“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ်

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ်

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲရေးကို နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးမယ်

နေပြည်တော်-ဩဂုတ်-၂၀-၂၀၂၀
အေးချမ်းသူ (VOM)

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ၂၀၂၀ အလွန် အစိုးရသစ်လက်ထက်တွင် ဆက်လက်ဆွေးနွေးသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်သည် အချုပ်အခြာအာဏာအတိုင်းအတာတစ်ခုနဲ့သက်ဆိုင်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံ၏သမိုင်းကြောင်းနဲ့ သက်ဆိုင်ကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုသည် ပင်လုံ နှင့် ဆက်စပ်ကြောင်း ပဒိုစောကွယ်ထူးဝင်းကပြောပြတာကတော့

“အစိုးရက ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ ပုံစံကိုလိုချင်တယ်။ ဆိုလိုတဲ့သဘောက ဗဟိုကနေခွဲဝေပေးတဲ့ အာဏာအပေါ်မူတည်ပြီး ကျနော်တို့ဘက်ကျပြန်တော့လည်း ကိုယ့်အာဏာကိုဘယ်လိုခွဲဝေပေးမ မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါကြောင့်ဒီနှစ်ခုကို ဆက်ပြီးဆွေးနွေးသွားမှာပါ” လို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုလာသည့် ဖက်ဒရယ်မူထဲမှ အရေးကြီးဆုံး အခြေခံမူဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ကြောင်းနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ငြိမ်းချမ်းရေး၏ အဓိကသော့ချက်ဖြစ်ကြောင်းကို ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ဒုတိယဥက္ကဌ(၂)ဖြစ်တဲ့ဒေါက်တာ လျန်မှုန်းဆာခေါင်းက နေပြည်တော်တွင် သြဂုတ်လ(၁၇)ရက်က ကျင်းပခဲ့တဲ့ (UPDJ C)အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

ပြည်နယ်အခြေခံ ဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဟူသည့် ဝေါဟာရ သုံးစွဲမှုပေါ်တွင် ညှိနှိုင်း၍ မရသောကြောင့် ယခုတစ်ကြိမ် ပြည်ထောင်စု သဘောတူ စာချုပ်တွင် ပါဝင်ခြင်း မရှိခြင်းနှင့် ပတ်သက်၍လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားပါတယ်။

“ပြည်နယ်အခြေခံဥပဒေ” နဲ့ “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” စကားရပ်၊ အခေါ်အဝေါ် ညှိယူလို့မရတဲ့ အတွက်လို့ ဆိုနိုင်ပေမယ့်လည်း ဝေါ်ဟာရတွေအပေါ်မှာ အနက်အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ဆိုနိုင်ပါတယ်။ ဒါဟာတကယ်တော့ နှစ်ဘက်လုံးမှာရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီစိုးရိမ်မှုတွေကို ထပ်ပြီ်း စိစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့၊ အပြန်အလှန်ယုံကြည်မှုအားနည်းလို့ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံနှင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ဆက်လက် ပါဝင် ဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်ပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးဦးလှစောက
“နှစ် ၇၀ တိုင်းရင်းသားတွေက တန်းတူညီတူနဲ့ ကိုယ်ပိုင်အခွင့်အရေးပြသာနာကို ဆက်လက် တိုက်ပွဲဝင်နေကြတယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် ဒီမီုကရေစီအစိုးရပဲ ဖြစ်ဖြစ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရင်တော့ ရလဒ်ကောင်းတွေ ထွက်လာမှာပါ” လို့ပြောပါတယ်။

အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” ရေးဆွဲရေးနဲ့ ပတ်သက်ပြီး စကားရပ် ဝေါ်ဟာရ အပေါ် သဘောထား ကွဲလွဲနေတာတွေကို ကျေလည်အောင် မညှိနှိုင်းနိုင်သေးတာဟာ ယုံကြည်မှု တည်ဆောက်ဖို့ အများကြီး လိုအပ်နေသေးတာကြောင့် ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သုံးသပ်ပြောဆိုပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုချိန်တွင် အခြေခံမူ ၅ချက်ထဲမှ အရေးကြီးသည့်အချက်ဖြစ်သည့် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် ၊တနည်အားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ကို သြဂုတ်လ (၁၂) ရက်က ဆွေးနွေးခဲ့ပေမယ့် သဘောတူစာချုပ်တွင် မပါဝင်တော့ဘဲ ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ အချက်အနေနဲ့သာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေး ဟူသော လုပ်ငန်းစဥ်ကြီး (၅)ချက် ပါဝင်သည်။

#voiceofmyanmar   #VOM #ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ

Zawgyi

“ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒ” ေရးဆြဲေရးကို ေနာက္အစိုးရလက္ထက္မွာ ဆက္ေဆြးေႏြးမယ္

ေနျပည္ေတာ္-ဩဂုတ္-၂၀-၂၀၂၀
ေအးခ်မ္းသူ (VOM)

ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲေရးနဲ႔ ပတ္သက္ၿပီး ၂၀၂၀ အလြန္ အစိုးရသစ္လက္ထက္တြင္ ဆက္လက္ေဆြးေႏြးသြားမယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)ဒုဥကၠဌ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။

ကိုယ္ပိုင္ျပဌာန္းခြင့္သည္ အခ်ဳပ္အျခာအာဏာအတိုင္းအတာတစ္ခုနဲ႔သက္ဆိုင္ေၾကာင္း၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒသည္ ႏိုင္ငံ၏သမိုင္းေၾကာင္းနဲ႔ သက္ဆိုင္ေၾကာင္း၊ ႏိုင္ငံ၏ ျဖစ္တည္မႈသည္ ပင္လုံ ႏွင့္ ဆက္စပ္ေၾကာင္း ပဒိုေစာကြယ္ထူးဝင္းကေျပာျပတာကေတာ့

“အစိုးရက ဗဟိုခ်ဳပ္ကိုင္မႈအားေကာင္းတဲ့ ပုံစံကိုလိုခ်င္တယ္။ ဆိုလိုတဲ့သေဘာက ဗဟိုကေနခြဲေဝေပးတဲ့ အာဏာအေပၚမူတည္ၿပီး က်ေနာ္တို႔ဘက္က်ျပန္ေတာ့လည္း ကိုယ့္အာဏာကိုဘယ္လိုခြဲေဝေပးမ မလဲဆိုတဲ့အေပၚမွာ မူတည္တယ္။ ဒါေၾကာင့္ဒီႏွစ္ခုကို ဆက္ၿပီးေဆြးေႏြးသြားမွာပါ” လို႔ KNU ဒုဥကၠဌ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။

ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ တိုင္းရင္းသားလူမ်ိဳးမ်ား ႏွစ္ေပါင္း (၇၀) ေက်ာ္ ေတာင္းဆိုလာသည့္ ဖက္ဒရယ္မူထဲမွ အေရးႀကီးဆုံး အေျခခံမူျဖစ္ၿပီး လက္နက္ကိုင္ ေတာ္လွန္ရျခင္းရဲ႕ အဓိက အေၾကာင္းအရင္း ျဖစ္ေၾကာင္းနဲ႔ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ၿငိမ္းခ်မ္းေရး၏ အဓိကေသာ့ခ်က္ျဖစ္ေၾကာင္းကို ခ်င္းအမ်ိဳးသားတပ္ဦး(CNF)ရဲ႕ဒုတိယဥကၠဌ(၂)ျဖစ္တဲ့ေဒါက္တာ လ်န္မႈန္းဆာေခါင္းက ေနျပည္ေတာ္တြင္ ၾသဂုတ္လ(၁၇)ရက္က က်င္းပခဲ့တဲ့ (UPDJ C)အစည္းအေဝးမွာ တိုက္တြန္းေျပာဆိုခဲ့ပါေသးတယ္။

ျပည္နယ္အေျခခံ ဥပေဒနဲ႔ ျပည္နယ္ ဖြဲ႕စည္းပုံ အေျခခံဟူသည့္ ေဝါဟာရ သုံးစြဲမႈေပၚတြင္ ညႇိႏႈိင္း၍ မရေသာေၾကာင့္ ယခုတစ္ႀကိမ္ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္တြင္ ပါဝင္ျခင္း မရွိျခင္းႏွင့္ ပတ္သက္၍လည္း အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ဥကၠဌ ။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ကလည္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ အဖြင့္မိန႔္ခြန္းတြင္ ထည့္သြင္း ေျပာၾကားထားပါတယ္။

“ျပည္နယ္အေျခခံဥပေဒ” နဲ႔ “ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ” စကားရပ္၊ အေခၚအေဝၚ ညႇိယူလို႔မရတဲ့ အတြက္လို႔ ဆိုႏိုင္ေပမယ့္လည္း ေဝၚဟာရေတြအေပၚမွာ အနက္အဓိပၸာယ္ေကာက္ယူဖြင့္ဆိုမႈေတြရဲ႕ အက်ိဳးဆက္လို႔ဆိုႏိုင္ပါတယ္။ ဒါဟာတကယ္ေတာ့ ႏွစ္ဘက္လုံးမွာရွိေနတဲ့ စိုးရိမ္မႈေတြပါပဲ။ ဒီစိုးရိမ္မႈေတြကို ထပ္ၿပီ္း စိစစ္သုံးသပ္ၾကည့္လိုက္ရင္ သံသယေတြနဲ႔ ၾကည့္ျမင္ေနၾကလို႔၊ အျပန္အလွန္ယုံၾကည္မႈအားနည္းလို႔ဆိုတာကို အတိုင္းသားျမင္ႏိုင္ပါတယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

KNU ဟာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (NCA) ကို ၂၀၁၅ ခုႏွစ္က လက္မွတ္ေရးထိုးခဲ့ၿပီး ျပည္ေထာင္စု ၿငိမ္းခ်မ္း‌ေရးညီလာခံႏွင့္ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားတြင္ ဆက္လက္ ပါဝင္ ေဆာင္႐ြက္ေနသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ အစည္း ျဖစ္ပါတယ္။

ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ပတ္သက္ၿပီး ရခိုင္အမ်ိဳးသားပါတီမွ မူဝါဒေရးရာ ဦးေဆာင္ ေကာ္မတီဝင္ ဦးဦးလွေစာက
“ႏွစ္ ၇၀ တိုင္းရင္းသားေတြက တန္းတူညီတူနဲ႔ ကိုယ္ပိုင္အခြင့္အေရးျပသာနာကို ဆက္လက္ တိုက္ပြဲဝင္ေနၾကတယ္ အဖြဲ႕အစည္းပဲျဖစ္ျဖစ္ လက္နက္ကိုင္ပဲျဖစ္ျဖစ္ ဒီမီုကေရစီအစိုးရပဲ ျဖစ္ျဖစ္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးရင္ေတာ့ ရလဒ္ေကာင္းေတြ ထြက္လာမွာပါ” လို႔ေျပာပါတယ္။

အစိုးရ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား “ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ” ေရးဆြဲေရးနဲ႔ ပတ္သက္ၿပီး စကားရပ္ ေဝၚဟာရ အေပၚ သေဘာထား ကြဲလြဲေနတာေတြကို ေက်လည္ေအာင္ မညႇိႏႈိင္းႏိုင္ေသးတာဟာ ယုံၾကည္မႈ တည္ေဆာက္ဖို႔ အမ်ားႀကီး လိုအပ္ေနေသးတာေၾကာင့္ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက သုံးသပ္ေျပာဆိုပါတယ္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တြင္ အေျခခံမူ ၅ခ်က္ထဲမွ အေရးႀကီးသည့္အခ်က္ျဖစ္သည့္ ျပည္နယ္ေတြရဲ႕ ကိုယ္ပိုင္အေျခခံဥပေဒေရးဆြဲခြင့္ ၊တနည္အားျဖင့္ ကိုယ္ပိုင္ျပဌာန္းခြင့္အာမခံခ်က္ကို ၾသဂုတ္လ (၁၂) ရက္က ေဆြးေႏြးခဲ့ေပမယ့္ သေဘာတူစာခ်ဳပ္တြင္ မပါဝင္ေတာ့ဘဲ ဆက္လက္ေဆြးေႏြးရန္ဆိုတဲ့ အခ်က္အေနနဲ႔သာ က်န္ခဲ့တာ ျဖစ္ပါတယ္။

ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၃)တြင္ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ့ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး ႏွင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအား ျပင္ဆင္ေရး ဟူေသာ လုပ္ငန္းစဥ္ႀကီး (၅)ခ်က္ ပါဝင္သည္။

#voiceofmyanmar   #VOM #ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒ

Related posts

Leave a Comment

VOM News

FREE
VIEW