ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးမယ်လို့ တရုတ်နိုင်ငံကတိပြု

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးမယ်လို့ တရုတ်နိုင်ငံကတိပြု

ပေကျင်း၊ သြဂုတ်-၂၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံကတာဝန်ရှိသူတွေနဲ့ သြဂုတ် ၂၄ ရက်ကပြုလုပ်တဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲမှာ တရုတ်ဝန်ကြီးချုပ် လီကားချန်က ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အခုလို ကတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်နဲ့ မဲခေါင်ဒေသ ၅ နိုင်ငံဟာ အနီးကပ်ဆုံး မိသားစုအသိုင်းအဝိုင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးမှုတွေ ပြန်လည်ရှင်သန်ရေးမှာ တစ်ဦးနဲ့တစ်ဦးရိုင်းပင်းပြီး အတူတကွလုပ်ကိုင်သွားရမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်ခဲ့ပါက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တက်ကြွစွာ ထောက်ပံ့သွားမှာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်ကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ အထူးသဖြင့် မဲခေါင်ဒေသမှာ သူ့ရဲ့သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ ရည်ရွယ်နေဖွယ်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုထားတာရှိပါတယ်။

Ref : NHK
Photo : Gov.Cn
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ျမန္မာအပါအ၀င္ မဲေခါင္ေဒသနိုင္ငံေတြကို ဦးစားေပးမယ္လို႔ တရုတ္နိုင္ငံကတိျပဳ

ေပက်င္း၊ ၾသဂုတ္-၂၅-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ထုတ္လုပ္နုိင္ပါက ျမန္မာနုိင္ငံအပါအ၀င္ မဲေခါင္ေဒသနိုင္ငံေတြကို ဦးစားေပးအေနနဲ႔႔ ကာကြယ္ေဆးရိွေစဖို႔ ေဆာင္ရြက္သြားမယ္လို႔ တရုတ္နိုင္ငံက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္း၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ လာအို၊ ျမန္မာနိုင္ငံကတာ၀န္ရိွသူေတြနဲ႔ ၾသဂုတ္ ၂၄ ရက္ကျပဳလုပ္တဲ႔ အြန္လိုင္းမွတစ္ဆင္႔ ေဆြးေႏြးပြဲမွာ တရုတ္၀န္ၾကီးခ်ဳပ္ လီကားခ်န္က ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး အခုလို ကတိျပဳေျပာဆိုလိုက္တာျဖစ္ပါတယ္။

တရုတ္နဲ႔ မဲေခါင္ေဒသ ၅ နုိင္ငံဟာ အနီးကပ္ဆံုး မိသားစုအသိုင္းအ၀ိုင္းျဖစ္ေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးနဲ႔ ေဒသတြင္း ဖြံ႕ျဖိဳးမႈေတြ ျပန္လည္ရွင္သန္ေရးမွာ တစ္ဦးနဲ႔တစ္ဦးရိုင္းပင္းျပီး အတူတကြလုပ္ကိုင္သြားရမွာျဖစ္တယ္လို႔ တရုတ္၀န္ၾကီးခ်ဳပ္က ေျပာပါတယ္။

တရုတ္နိုင္ငံအေနနဲ႔ ကာကြယ္ေဆးထုတ္လုပ္နိုင္ခဲ႔ပါက ဖြံ႔ျဖိဳးဆဲနုိင္ငံေတြကို တက္ၾကြစြာ ေထာက္ပံ့သြားမွာျဖစ္တယ္လို႔ တရုတ္သမၼတရိွီက်င္းပင္ကလည္း အေစာပိုင္းမွာ ေျပာဆိုထားပါတယ္။ တရုတ္နိုင္ငံဟာ အထူးသျဖင္႔ မဲေခါင္ေဒသမွာ သူ႕ရဲ႕ၾသဇာလႊမ္းမိုးမႈကို တိုးျမွင္႔ဖို႔ ရည္ရြယ္ေနဖြယ္ရိွတယ္လို႔ နိုင္ငံေရးအကဲခတ္ေတြက ေျပာဆိုထားတာရွိပါတယ္။

Ref : NHK
Photo : Gov.Cn
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW