ထိုင်းဘုရင်စနစ်ကိုဝေဖန်တဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်

ထိုင်းဘုရင်စနစ်ကိုဝေဖန်တဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်

ဘန်ကောက်၊ သြဂုတ်-၂၀-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အနွန်နမ်ပါဟာ သြဇာကြီးမားတဲ့ ထိုင်းဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

သူ့အပြင် အခြားသောတက်ကြွလှုပ်ရှားသူ ငါးဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ဟာ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ အခြားသောဥပဒေတွေရဲ့အောက်မှာ ဝေဖန်မှုတွေကနေ အကာအကွယ်ပြုထားပါတယ်။

ဒါပေမယ့် မကြာသေးမီ သီတင်းပတ်တွေအတွင်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အသက်ငယ်ရွယ်စဉ်ကတည်းက ထိုင်းဘုရင်စနစ်ကို ရိုသေလေးမြတ်ဖို့ သင်ကြားခံရတာတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေ စတင်ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၆ နှစ်အရွယ် အနွန်ဟာ ဘုရင်စနစ်အပေါ် ဝေဖန်မှုတွေ တားမြစ်ထားတာကို ယခုလအစောပိုင်းမှာ ဗျောင်ကျကျဝေဖန်ခဲ့တဲ့ ပထမဆုံးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။

ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်စော်ကားသူဟာ နိုင်ငံရဲ့ တင်းကြပ်တဲ့ဥပဒေတွေအရ ထောင်ဒဏ် ၁၅ နှစ်ကျခံရနိုင်ပါတယ်။ တင်းကြပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ဆန္ဒမရှိဘူးလို့ ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်းက ထုတ်ဖော်ပြောဆိုပြီးနောက် မကြာသေးမီနှစ်တွေအတွင်း အဲဒီဥပဒေတွေကို အသုံးပြုမှု နည်းပါးခဲ့ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ထို္င္းဘုရင္စနစ္ကိုေ၀ဖန္တဲ႔ တက္ၾကြလႈပ္ရွားသူေတြကို အာဏာပိုင္ေတြက ဖမ္း၀ရမ္းထုတ္

ဘန္ေကာက္၊ ၾသဂုတ္-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းေရွ႕ေနနဲ႔ တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္သူ အႏြန္နမ္ပါဟာ ၾသဇာၾကီးမားတဲ႔ ထိုင္းဘုရင္စနစ္ကိုျပဳျပင္ေျပာင္းလဲေရး ေတာင္းဆိုတဲ႔ ဆႏၵျပပြဲတစ္ခုမွာ ဖမ္းဆီးခံလိုက္ရပါတယ္။

သူ႔အျပင္ အျခားေသာတက္ၾကြလႈပ္ရွားသူ ငါးဦးကိုလည္း အာဏာပိုင္ေတြက ဖမ္း၀ရမ္းထုတ္ခဲ႔ပါတယ္။

ထိုင္းနိုင္ငံရဲ႕ ဘုရင္စနစ္ဟာ တင္းၾကပ္တဲ႔ စည္းမ်ဥ္းေတြနဲ႔ အျခားေသာဥပေဒေတြရဲ႕ေအာက္မွာ ေ၀ဖန္မႈေတြကေန အကာအကြယ္ျပဳထားပါတယ္။

ဒါေပမယ္႔ မၾကာေသးမီ သီတင္းပတ္ေတြအတြင္းက အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြမွာ အသက္ငယ္ရြယ္စဥ္ကတည္းက ထိုင္းဘုရင္စနစ္ကို ရိုေသေလးျမတ္ဖို႔ သင္ၾကားခံရတာေတြကို ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုမႈေတြ စတင္ခဲ႔ပါတယ္။

ဖမ္းဆီးခံခဲ႔ရတဲ့ အသက္ ၃၆ နွစ္အရြယ္ အႏြန္ဟာ ဘုရင္စနစ္အေပၚ ေ၀ဖန္မႈေတြ တားျမစ္ထားတာကို ယခုလအေစာပိုင္းမွာ ေဗ်ာင္က်က်ေ၀ဖန္ခဲ႔တဲ႔ ပထမဆံုးတက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္ပါတယ္။

ထိုင္းဘုရင္စနစ္ကို ပုတ္ခတ္ေစာ္ကားသူဟာ နိုင္ငံရဲ႕ တင္းၾကပ္တဲ႔ဥပေဒေတြအရ ေထာင္ဒဏ္ ၁၅ နွစ္က်ခံရနိုင္ပါတယ္။ တင္းၾကပ္မႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳဖို႔ ဆႏၵမရိွဘူးလို႔ ထိုင္းဘုရင္မဟာ၀ိဇယေလာင္ကြန္းက ထုတ္ေဖာ္ေျပာဆိုျပီးေနာက္ မၾကာေသးမီနွစ္ေတြအတြင္း အဲဒီဥပေဒေတြကို အသံုးျပဳမႈ နည္းပါးခဲ႔ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW