တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မယ့် အခြေအနေရှိနေ

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မယ့် အခြေအနေရှိနေ

ဆိုးလ်၊ သြဂုတ်-၂၅-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ရာမှာ စံပြအဖြစ်သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံတစ်ဝန်းလုံး ရောဂါထပ်မံပြန့်နှံ့တော့မယ့် အခြေအနေရှိနေတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အခုနောက်ဆုံးကြိမ် ရောဂါကူးစက်ပြန့်နှံ့မှုဟာ Presbyterian ဘုရားကျောင်းဝန်းကျင်မှာ ဗဟိုပြုပြီး နိုင်ငံတစ်ဝန်း ပြည်နယ်ပေါင်း ၁၇ခုမှာ ပထမဆုံးအကြိမ် ပြန့်နှံ့နေကာ နေ့စဉ်ကူးစက်လူနာသစ်ဦးရေဟာ ရာချီပြီးရှိနေပါတယ်။

သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေရေး စည်းမျဉ်းစည်းကမ်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ဆိုးလ်မြို့မှာတော့ မျက်နှာဖုံးတွေ မဖြစ်မနေတပ်ဆင်ရမှာဖြစ်ကာ အစိုးရကတော့ စာသင်ကျောင်းအများစုကို ပိတ်ထားလိုက်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်းနေဖို့ စည်းကမ်းချက်ကို ထပ်မံတင်းကြပ်လုပ်ဆောင်ရေးအတွက် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပြီး ဆေးရုံမှာ လူနာတွေပြည့်သွားတဲ့အတွက် ဆေးဘက်ဆိုင်ရာစနစ်တွေဟာလည်း အကန့်အသတ်ရှိတဲ့ အနေအထားနီးနီးကို ရောက်ရှိသွားနိုင်တယ်လို့ သတိပေးထားကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တစ်နာရီအတွင်း ဖြစ်နိုင်ခြေရှိတဲ့ လူနာ ၁၀၀၀ ဝန်းကျင်ကို အဆက်အသွယ် ခြေရာကောက်ရှာဖွေနိုင်တဲ့ စနစ်ရှိနေပေမယ့် ကူးစက်မှုအသစ် ၂၀ ရာခိုင်နှုန်းရဲ့ မူလဇစ်မြစ်ကို မသိရှိဘူးလို့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ဝန်ခံထားတာဖြစ်ပါတယ်။

Ref : BBC
Photo: AFP
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

ေတာင္ကုိရီးယားႏုိင္ငံတစ္ဝန္းလံုး ကိုဗစ္-၁၉ ေရာဂါ ကူးစက္ပ်ံ႕နွံ႕မယ္႔ အေျခအေနရိွေန

ဆုိးလ္၊ ၾသဂုတ္-၂၅-၂၀၂၀
မ်ိဳးဆက္ (VOM)

ကုိဗစ္-၁၉ ကပ္ေရာဂါကုိ တံု႔ျပန္ရာမွာ စံျပအျဖစ္သတ္မွတ္ခံထားရတဲ႔ ေတာင္ကုိရီးယားႏုိင္ငံမွာ ႏုိင္ငံတစ္ဝန္းလံုး ေရာဂါထပ္မံျပန္႔ႏွံ႔ေတာ့မယ္႔ အေျခအေနရွိေနတယ္လို႔ ေတာင္ကိုရီးယား တာ၀န္ရွိသူေတြက ေျပာပါတယ္။

အခုေနာက္ဆံုးၾကိမ္ ေရာဂါကူးစက္ျပန္႔ႏွံ႔မႈဟာ Presbyterian ဘုရားေက်ာင္းဝန္းက်င္မွာ ဗဟုိျပဳျပီး ႏိုင္ငံတစ္ဝန္း ျပည္နယ္ေပါင္း ၁၇ခုမွာ ပထမဆံုးအၾကိမ္ ျပန္႔နွံ႕ေနကာ ေန႔စဥ္ကူးစက္လူနာသစ္ဦးေရဟာ ရာခ်ီျပီးရိွေနပါတယ္။

သတ္မွတ္အကြာအေဝးအတုိင္း ခပ္ခြာခြာေနေရး စည္းမ်ဥ္းစည္းကမ္းမ်ားကုိ အရိွန္ျမွင္႔လုပ္ေဆာင္ေနျပီး ဆုိးလ္ျမိဳ႔မွာေတာ႔ မ်က္ႏွာဖံုးေတြ မျဖစ္မေနတပ္ဆင္ရမွာျဖစ္ကာ အစုိးရကေတာ့ စာသင္ေက်ာင္းအမ်ားစုကို ပိတ္ထားလိုက္ပါတယ္။

လူတစ္ဦးနဲ႔တစ္ဦး သတ္မွတ္အကြာအေဝးအတုိင္းေနဖို႔ စည္းကမ္းခ်က္ကုိ ထပ္မံတင္းၾကပ္လုပ္ေဆာင္ေရးအတြက္ ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္သူေတြက တုိက္တြန္းထားျပီး ေဆးရံုမွာ လူနာေတြျပည္႔သြားတဲ့အတြက္ ေဆးဘက္ဆုိင္ရာစနစ္ေတြဟာလည္း အကန္႔အသတ္ရွိတဲ႔ အေနအထားနီးနီးကို ေရာက္ရိွသြားနိုင္တယ္လို႔ သတိေပးထားၾကပါတယ္။

ေတာင္ကိုရီးယားနုိင္ငံမွာ တစ္နာရီအတြင္း ျဖစ္နိုင္ေျခရိွတဲ႔ လူနာ ၁၀၀၀ ၀န္းက်င္ကို အဆက္အသြယ္ ေျခရာေကာက္ရွာေဖြနိုင္တဲ႔ စနစ္ရိွေနေပမယ္႔ ကူးစက္မႈအသစ္ ၂၀ ရာခိုင္နႈန္းရဲ႕ မူလဇစ္ျမစ္ကို မသိရိွဘူးလို႔ ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးဌာနက ၀န္ခံထားတာျဖစ္ပါတယ္။

Ref : BBC
Photo: AFP
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW