ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၈ သန်းနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းဆောင်မီးလောင်မှု ရှို့မီးလို့ယူဆ

ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၈ သန်းနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းဆောင်မီးလောင်မှု ရှို့မီးလို့ယူဆ

မဘိမ်း ၊ သြဂုတ် ၂၅ – ၂၀၂၀
ကိုတိုးကြီး+ ကောင်းလက်ျာ (VOM)

ရှမ်းပြည်နယ် ၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာရှိ လဝါ အထက်တန်းကျောင်းခွဲမှာရှိတဲ့ စာသင်ဆောင် နှစ်ဆောင်ဟာ ဒီကနေ့သြဂုတ်လ ၂၅ရက် မနက် ၁ နာရီက မီးလောင်ပျက်စီးသွားတယ်လို့ မိုးမိတ်ခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးဌာနကနေ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဖြစ်ပွားတာဟာ ရှိူ့မီးလို့ယူဆရတယ်လို့ မဘိမ်းမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။

” ကျောင်းဝန်းထဲက အကုန် မီးလောင်ပျက်ဆီးသွားတယ်။ ရှို့မီးလို့ယူဆပြီး နယ်မြေခံရဲစခန်းက အမှုဖွင့်ထားတယ်၊ စာသင်ဆောင်တွေက အသစ်တွေဖြစ်တယ် ၊ ချယ်ရီအဆောင်နဲ့ အင်ကြင်းအဆောင် မီးလောင်သွားတာပါ ၊ ချယ်ရီအဆောင်က ၂၀၁၄ / ၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၈ သန်းနဲ့ အကုန်ကျခံ တည်ဆောက်ထားတာဖြစ်တယ်လို့”လို့ ဦးမောင်ညိုကပြောပါတယ်။

လဝါ အထက်တန်းကျောင်းခွဲအနီးမှာရှိတဲ့ ဘုန်းကျောင်းကြီးက ဆရာတော်တစ်ပါးဟာ ဒီမနက် ၁ နာရီ လောက်မှာ စာသင်ကျောင်းဘက်မှာ မီးလောင်နေတာတွေ့လို့ ဘုန်းကြီးကျောင်းက အသံချဲ့စက်နဲ့ မီးငြိမ်းသတ်ဖို့အော်ဟစ်ပြီး ရွာထဲကို သတိပေးခဲ့တာတွေရှိပေမယ့်လည်း မီးလောင်မှုအရှိန်ကများတာကြောင့် စာသင်ဆောင် နှစ်ဆောင် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလို မီးဘေးသင့်ခဲ့ရတဲ့ စာသင်ကျောင်းဟာ ပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းပြန်လည်ဖွင့်ခွင့် သတ်မှတ်ထားတဲ့ အဆင့်အတန်းထဲမှာ (A)အဆင့်ဖြစ်ပါတယ်။

လတ်တလောမှာ ကျောင်းပြန်ဖွင့်ခွင့်ရမယ်ဆိုရင် စာသင်ဆောင် အခက်အခဲတွေ ဖြစ်လာနိုင်တဲ့အတွက် ကျောင်းသားမိဘတွေက စာသင်ဆောင် လုံလောက်မှုမရှိမှာကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

Photo – မောင်ညို
#voiceofmyanmar #VOM #မဘိမ်း

Zawgyi

ခြင့္ျပဳရန္ပုံေငြ ၆၄ ဒသမ ၈ သန္းနဲ႔ တည္ေဆာက္ထားတဲ့ စာသင္ေက်ာင္းေဆာင္မီးေလာင္မႈ ရွိဳ႔မီးလို႔ယူဆ

မဘိမ္း ၊ ၾသဂုတ္ ၂၅ – ၂၀၂၀
ကိုတိုးႀကီး+ ေကာင္းလက္်ာ (VOM)

ရွမ္းျပည္နယ္ ၊ မိုးမိတ္ခ႐ိုင္၊ မဘိမ္းၿမိဳ႕နယ္၊ လဝါေက်း႐ြာရွိ လဝါ အထက္တန္းေက်ာင္းခြဲမွာရွိတဲ့ စာသင္ေဆာင္ ႏွစ္ေဆာင္ဟာ ဒီကေန႔ၾသဂုတ္လ ၂၅ရက္ မနက္ ၁ နာရီက မီးေလာင္ပ်က္စီးသြားတယ္လို႔ မိုးမိတ္ခ႐ိုင္ မီးသတ္တပ္ဖြဲ႕ ဦးစီးဌာနကေန သိရပါတယ္။

အဲ့ဒီမီးေလာင္မႈျဖစ္ပြားတာဟာ ရွိူ႔မီးလို႔ယူဆရတယ္လို႔ မဘိမ္းၿမိဳ႕နယ္ ျပည္နယ္မဲဆႏၵနယ္အမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညိဳက ေျပာပါတယ္။

” ေက်ာင္းဝန္းထဲက အကုန္ မီးေလာင္ပ်က္ဆီးသြားတယ္။ ရႈိ႕မီးလို႔ယူဆၿပီး နယ္ေျမခံရဲစခန္းက အမႈဖြင့္ထားတယ္၊ စာသင္ေဆာင္ေတြက အသစ္ေတြျဖစ္တယ္ ၊ ခ်ယ္ရီအေဆာင္နဲ႔ အင္ၾကင္းအေဆာင္ မီးေလာင္သြားတာပါ ၊ ခ်ယ္ရီအေဆာင္က ၂၀၁၄ / ၂၀၁၅ ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပုံေငြ ၆၄ ဒသမ ၈ သန္းနဲ႔ အကုန္က်ခံ တည္ေဆာက္ထားတာျဖစ္တယ္လို႔”လို႔ ဦးေမာင္ညိဳကေျပာပါတယ္။

လဝါ အထက္တန္းေက်ာင္းခြဲအနီးမွာရွိတဲ့ ဘုန္းေက်ာင္းႀကီးက ဆရာေတာ္တစ္ပါးဟာ ဒီမနက္ ၁ နာရီ ေလာက္မွာ စာသင္ေက်ာင္းဘက္မွာ မီးေလာင္ေနတာေတြ႕လို႔ ဘုန္းႀကီးေက်ာင္းက အသံခ်ဲ႔စက္နဲ႔ မီးၿငိမ္းသတ္ဖို႔ေအာ္ဟစ္ၿပီး ႐ြာထဲကို သတိေပးခဲ့တာေတြရွိေပမယ့္လည္း မီးေလာင္မႈအရွိန္ကမ်ားတာေၾကာင့္ စာသင္ေဆာင္ ႏွစ္ေဆာင္ မီးေလာင္ပ်က္စီးသြားတယ္လို႔ သိရပါတယ္။

အခုလို မီးေဘးသင့္ခဲ့ရတဲ့ စာသင္ေက်ာင္းဟာ ပညာေရးဝန္ႀကီးဌာနရဲ႕ ေက်ာင္းျပန္လည္ဖြင့္ခြင့္ သတ္မွတ္ထားတဲ့ အဆင့္အတန္းထဲမွာ (A)အဆင့္ျဖစ္ပါတယ္။

လတ္တေလာမွာ ေက်ာင္းျပန္ဖြင့္ခြင့္ရမယ္ဆိုရင္ စာသင္ေဆာင္ အခက္အခဲေတြ ျဖစ္လာႏိုင္တဲ့အတြက္ ေက်ာင္းသားမိဘေတြက စာသင္ေဆာင္ လုံေလာက္မႈမရွိမွာကို စိုးရိမ္ေနတယ္လို႔လည္း သိရပါတယ္။

Photo – ေမာင္ညိဳ
#voiceofmyanmar #VOM #မဘိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW