ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၈ သန်းနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းဆောင်မီးလောင်မှု ရှို့မီးလို့ယူဆ

ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၈ သန်းနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းဆောင်မီးလောင်မှု ရှို့မီးလို့ယူဆ မဘိမ်း ၊ သြဂုတ် ၂၅ – ၂၀၂၀ ကိုတိုးကြီး+ ကောင်းလက်ျာ (VOM) ရှမ်းပြည်နယ် ၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာရှိ လဝါ အထက်တန်းကျောင်းခွဲမှာရှိတဲ့ စာသင်ဆောင် နှစ်ဆောင်ဟာ ဒီကနေ့သြဂုတ်လ ၂၅ရက် မနက် ၁ နာရီက မီးလောင်ပျက်စီးသွားတယ်လို့ မိုးမိတ်ခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးဌာနကနေ သိရပါတယ်။ အဲ့ဒီမီးလောင်မှုဖြစ်ပွားတာဟာ ရှိူ့မီးလို့ယူဆရတယ်လို့ မဘိမ်းမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။ ” ကျောင်းဝန်းထဲက အကုန် မီးလောင်ပျက်ဆီးသွားတယ်။ ရှို့မီးလို့ယူဆပြီး နယ်မြေခံရဲစခန်းက အမှုဖွင့်ထားတယ်၊ စာသင်ဆောင်တွေက အသစ်တွေဖြစ်တယ် ၊ ချယ်ရီအဆောင်နဲ့ အင်ကြင်းအဆောင် မီးလောင်သွားတာပါ ၊ ချယ်ရီအဆောင်က ၂၀၁၄ / ၂၀၁၅…

Read More

မုံရွာမြို့က လမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်တာတွေရှိတဲ့အတွက် ခရီးသွားလာနေသူတွေ စိုးရိမ်နေရ

မုံရွာမြို့က လမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်တာတွေရှိတဲ့အတွက် ခရီးသွားလာနေသူတွေ စိုးရိမ်နေရ မုံရွာ၊ သြဂုတ် ၂၆ – ၂၀၂၀ သက်စမ်းရေ (VOM) မုံရွာမြို့ရဲ့ လူသွားလူလာစည်ကားတဲ့ ကျောက္ကာလမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေကို လက်နက်သဖွယ်အသုံးပြုပြီး ချောင်းမြောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ တိုက်ခိုက်ခံရတဲ့ ကာယရှင်ကိုယ်တိုင်က ပြောပါတယ်။ “ ညနေ ၅ နာရီလောက်မှာ ကျောက္ကာလမ်းမကြီးရဲ့ ဆိုင်ကယ်စီးလမ်းအတိုင်း ကျနော်က ဆိုင်ကယ်စီးလာတယ် ၊ ကျောက္ကာလမ်းနဲ့ ဗိုလ်တေဇလမ်းဆုံးအနီးက လမ်းဘေး တမာပင်ကိုကွယ်ပြီး ချောင်းမြောင်းပုန်းနေတဲ့သူက ကျနော့်ဆိုင်ကယ်လဲရောက်လာရော ပုန်းနေရာကနေ ရုတ်တရက်ထွက်ပြီး အရည်တမျိုးနဲ့ ကျွန်တော့်ကို ပတ်လိုက်တယ် ၊ မီးစနဲ့ထိုးသလို တကိုယ်လုံး ပူထူသွားတော့ ဒါဟာ ဓာတုဗေဒပစ္စည်းတမျိုးမျိုးနဲ့ တိုက်ခိုက်တာပဲဆိုပြီး အင်္ကျီ ကို ချက်ချင်းချွတ်ပြီး အနီးကရေတွေနဲ့ အမြန်ဆုံးလောင်းခဲ့ရတယ်၊ ဒီနေ့ဆို ၁ လနဲ့ ၁၁ ရက်ရှိပြီ၊ ဒဏ်ရာကတော့…

Read More

ပြည်ပကနေ အထည်အော်ဒါပြတ်လတ်မှုကြောင့် စက်ရုံပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချတဲ့ကိစ္စရပ်တွေ စက်တင်ဘာလမှာ ပိုပြီးဖြစ်လာနိုင်

ပြည်ပကနေ အထည်အော်ဒါပြတ်လတ်မှုကြောင့် စက်ရုံပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချတဲ့ကိစ္စရပ်တွေ စက်တင်ဘာလမှာ ပိုပြီးဖြစ်လာနိုင် ရန်ကုန်၊ ဩဂုတ် ၂၅-၂၀၂၀ သိင်္ဂီ (VOM) ပြည်ပကနေ အထည်အော်ဒါမှာယူမှု ပြတ်လတ်ဖွယ်ရှိတာကြောင့် လာမယ့်စက်တင်ဘာလကစပြီး ပြည်တွင်းမှာ စက်ရုံတွေကို ယာယီအလုပ်ရက်ရှည်ပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချခြင်း ၊ လစာလျှော့ချခြင်း စတဲ့ကိစ္စရပ်တွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ပြည်တွင်းကအထည်တွေကို အမေရိကန်နဲ့ ယူရိုနိုင်ငံတွေက အဓိက အော်ဒါမှာယူနေတာဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီနိုင်ငံတွေရဲ့ ကိုဗစ် ရောဂါကူးစက်မှုဟာ လျော့ကျခြင်းမရှိတာကြောင့် အထည်အော်ဒါမှာယူမှု ပြတ်လတ်လာဖွယ်ရှိနေပြီး အော်ဒါမှာယူမှုပြတ်လတ်ပါက စက်ရုံတွေ ရေရှည်ရပ်တည်ရေးအတွက် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ဆွေးနွေးညှိနှိုင်းပြီး ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ “ ၉ လပိုင်း လဆန်းကို တွေ့ပါလိမ့်မယ် တစ်ရုံပြီး တစ်ရုံ ခေတ္တနားတာနဲ့ ပိတ်တာနဲ့ တချို့ စက်ရုံတွေကလည်း ဝန်ထမ်းတွေနဲ့ ဒီလကုန် ညှိနှိုင်းကြမယ်၊ ၁၅…

Read More

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မယ့် အခြေအနေရှိနေ

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မယ့် အခြေအနေရှိနေ ဆိုးလ်၊ သြဂုတ်-၂၅-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ရာမှာ စံပြအဖြစ်သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံတစ်ဝန်းလုံး ရောဂါထပ်မံပြန့်နှံ့တော့မယ့် အခြေအနေရှိနေတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ အခုနောက်ဆုံးကြိမ် ရောဂါကူးစက်ပြန့်နှံ့မှုဟာ Presbyterian ဘုရားကျောင်းဝန်းကျင်မှာ ဗဟိုပြုပြီး နိုင်ငံတစ်ဝန်း ပြည်နယ်ပေါင်း ၁၇ခုမှာ ပထမဆုံးအကြိမ် ပြန့်နှံ့နေကာ နေ့စဉ်ကူးစက်လူနာသစ်ဦးရေဟာ ရာချီပြီးရှိနေပါတယ်။ သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေရေး စည်းမျဉ်းစည်းကမ်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ဆိုးလ်မြို့မှာတော့ မျက်နှာဖုံးတွေ မဖြစ်မနေတပ်ဆင်ရမှာဖြစ်ကာ အစိုးရကတော့ စာသင်ကျောင်းအများစုကို ပိတ်ထားလိုက်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်းနေဖို့ စည်းကမ်းချက်ကို ထပ်မံတင်းကြပ်လုပ်ဆောင်ရေးအတွက် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပြီး ဆေးရုံမှာ လူနာတွေပြည့်သွားတဲ့အတွက် ဆေးဘက်ဆိုင်ရာစနစ်တွေဟာလည်း အကန့်အသတ်ရှိတဲ့ အနေအထားနီးနီးကို ရောက်ရှိသွားနိုင်တယ်လို့ သတိပေးထားကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တစ်နာရီအတွင်း ဖြစ်နိုင်ခြေရှိတဲ့ လူနာ…

Read More

လှိုင်သာယာမှာ Qမဝင်တဲ့ ရခိုင်ပြန်(၂)ဦးထဲက ၁ဦးဖျားနေတဲ့အတွက် လက်ရှိမှာ Qထည့်ထား

လှိုင်သာယာမှာ Qမဝင်တဲ့ ရခိုင်ပြန်(၂)ဦးထဲက ၁ဦးဖျားနေတဲ့အတွက် လက်ရှိမှာ Qထည့်ထား ရန်ကုန်၊ သြဂုတ် ၂၅-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်တဲ့ လှိုင်သာယာမြို့နယ်က မြေအဖွား ၂ ဦးမှာ တစ်ဦးကဖျားနေတဲ့အတွက် လက်ရှိမှာသူတို့ကို ကွာရန်တင်း ထည့်ထားလိုက်ပြီလို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်မြို့ကို သြဂုတ်လ၂၃ ရက်နေ့က ပြန်ရောက်လာသူတွေဖြစ်ပြီး ရပ်ကွက်ရဲ့သတင်းပေးပို့မှုအရ ဖျားနေတာလို့သိရပြီး သူတို့ကို မနေ့ညနေကမှ ကွာရန်တင်းပို့လိုက်ရတာဖြစ်ပါတယ်။ ” ရခိုင်နဲ့က သွားလိုက်ပြန်လိုက်လုပ်နေကြတဲ့ သဘောရှိတယ်။ သူ့အမျိုးသားက ဟိုမှာတာဝန်ကျတယ်သိရတယ်။ ရခိုင်ပြန်ဆိုတော့ ရပ်ကွက်ကစိုးရိမ်ကြတော့ သတင်းပေးလို့ မနေ့ကညနေကမှ ကွာရန်တင်းထားလိုက်တယ်။ ကျန်းမာရေးဌာနက ဆေးစစ်တာ တွေဆက်လုပ်ပါလိမ့်မယ်။ ဖျား မဖျားတော့ သေချာမသိဘူး။ “လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောပါတယ်။ အဲ့ဒီ မြေး၊အဖွား ၂ ဦးဟာ အဝေးပြေးကားနဲ့ ပြန်လာတာမဟုတ်ဘဲ…

Read More

ဧရာဝတီတိုင်းမှာ မဲစာရင်းမပါသူ ခုနှစ်သောင်းကျော်ရှိ

ဧရာဝတီတိုင်းမှာ မဲစာရင်းမပါသူ ခုနှစ်သောင်းကျော်ရှိ ပုသိမ်ြ၊သဂုတ်၂၅-၂၀၂၀ ကိုအောင် (VOM) ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ပထမအကြိမ်ထုတ်ပြန်မှုမှာ ဧရာဝတီတိုင်းအတွင်း မဲစာရင်းမပါသူ ၇သောင်းကျော်ရှိတယ်လို့ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ “၂၀၁၉မှာ တအိမ်တက်ဆင်း မဲစာရင်းကောက်တုန်းက အိမ်မှာမရှိတာတို့ ခရီးသွားတာတို့ကြောင့် ကျန်ခဲ့တာလို့ယူဆရပါတယ်၊ တတိုင်းလုံး ခုနစ်သောင်းနဲ့တစ်ထောင် မဲစာရင်းမှာမပါဘူး၊ ခုတော့ ပုံစံ၃နဲ့လျှောက်ထားတာတွေလုပ်နေတယ်”လို့ ဧရာဝတီတိုင်းရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်ကပြောပါတယ်။ ပထမအကြိမ်မဲစာရင်းတွေကို ဇူလိူင်လ ၂၅ရက်နေ့ကနေ သြဂုတ်လ ၁၄ရက်ထိ (၂၁)ရက်ကြာ ထုတ်ပြန်ကြေငြာခဲ့ပြီး ပုသိမ်မြို့နယ်နဲ့ဒေးဒရဲမြို့နယ်က မဲစာရင်းမပါသူ အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ “တိုင်းအတွင်းမှာ ပုသိမ်မြို့နယ်က ၁သောင်းနဲ့၁ထောင် ကျော်မဲစာရင်းမပါဘူး ဒေးဒရဲက ၄ထောင်ကျော် အဲ့ဒီ၂မြို့က စာရင်းအများဆုံးပဲ”လို့ ဦးအောင်မြင့်ကပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း မဲပေးခွင့်ရှိသူအရေအတွက်စုစုပေါင်း ၄၄သိန်း ၄သောင်း တစ်ထောင်ရှိတယ်လို့သိရပြီး မဲစာရင်းလာရောက်ကြည့်ရူသူ ၁၇သိန်း၇သောင်းမဲစာရင်းလာကြည့်ကြပြီး မဲစာရင်းမှာ အမည်မှားယွင်းသူ (၄၀,၇၀၀)ရှိတယ်လို့လည်း တိုင်းကော်မရှင်က…

Read More

ကယားဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတဲ့အမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်‌အစစ်ခံသူက စုံစမ်းစစ်ဆေးရေးအဖွဲ့မစုံဘူးလို့ဆိုကာ ပြန်သွား

ကယားဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတဲ့အမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်‌အစစ်ခံသူက စုံစမ်းစစ်ဆေးရေးအဖွဲ့မစုံဘူးလို့ဆိုကာ ပြန်သွား နေပြည်‌ေ‌တာ်၊ဩဂုတ်၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိူကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒီကနေ့မနက် ၁၀ နာရီခန့်က အစိုးရအဖွဲ့အတွင်းရေးမှူး လာရောက်အစစ်ဆေးခံပေမယ့်လည်း အဖွဲ့မစုံဘူးလို့ပြောပြီး ပြန်သွားကြောင်း စုံစမ်းစစ်ဆေး ရေးအဖွဲ့ခေါင်းဆောင်ပြည်နယ်လွှတ်တာ်ကိုယ်စားလှယ် ခူးသဲရယ်က ပြောပါတယ်။ ကယားပြည်နယ်နေ့ပွဲတော်ကျင်းပတဲ့ မြေနေရာကိစ္စနဲ့ ပြည်နယ်အစိုးရအဖွဲ့က စက်ယန္တယားတွေ ဝယ်ယူငှားရမ‌်းတာမှာ ဥပဒေနဲ့မညီဘူးလို့ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားတဲ့အမှုအား စုံစမ်းဆေးဖို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ဦးနဲ့ဖွဲ့စည်းခဲ့‌‌ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ” ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ရက်မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ရုတ်သိမ်းဖို့စာပို့တယ်။ ဥပဒေနဲ့အညီလုပ်တာလို့ စာပြန်ပို့တော့ ဒီကနေ့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးလာတယ်။ အဖွဲ့ဝင် ၅ဦးမစုံလို့ဆိုပြီး ပြန်သွားတယ်။ ဥပေဒလမ်းကြောင်းနဲ့ လာအစစ်ဆေး ခံဖို့ စာထပ်ပို့မယ်”လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်ကပြောပါတယ်။ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦး‌ရေရဲ့ လေးပုံတစ်ပုံက ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဖို့…

Read More

Covid-19ကာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေနေတွေအတွက် အရပ်ဘက်အဖွဲ့အစည်း ၁၀ခုက အရေးပေါ်ကြေညာချက်ထုတ်ပြန်

Covid-19ကာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေနေတွေအတွက် အရပ်ဘက်အဖွဲ့အစည်း ၁၀ခုက အရေးပေါ်ကြေညာချက်ထုတ်ပြန် ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၀ အေးချမ်းသူ(VOM) Covid-19ကာလအတွင်း ရခိုငိပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်အပေါ် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီပါ အဖွဲ့အစည်း၁၀ခုက ဒီကနေ့ သြဂုတ်လ ၂၅ရက်နေ့မှာ အရေးပေါ်သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ “အဓိကပြောချင်တာ လက်ရှိအခြေအနေမှာ ကိုဗစ်ကြောင့် အခက်အခဲတွေဖြစ်နေတယ်၊ တစ်ဖက်မှာ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေလည်းရှိတယ်။ ဒါတွေကို အစိုးရက တာဝန်ယူပေးစေချင်တယ်။ လတ်တလောမှာ အပစ်အခတ်ကိုလည်း ရပ်စဲထားစေချင်တယ်။ ပြီးတော့ ကျန်းမာရေးနှင့်ပတ်သတ်ပြီး သတင်းအချကိအလက်တွေ ပြည်သူတွေသိရအောင် အင်တာနက် 4Gဖွင့်ပေးဖို့လည်းလိုတယ်”လို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်ကောင်းစံကပြောပါတယ်။ လက်ရှိကပ်ရောဂါကာလမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Covidစောင့်ရှောက်မှုခံယူနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Covid19 ရောဂါနဲ့ဆက်စပ်ပြီး အသွားအလာပိတ်ပင်ခံထားရတဲ့ မိသားစုဝင်များ၊ စစ်ဘေးကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်စားသောက်ကုန်နဲ့ စားနပ်ရိက္ခာတွေကို အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားသောအားဖြင့် တာဝန်ယူဆောင်ရွက်ပေးဖို့နဲ့ ကူညီပေးနေသော…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးမယ်လို့ တရုတ်နိုင်ငံကတိပြု

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးမယ်လို့ တရုတ်နိုင်ငံကတိပြု ပေကျင်း၊ သြဂုတ်-၂၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံကတာဝန်ရှိသူတွေနဲ့ သြဂုတ် ၂၄ ရက်ကပြုလုပ်တဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲမှာ တရုတ်ဝန်ကြီးချုပ် လီကားချန်က ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အခုလို ကတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်နဲ့ မဲခေါင်ဒေသ ၅ နိုင်ငံဟာ အနီးကပ်ဆုံး မိသားစုအသိုင်းအဝိုင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးမှုတွေ ပြန်လည်ရှင်သန်ရေးမှာ တစ်ဦးနဲ့တစ်ဦးရိုင်းပင်းပြီး အတူတကွလုပ်ကိုင်သွားရမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်ခဲ့ပါက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တက်ကြွစွာ ထောက်ပံ့သွားမှာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်ကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ…

Read More

မန္တလေးလူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ပြောင်းရွှေ့မှု ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ တိုက်ရိုက်မသက်ဆိုင်

မန္တလေးလူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ပြောင်းရွှေ့မှု ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ တိုက်ရိုက်မသက်ဆိုင် မန္တလေး၊ ဩဂုတ် ၂၅-၂၀၂၀ မှူးသခင် (VOM) မန္တလေးမြို့ လူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ဆရာဦးနေအောင်ကျော် နေရာပြောင်းရွေ့ခံရတာဟာ သင်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ ကျောင်းသား ၂ဦးသေဆုံးတာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ရဲ့ညွှန်ကြားရေးမှုး ဦးဇော်မင်းကပြောပါတယ်။ ” ကျောင်းအုပ်ဦးနေအောင်ကျော်ဟာ အပြောင်းအရွှေ့ခံရတာမဟုတ်ပါဘူး၊ သူ့ရဲ့အခြေနေနဲ့ အချိန်အခါပေါ်မူတည်ပြီးတော့ ပြောင်းတာရွှေ့တာက လူကြီးတွေစဉ်းစားပြီး လုပ်နေကြအလုပ်တွေပါပဲ၊ သူက လူငယ်သင်တန်းကျောင်းမှာ တာဝန်ထမ်း‌ဆောင်ခဲ့တာက ၃နှစ်ကျော်ခဲ့ပါပြီ၊ ပြောင်းရွှေ့ရမယ့်အချိန်ရောက်နေပါပြီ၊ ပုံမှန်အပြောင်းအရွှေ့ပါပဲ၊ ဒီဖြစ်စဉ်နဲ့ တိုက်ရိုက်မပတ်သတ်ပါဘူး”လို့ ညွန်ကြားရေးမှုး ဦးဇော်မင်းကပြောပါတယ်။ မန္တလေး လူငယ်သင်တန်းကျောင်းက‌နေထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ လူငယ်ငါးဦး ပြန်လည်ဖမ်းဆီးခံရချိန်မှာ ထိခိုက်ဒဏ်ရာတွေရပြီး လူငယ်နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူ‌တွေကလည်း ဩဂုတ်(၇)ရက်မှာ သင်တန်းကျောင်းကို လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး ကျောင်းအုပ်ဖြစ်သူ ဦးနေအောင်ကျော်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” နောက်ကျောင်းအုပ်ရောက်လာရင်ပြောင်းရမှာပါ၊ မလာသေးလို့ ထိမ်းပေးထားတာပါ၊…

Read More
VOM News

FREE
VIEW