လှိုင်သာယာမှာ Qမဝင်တဲ့ ရခိုင်ပြန်(၂)ဦးထဲက ၁ဦးဖျားနေတဲ့အတွက် လက်ရှိမှာ Qထည့်ထား

လှိုင်သာယာမှာ Qမဝင်တဲ့ ရခိုင်ပြန်(၂)ဦးထဲက ၁ဦးဖျားနေတဲ့အတွက် လက်ရှိမှာ Qထည့်ထား

ရန်ကုန်၊ သြဂုတ် ၂၅-၂၀၂၀
သိင်္ဂီ (VOM)

ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်တဲ့ လှိုင်သာယာမြို့နယ်က မြေအဖွား ၂ ဦးမှာ တစ်ဦးကဖျားနေတဲ့အတွက် လက်ရှိမှာသူတို့ကို ကွာရန်တင်း ထည့်ထားလိုက်ပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်မြို့ကို သြဂုတ်လ၂၃ ရက်နေ့က ပြန်ရောက်လာသူတွေဖြစ်ပြီး ရပ်ကွက်ရဲ့သတင်းပေးပို့မှုအရ ဖျားနေတာလို့သိရပြီး သူတို့ကို မနေ့ညနေကမှ ကွာရန်တင်းပို့လိုက်ရတာဖြစ်ပါတယ်။

” ရခိုင်နဲ့က သွားလိုက်ပြန်လိုက်လုပ်နေကြတဲ့ သဘောရှိတယ်။ သူ့အမျိုးသားက ဟိုမှာတာဝန်ကျတယ်သိရတယ်။ ရခိုင်ပြန်ဆိုတော့ ရပ်ကွက်ကစိုးရိမ်ကြတော့ သတင်းပေးလို့ မနေ့ကညနေကမှ ကွာရန်တင်းထားလိုက်တယ်။ ကျန်းမာရေးဌာနက ဆေးစစ်တာ တွေဆက်လုပ်ပါလိမ့်မယ်။ ဖျား မဖျားတော့ သေချာမသိဘူး။ “လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောပါတယ်။

အဲ့ဒီ မြေး၊အဖွား ၂ ဦးဟာ အဝေးပြေးကားနဲ့ ပြန်လာတာမဟုတ်ဘဲ ကိုယ်ပိုင်ကားနဲ့ပြန်ရောက်လာတာဖြစ်လို့ ရန်ကုန်မြို့အဝင်က စစ်ဆေးရေးဂိတ်တွေကိုကျော်ပြီး လှိုင်သာယာကိုရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြေးအဖွား ၂ ဦးကို ကွာရန်တင်းထည့်ထားပြီး နေအိမ်မှာကျန်နေတဲ့ လူ ၅ ဦးကိုတော့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမှာ ပြည်တွင်းကူးစက်မှုအဖြစ် သြဂုတ် ၁၆ ရက်မှာ စတင်တွေ့ရှိပြီးနောက်ပိုင်း ရခိုင်ကနေ ရန်ကုန်ကိုလာတဲ့ အဝေးပြေးကားတွေကိုစစ်ဆေးကာ ကားပေါ် ပါလာသူတွေကို (၂၁)ရက် ကွာရန်တင်းထားတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။

သြဂုတ်လ(၁၆)ရက်နေ့စပြီး ဒီကနေ့ သြဂုတ်လ ၂၅ ရက်အထိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်လူနာ ၈၀ အထိ ရှိနေပြီဖြစ်ပါတယ်။

Photo – Aung Naing
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

လိႈင္သာယာမွာ Qမဝင္တဲ့ ရခိုင္ျပန္(၂)ဦးထဲက ၁ဦးဖ်ားေနတဲ့အတြက္ လက္႐ွိမွာ Qထည့္ထား

ရန္ကုန္၊ ၾသဂုတ္ ၂၅-၂၀၂၀
သိဂႌ (VOM)

ရခိုင္ကေနျပန္လာၿပီး ကြာရန္တင္းမဝင္တဲ့ လိႈင္သာယာၿမိဳ႔နယ္က ေျမအဖြား ၂ ဦးမွာ တစ္ဦးကဖ်ားေနတဲ့အတြက္ လက္႐ွိမွာသူတို႔ကို ကြာရန္တင္း ထည့္ထားလိုက္ၿပီလို႔ သိရပါတယ္။

ရခိုင္ျပည္နယ္၊ သံတြဲကေန ရန္ကုန္ၿမိဳ႔ကို ၾသဂုတ္လ၂၃ ရက္ေန႔က ျပန္ေရာက္လာသူေတြျဖစ္ၿပီး ရပ္ကြက္ရဲ႕သတင္းေပးပို႔မႈအရ ဖ်ားေနတာလို႔သိရၿပီး သူတို႔ကို မေန႔ညေနကမွ ကြာရန္တင္းပို႔လိုက္ရတာျဖစ္ပါတယ္။

” ရခိုင္နဲ႔က သြားလိုက္ျပန္လိုက္လုပ္ေနၾကတဲ့ သေဘာ႐ွိတယ္။ သူ႔အမ်ိဳးသားက ဟိုမွာတာဝန္က်တယ္သိရတယ္။ ရခိုင္ျပန္ဆိုေတာ့ ရပ္ကြက္ကစိုးရိမ္ၾကေတာ့ သတင္းေပးလို႔ မေန႔ကညေနကမွ ကြာရန္တင္းထားလိုက္တယ္။ က်န္းမာေရးဌာနက ေဆးစစ္တာ ေတြဆက္လုပ္ပါလိမ့္မယ္။ ဖ်ား မဖ်ားေတာ့ ေသခ်ာမသိဘူး။ “လို႔ လွိုင္သာယာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာပါတယ္။

အဲ့ဒီ ေျမး၊အဖြား ၂ ဦးဟာ အေဝးေျပးကားနဲ႔ ျပန္လာတာမဟုတ္ဘဲ ကိုယ္ပိုင္ကားနဲ႔ျပန္ေရာက္လာတာျဖစ္လို႔ ရန္ကုန္ၿမိဳ႕အဝင္က စစ္ေဆးေရးဂိတ္ေတြကိုေက်ာ္ၿပီး လိႈင္သာယာကိုေရာက္႐ွိလာတာျဖစ္ပါတယ္။

လက္႐ွိမွာေတာ့ ေျမးအဖြား ၂ ဦးကို ကြာရန္တင္းထည့္ထားၿပီး ေနအိမ္မွာက်န္ေနတဲ့ လူ ၅ ဦးကိုေတာ့ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္၊ စစ္ေတြမွာ ျပည္တြင္းကူးစက္မႈအျဖစ္ ျသဂုတ္ ၁၆ ရက္မွာ စတင္ေတြ႔႐ွိၿပီးေနာက္ပိုင္း ရခိုင္ကေန ရန္ကုန္ကိုလာတဲ့ အေဝးေျပးကားေတြကိုစစ္ေဆးကာ ကားေပၚ ပါလာသူ​ေတြကို (၂၁)ရက္ ကြာရန္တင္းထားတာေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။

ၾသဂုတ္လ(၁၆)ရက္ေန႕စၿပီး ဒီကေန႔ ျသဂုတ္လ ၂၅ ရက္အထိ ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္လူနာ ၈၀ အထိ ရွိေနၿပီျဖစ္ပါတယ္။

Photo – Aung Naing
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW