Covid-19ကာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေနေတွေအတွက် အရပ်ဘက်အဖွဲ့အစည်း ၁၀ခုက အရေးပေါ်ကြေညာချက်ထုတ်ပြန်

Covid-19ကာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေနေတွေအတွက် အရပ်ဘက်အဖွဲ့အစည်း ၁၀ခုက အရေးပေါ်ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၀
အေးချမ်းသူ(VOM)

Covid-19ကာလအတွင်း ရခိုငိပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်အပေါ် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီပါ အဖွဲ့အစည်း၁၀ခုက ဒီကနေ့ သြဂုတ်လ ၂၅ရက်နေ့မှာ အရေးပေါ်သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

“အဓိကပြောချင်တာ လက်ရှိအခြေအနေမှာ ကိုဗစ်ကြောင့် အခက်အခဲတွေဖြစ်နေတယ်၊ တစ်ဖက်မှာ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေလည်းရှိတယ်။ ဒါတွေကို အစိုးရက တာဝန်ယူပေးစေချင်တယ်။ လတ်တလောမှာ အပစ်အခတ်ကိုလည်း ရပ်စဲထားစေချင်တယ်။
ပြီးတော့ ကျန်းမာရေးနှင့်ပတ်သတ်ပြီး သတင်းအချကိအလက်တွေ ပြည်သူတွေသိရအောင် အင်တာနက် 4Gဖွင့်ပေးဖို့လည်းလိုတယ်”လို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်ကောင်းစံကပြောပါတယ်။

လက်ရှိကပ်ရောဂါကာလမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Covidစောင့်ရှောက်မှုခံယူနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Covid19 ရောဂါနဲ့ဆက်စပ်ပြီး အသွားအလာပိတ်ပင်ခံထားရတဲ့ မိသားစုဝင်များ၊ စစ်ဘေးကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်စားသောက်ကုန်နဲ့ စားနပ်ရိက္ခာတွေကို အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားသောအားဖြင့် တာဝန်ယူဆောင်ရွက်ပေးဖို့နဲ့ ကူညီပေးနေသော အဖွဲ့အစည်းတွေကို လွတ်လပ်စွာကူညီခွင့်ပေးဖို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားတာဖြစ်ပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးမှုတွေရှိနေတဲ့အပြင် ညှင်းပန်းနှိပ်စက်မှုကြောင့်သေဆုံးမှုများကိုလည်း ရခိုင်ပြည်သူများအနေနဲ့ နေ့စဉ်ကြုံတွေနေရတဲ့အတွက် လူအခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးဖယိရှားပေးဖို့နဲ့ နှစ်ဖက်စစ်ရေးလှုပ်
ရှားမှုတွေကို ရပ်တန့်ထားဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်နဲ့ ကိုဗစ်ကပ်ရောဂါဘေး ကျရောက်နေချိန် ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိနိူင်ဖို့ အင်တာနက်4Gကို အမြန်ဆုံးဖွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတယ်လို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ အဖွဲ့ခေါင်းဆောင်ဦးစိုးနိူင်ထွန်းကပြောပါတယ်။

ရခိုင်ပြည်နယ်အရေးပေါ် အခြေအနေအရပ်အရပ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်ကို ကရင်၊ ကချင်၊ မွန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်၊ ပဲခူး၊မကွေး၊ တနလ်ာရီတိုင်းတို့မှ အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီကနေ ပူးပေါင်းပြီး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

Covid-19ကာလအတြင္း ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့အေျခေနေတြအတြက္ အရပ္ဘက္အဖြဲ႕အစည္း ၁၀ခုက အေရးေပၚေၾကညာခ်က္ထုတ္ျပန္

ရန္ကုန္၊ၾသဂုတ္ ၂၅-၂၀၂၀
ေအးခ်မ္းသူ(VOM)

Covid-19ကာလအတြင္း ရခိုငိျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ အေျခအေနအရပ္ရပ္အေပၚ ရခိုင္​ျပည္အရပ္ဘက္အဖြဲ႕အစည္းမ်ား ​ၿငိမ္းခ်မ္းေရးေကာ္မတီပါ အဖြဲ႕အစည္း၁၀ခုက ဒီကေန႔ ၾသဂုတ္လ ၂၅ရက္ေန႔မွာ အေရးေပၚသေဘာထားေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။

“အဓိကေျပာခ်င္တာ လက္ရွိအေျခအေနမွာ ကိုဗစ္ေၾကာင့္ အခက္အခဲေတြျဖစ္ေနတယ္၊ တစ္ဖက္မွာ စစ္ေဘးေရွာင္ေနတဲ့ ဒုကၡသည္ေတြလည္းရွိတယ္။ ဒါေတြကို အစိုးရက တာဝန္ယူေပးေစခ်င္တယ္။ လတ္တေလာမွာ အပစ္အခတ္ကိုလည္း ရပ္စဲထားေစခ်င္တယ္။
ၿပီးေတာ့ က်န္းမာေရးႏွင့္ပတ္သတ္ၿပီး သတင္းအခ်ကိအလက္ေတြ ျပည္သူေတြသိရေအာင္ အင္တာနက္ 4Gဖြင့္ေပးဖို႔လည္းလိုတယ္”လို႔ ရခိုင္ျပည္အရပ္ဘက္အဖြဲ႕အစည္းမ်ားၿငိမ္းခ်မ္းေရးေကာ္မတီမွ ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္ေကာင္းစံကေျပာပါတယ္။

လက္ရွိကပ္ေရာဂါကာလမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈခံယူေနသူမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ Covidေစာင့္ေရွာက္မႈခံယူေနသူမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ Covid19 ေရာဂါနဲ႔ဆက္စပ္ၿပီး အသြားအလာပိတ္ပင္ခံထားရတဲ့ မိသားစုဝင္မ်ား၊ စစ္ေဘးေၾကာင့္ ေနရပ္စြန္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္စားေသာက္ကုန္နဲ႔ စားနပ္ရိကၡာေတြကို အစိုးရအေနနဲ႔ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ တာဝန္ယူေဆာင္႐ြက္ေပးဖို႔နဲ႔ ကူညီေပးေနေသာ အဖြဲ႕အစည္းေတြကို လြတ္လပ္စြာကူညီခြင့္ေပးဖို႔ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားတာျဖစ္ပါတယ္။

အျပစ္မဲ့အရပ္သားျပည္သူေတြကို မတရားဖမ္းဆီးမႈေတြရွိေနတဲ့အျပင္ ညႇင္းပန္းႏွိပ္စက္မႈေၾကာင့္ေသဆုံးမႈမ်ားကိုလည္း ရခိုင္ျပည္သူမ်ားအေနနဲ႔ ေန႔စဥ္ႀကဳံေတြေနရတဲ့အတြက္ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အျမန္ဆံုးဖယိရွားေပးဖို႔နဲ႔ ႏွစ္ဖက္စစ္ေရးလႈပ္
ရွားမႈေတြကို ရပ္တန႔္ထားဖို႔ ထုတ္ျပန္ခ်က္မွာ ေတာင္းဆိုထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ျပည္တြင္းစစ္နဲ႔ ကိုဗစ္ကပ္ေရာဂါေဘး က်ေရာက္ေနခ်ိန္ က်န္းမာေရးဆိုင္ရာအခ်က္အလက္ေတြကို အခ်ိန္နဲ႔တေျပးညီသိရွိႏိူင္ဖို႔ အင္တာနက္4Gကို အျမန္ဆုံးဖြင့္ေပးဖို႔ အစိုးရကို ေတာင္းဆိုထားတယ္လို႔ ရခိုင္ျပည္အရပ္ဘက္အဖြဲ႕အစည္းမ်ားၿငိမ္းခ်မ္းေရးေကာ္မတီမွ အဖြဲ႕ေခါင္းေဆာင္ဦးစိုးႏိူင္ထြန္းကေျပာပါတယ္။

ရခိုင္ျပည္နယ္အေရးေပၚ အေျခအေနအရပ္အရပ္နဲ႔ ပတ္သက္တဲ့ ထုတ္ျပန္ေၾကညာခ်က္ကို ကရင္၊ ကခ်င္၊ မြန္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရန္ကုန္၊ ပဲခူး၊မေကြး၊ တနလ္ာရီတိုင္းတို႔မွ အရပ္ဘက္အဖြဲ႕အစည္းမ်ားၿငိမ္းခ်မ္းေရးေကာ္မတီကေန ပူးေပါင္းၿပီး ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW