြက ဘယ္ဟာကို အေလးထားေ႐ြးသလဲဆိုေတာ့ ဘာရန္ပုံေငြမွ ဘာအကူအညီမွ ဘာအေထာက္အပံ့မွ လုံး၀ မရေသးတဲ့႐ြာေတြကို တစ္အုပ္စု သိန္းတစ္ရာႏႈန္းနဲ႔ ခ်ထားေပးတယ္ ” လို႔ တီးတိန္မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးက်န္လ်န္းထန္ က ေျပာပါတယ္။

တီးတိန္ၿမိဳ႕နယ္ CERP စီမံကိန္း၀င္တဲ့ ေက်း႐ြာ ၃၅ ႐ြာက ကူညီေထာက္ပံ့ေၾကးေငြ ရရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ ေထာက္ပံ့ေၾကးရရွိေငြထဲက ၂ ရာခိုင္ႏႈန္းကို ဇိုမီး ေတာ္လွန္ေရး တပ္မေတာ္ ( Zomi Revolutionary Army )က ရန္ပုံေငြအျဖစ္ လာေရာက္ေကာက္ခံေနတယ္လို႔ သိရပါတယ္။

စီမံကိန္း၀င္ ႐ြာေပါင္း ၃၅ ႐ြာရွိတဲ့အနက္က တြီးဆန္ဇန္ ၊ ငါလ္ဘြာလ္ ၊ တုန္းဇန္၊ လိုင္တြီး ၊ ကပ္တဲလ္ ၊ လဲဇန္ ၊လိုင္လိုး၊ တြီးလန္ ၊ ဖိုင္လင္း စတဲ့ ႐ြာ (၁၀)႐ြာကေတာ့ ဇိုမီး ေတာ္လွန္ေရးတပ္မေတာ္ ( Zomi Revolutionary Army )က ရန္ပုံေငြေကာက္ခံျခင္းအေပၚ ေပးေဆာင္ခဲ့တယ္လို႔ ကနဦး သတင္းေတြအရ သိရပါတယ္။

အခုလိုကိစၥနဲ႔ပတ္သက္ၿပီး အတည္ျပဳေမးျမန္းႏိုင္ဖို႔အတြက္ တီးတိန္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ေက်းလက္ဦးစီးဌာနကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

Photo – ဇိုမီး ေတာ္လွန္ေရးတပ္မေတာ္
#voiceofmyanmar #VOM #တီးတိန္

Related posts

Leave a Comment

VOM News

FREE
VIEW