မုံရွာမြို့က လမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်တာတွေရှိတဲ့အတွက် ခရီးသွားလာနေသူတွေ စိုးရိမ်နေရ

မုံရွာမြို့က လမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်တာတွေရှိတဲ့အတွက် ခရီးသွားလာနေသူတွေ စိုးရိမ်နေရ

မုံရွာ၊ သြဂုတ် ၂၆ – ၂၀၂၀
သက်စမ်းရေ (VOM)

မုံရွာမြို့ရဲ့ လူသွားလူလာစည်ကားတဲ့ ကျောက္ကာလမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေကို လက်နက်သဖွယ်အသုံးပြုပြီး ချောင်းမြောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ တိုက်ခိုက်ခံရတဲ့ ကာယရှင်ကိုယ်တိုင်က ပြောပါတယ်။

“ ညနေ ၅ နာရီလောက်မှာ ကျောက္ကာလမ်းမကြီးရဲ့ ဆိုင်ကယ်စီးလမ်းအတိုင်း ကျနော်က ဆိုင်ကယ်စီးလာတယ် ၊ ကျောက္ကာလမ်းနဲ့ ဗိုလ်တေဇလမ်းဆုံးအနီးက လမ်းဘေး တမာပင်ကိုကွယ်ပြီး ချောင်းမြောင်းပုန်းနေတဲ့သူက ကျနော့်ဆိုင်ကယ်လဲရောက်လာရော ပုန်းနေရာကနေ ရုတ်တရက်ထွက်ပြီး အရည်တမျိုးနဲ့ ကျွန်တော့်ကို ပတ်လိုက်တယ် ၊ မီးစနဲ့ထိုးသလို တကိုယ်လုံး ပူထူသွားတော့ ဒါဟာ ဓာတုဗေဒပစ္စည်းတမျိုးမျိုးနဲ့ တိုက်ခိုက်တာပဲဆိုပြီး အင်္ကျီ ကို ချက်ချင်းချွတ်ပြီး အနီးကရေတွေနဲ့ အမြန်ဆုံးလောင်းခဲ့ရတယ်၊ ဒီနေ့ဆို ၁ လနဲ့ ၁၁ ရက်ရှိပြီ၊ ဒဏ်ရာကတော့ ဦးခေါင်းနောက်စေ့ ဘယ်ဘက်တခြမ်းလုံးနဲ့ ဘယ်ဘက်ပခုံး နဲ့ ဘယ်လက်မောင်း နေရာတွေမှာဖြစ်တယ် ၊ မီးလောင်ဖုတွေလိုဖြစ်ပြီး အရေပြားတပြင်လုံး လှိုက်စားနေတယ်၊ သက်သာတဲ့ လက္ခဏာမရှိသေးဘူး ၊ မန္တလေးဆေးရုံမှာ ဆရာဝန်ကြီးနဲ့ ထပ်ပြီးပြဦးမှာဖြစ်တယ် ” လို့ ဓာတုဗေဒပစ္စည်းနဲ့တိုက်ခိုက်ခံရတဲ့ ကာယကံရှင်ဖြစ်သူ ကိုနိုင်နိုင်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နစ်နာသူကာယကံရှင်က တိုက်ခိုက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ မုံရွာနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတာဖြစ်ပြီး ရဲစခန်းက နာကျင်မှုဖြင့်သာ အမှုရေးဖွင့်လက်ခံခဲ့ကာ တိုက်ခိုက်သူတွေကို ဒီကနေ့အထိ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ နစ်နာသူရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာအခြေစိုက် တရားလွှတ်တော်ရှေ့နေကြီး ဦးသော်တာဦး ပြောပြာတာက “ ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ ရည်ရွယ်ချက်ရှိရှိ တမင်ကြံရွယ် စောင့်ဆိုင်းပြီး ထိထိမိမိ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် သာမန်နာကျင်မှု ရိုးရိုးနဲ့ အမှုဖွင့်တာဟာ တကယ်ဆိုရင် လုံးလောက်မှုမရှိဘူး ၊ တပါးသူရဲ့ အသက်ကို သေစေနိုင်အောင် ရည်ရွယ်ကြံဆောင်ပြီး တိုက်ခိုက်တာဖြစ်တယ် ၊ လူသတ်မှုကိုကျူးလွန်ရန် အားထုတ်မှု ၊ ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်အား နာကျင်စေလျင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ အရပါ တွဲဖက်ပြီး အမှုဖွင့် အရေးယူရမှာဖြစ်တယ် ၊ နောက်ပြီး အခုဖြစ်စဉ်က ဓာတုဗေဒပစ္စည်းကို အသုံးပြုတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆလို့ရနိုင်တယ် ၊ ဒီတော့ အခင်းဖြစ်ပွားချိန်က နစ်နာသူ ကာယကံရှင်ဝတ်ထားတဲ့ အဝတ်တွေကို ဓာတုဝန်ရုံးကို ပို့ဆောင်ပြီး အသုံးပြုတဲ့ လက်နက်အမျိုးအစားဟာ ဘယ်လိုအရာ ဘယ်လိုပစ္စည်းတွေကို အသုံးပြုတယ်ဆိုတာ ဓာတုဝန်ရုံးက ပညာရှင်တွေရဲ့ ထင်မြင်ချက်ကို တောင်းခံရယူပြီး လစ်ဟင်းမှုမရှိအောင် လုပ်ရတဲ့ကိစ္စမျိုးဖြစ်တယ် ” လို့ ပြောပါတယ်။

အများပြည်သူ ဥဓဟိုသွားလာနေတဲ့ ကျောက္ကာလမ်းမကြီးပေါ်မှာ အခုလို ဓာတုဗေဒပစ္စည်းတွေကို လက်နက်လိုအသုံးပြုပြီး ချောင်းမြောင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေပေါ်ပေါက်နေတာတွေကို လက်ရဖမ်းဆီးနိုင်တာမရှိသေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ အလားတူတိုက်ခိုက်တာတွေ ထပ်မံဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

မံုရြာၿမိဳ႔က လမ္းမၾကီးေပၚမွာ ဓာတုေဗဒပစၥည္းေတြနဲ႔ ေခ်ာင္းေျမာင္းတိုက္ခိုက္တာေတြရွိတဲ့အတြက္ ခရီးသြားလာေနသူေတြ စိုးရိမ္ေနရ

မံုရြာ၊ ၾသဂုတ္ ၂၆ – ၂၀၂၀
သက္စမ္းေရ (VOM)

မံုရြာျမိဳ႕ရဲ႕ လူသြားလူလာစည္ကားတဲ့ ေက်ာကၠာလမ္းမၾကီးေပၚမွာ ဓာတုေဗဒပစၥည္းေတြကို လက္နက္သဖြယ္အသံုးျပဳျပီး ေခ်ာင္းေျမာင္းတိုက္ခိုက္တာေတြရွိေနတယ္လို႔ တိုက္ခိုက္ခံရတဲ႔ ကာယရွင္ကို္ယ္တိုင္က ေျပာပါတယ္။

“ ညေန ၅ နာရီေလာက္မွာ ေက်ာကၠာလမ္းမၾကီးရဲ႕ ဆိုင္ကယ္စီးလမ္းအတိုင္း က်ေနာ္က ဆိုင္ကယ္စီးလာတယ္ ၊ ေက်ာကၠာလမ္းနဲ႔ ဗိုလ္ေတဇလမ္းဆံုးအနီးက လမ္းေဘး တမာပင္ကိုကြယ္ျပီး ေခ်ာင္းေျမာင္းပုန္းေနတဲ႔သူက က်ေနာ္႔ဆိုင္ကယ္လဲေရာက္လာေရာ ပုန္းေနရာကေန ရုတ္တရက္ထြက္ျပီး အရည္တမ်ိဳးနဲ႔ ကၽြန္ေတာ့္ကို ပတ္လုိက္တယ္ ၊ မီးစနဲ႔ထိုးသလို တကိုယ္လံုး ပူထူသြားေတာ႔ ဒါဟာ ဓာတုေဗဒပစၥည္းတမ်ိဳးမ်ိဳးနဲ႔ တိုက္ခိုက္တာပဲဆိုျပီး အက်ၤီ ကို ခ်က္ခ်င္းခၽြတ္ျပီး အနီးကေရေတြနဲ႔ အျမန္ဆံုးေလာင္းခဲ႔ရတယ္၊ ဒီေန႔ဆို ၁ လနဲ႔ ၁၁ ရက္ရွိျပီ၊ ဒဏ္ရာကေတာ႔ ဦးေခါင္းေနာက္ေစ႔ ဘယ္ဘက္တျခမ္းလံုးနဲ႔ ဘယ္ဘက္ပခံုး နဲ႔ ဘယ္လက္ေမာင္း ေနရာေတြမွာျဖစ္တယ္ ၊ မီးေလာင္ဖုေတြလိုျဖစ္ျပီး အေရျပားတျပင္လံုး လိႈက္စားေနတယ္၊ သက္သာတဲ႔ လကၡဏာမရွိေသးဘူး ၊ မႏၱေလးေဆးရံုမွာ ဆရာ၀န္ၾကီးနဲ႔ ထပ္ျပီးျပဦးမွာျဖစ္တယ္ ” လို႔ ဓာတုေဗဒပစၥည္းနဲ႔တိုက္ခိုက္ခံရတဲ့ ကာယကံရွင္ျဖစ္သူ ကိုနိုင္နိုင္ဦးက ေျပာပါတယ္။

အဲ႔ဒီ တိုက္ခိုက္ခံရမႈနဲ႔ ပတ္သက္လို႔ နစ္နာသူကာယကံရွင္က တိုက္ခိုက္သူေတြကို ေဖာ္ထုတ္အေရးယူေပးဖို႔ မံုရြာနယ္ေျမရဲစခန္းမွာ အမႈဖြင္႔တိုင္တန္းထားတာျဖစ္ၿပီး ရဲစခန္းက နာက်င္မႈျဖင္႔သာ အမႈေရးဖြင္႔လက္ခံခဲ႔ကာ တိုက္ခိုက္သူေတြကို ဒီကေန႔အထိ ေဖာ္ထုတ္ဖမ္းဆီးနိုင္တာ မရွိေသးဘူးလို႔ နစ္နာသူရဲ႕ ေဆြမ်ိဳးေတြက ေျပာပါတယ္။

ဒါ႔အျပင္ မံုရြာအေျခစိုက္ တရားလႊတ္ေတာ္ေရွ႔ေနၾကီး ဦးေသာ္တာဦး ေျပာျပာတာက “ ဒီတိုက္ခိုက္မႈျဖစ္စဥ္ဟာ ရည္ရြယ္ခ်က္ရွိရွိ တမင္ၾကံရြယ္ ေစာင္႔ဆိုင္းျပီး ထိထိမိမိ တိုက္ခိုက္ခဲ႔တာျဖစ္တဲ့အတြက္ သာမန္နာက်င္မႈ ရိုးရိုးနဲ႔ အမႈဖြင္႔တာဟာ တကယ္ဆိုရင္ လံုးေလာက္မႈမရွိဘူး ၊ တပါးသူရဲ႕ အသက္ကို ေသေစနိုင္ေအာင္ ရည္ရြယ္ၾကံေဆာင္ျပီး တိုက္ခိုက္တာျဖစ္တယ္ ၊ လူသတ္မႈကိုက်ဴးလြန္ရန္ အားထုတ္မႈ ၊ ထိုျပဳလုပ္မႈျဖင္႔ တစ္ဦးတစ္ေယာက္အား နာက်င္ေစလ်င္ ရာဇသတ္ၾကီး ဥပေဒ ပုဒ္မ ၃၀၇ အရပါ တြဲဖက္ျပီး အမႈဖြင္႔ အေရးယူရမွာျဖစ္တယ္ ၊ ေနာက္ျပီး အခုျဖစ္စဥ္က ဓာတုေဗဒပစၥည္းကို အသံုးျပဳတိုက္ခိုက္တာ ျဖစ္နိုင္တယ္လို႔ ယူဆလို႔ရနိုင္တယ္ ၊ ဒီေတာ႔ အခင္းျဖစ္ပြားခ်ိန္က နစ္နာသူ ကာယကံရွင္၀တ္ထားတဲ႔ အ၀တ္ေတြကို ဓာတု၀န္ရံုးကို ပို႔ေဆာင္ၿပီး အသံုးျပဳတဲ႔ လက္နက္အမ်ိဳးအစားဟာ ဘယ္လိုအရာ ဘယ္လိုပစၥည္းေတြကို အသံုးျပဳတယ္ဆိုတာ ဓာတု၀န္ရံုးက ပညာရွင္ေတြရဲ႕ ထင္ျမင္ခ်က္ကို ေတာင္းခံရယူျပီး လစ္ဟင္းမႈမရွိေအာင္ လုပ္ရတဲ႔ကိစၥမ်ိဳးျဖစ္တယ္ ” လို႔ ေျပာပါတယ္။

အမ်ားျပည္သူ ဥဓဟိုသြားလာေနတဲ႔ ေက်ာကၠာလမ္းမၾကီးေပၚမွာ အခုလို ဓာတုေဗဒပစၥည္းေတြကို လက္နက္လိုအသံုးျပဳျပီး ေခ်ာင္းေျမာင္းတိုက္ခိုက္တဲ႔ ျဖစ္စဥ္ေတြေပၚေပါက္ေနတာေတြကို လက္ရဖမ္းဆီးနိုင္တာမရွိေသးတဲ့အတြက္ ေဒသခံျပည္သူေတြဟာ အလားတူတိုက္ခိုက္တာေတြ ထပ္မံျဖစ္လာမွာကို စိုးရိမ္ပူပန္ေနၾကတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW