မန္တလေးတိုင်းမှာ မဲစာရင်းအမှားပြင်ဆင်မှုပြုလုပ်ပြီး မဲပေးခွင့်ဦးရေ ၁သိန်း၂သောင်းကျော်တိုးလာ

မန္တလေးတိုင်းမှာ မဲစာရင်းအမှားပြင်ဆင်မှုပြုလုပ်ပြီး မဲပေးခွင့်ဦးရေ ၁သိန်း၂သောင်းကျော်တိုးလာ

မန္တလေး၊ စက်တင်ဘာ ၂-၂၀၂၀
မောင်တာရာ(VOM)

မန္တလေးတိုင်းမှာ ပြင်ဆင်ပေးဖို့လျှောက်ထားတဲ့ မဲစာရင်းတွေကို ပြင်ဆင်ပြီးနောက်ပိုင်းမှာ ပထမအကြိမ်ကြော်ငြာခဲ့တဲ့ မဲပေးခွင့်ဦးရေထက် (၁သိန်း၂သောင်း) ကျော်တိုးလာတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။

”ပြီးခဲ့တဲ့ ၇ လပိုင်း ၂၅ ရက်နေ့က စပြီးတော့ မဲစာရင်းကို ၁၄ ရက်ကပ်ပါတယ်။အဲခါမှာ Covid -19ကပ်ရောဂါရယ် သဘာဝဘေးရေကြီးတဲ့ ကျေးရွာတွေရှိတယ်၊ ကမ်းဘေးက ရွာတွေက မဲစာရင်းမကြည်နိုင်တော့ မဲစာရင်းကြည့်ချိန်ကို ၇ ရက် ထပ်တိုးပေးပါတယ်၊ အဲ့ဒီ ၂၁ ရက်အတွင်းမှာ ပြည်သူတွေက ပုံစံ ၃ နဲ့ အမည်စာရင်းမပါလို့ တောင်းဆိုတာ ရှိပါတယ်။ သေဆုံးတဲ့သူတွေပါလို့ ပုံစံ ၄ နဲ့ ကန့်ကွက်တာရှိပါတယ်။ စာလုံးပေါင်းသတ်ပုံမှားလို့ ပုံစံ ၄ ဂ နဲ့ ပြင်ဆင်တာရှိပါတယ်။ ပြင်ဆင်တဲ့အချုပ်ကို ဒီလကုန်မှာ အပြီး ပြုစုလိုက်တဲ့ အနေအထားကတော့ လက်ရှိမဲစာရင်းကတော့ ၄၆၉၅၂၇၇ ဦးရှိပါတယ်၊ ပထမအကြိမ်ကပ်တဲ့အနေအထားအပေါ် မဲပေးခွင့်တိုးလာတာ ၁၂၀၀၀၀ ကျော်တိုးလာပါတယ်။”လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။

မန္တလေးတိုင်းမှာ ပထမအကြိမ်မဲစာရင်းတွေ ကပ်ထားကြော်ငြာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိကြေငြာခဲ့ရာမှာတော့ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃)နဲ့ တောင်းဆိုလျှောက်ထားသူ၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူနဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိခြင်းကြောင့် ပုံစံ ၄ (ဂ)နဲ့ ပြင်ဆင်လွှာ ဖြည့်သူတွေရဲ့ မဲစာရင်းတွေကို ပြင်ဆင်ပြီးနောက် မဲပေးခွင့်ဦးရေဟာ ပထမအကြိမ်ကြော်ငြာခဲ့တဲ့ မဲပေးခွင့်ဦးရေထက် (၁၂၀၀၀၀)ကျော် တိုးလာတာဖြစ်ပါတယ်။

ပထမအကြိမ် မဲစာရင်းကပ်ထားကြော်ငြာရာမှာတော့ မဲပေးခွင့်ဦးရေဟာ ၄၅ သိန်းကျော်ရှိပြီး မဲစာရင်းအမှားတွေကို ပြင်ဆင်ပြီးနောက် မဲပေးခွင့်ဦးရေ ၄၆ သိန်းကျော်ထိရှိလာခဲ့ပါတယ်။

ဒုတိယအကြိမ် အခြေခံမဲစာရင်း ကပ်ထားကြော်ငြာခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထပ်မံကြော်ငြာသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးတုိင္းမွာ မဲစာရင္းအမွားၿပင္ဆင္မႈၿပဳလုပ္ၿပီး မဲေပးခြင့္ဦးေရ ၁သိန္း၂ေသာင္းေက်ာ္တိုးလာ

မႏၲေလး၊ စက္တင္ဘာ ၂-၂၀၂၀
ေမာင္တာရာ(VOM)

မႏၲေလးတုိင္းမွာ ျပင္ဆင္ေပးဖို႔ေလ်ွာက္ထားတဲ့ မဲစာရင္းေတြကုိ ၿပင္ဆင္ျပီးေနာက္ပိုင္းမွာ ပထမအႀကိမ္ေျကာ္ျငာခဲ့တဲ့ မဲေပးခြင့္ဦးေရထက္ (၁သိန္း၂ေသာင္း) ေက်ာ္တုိးလာတယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးရွိန္ဝင္းကေျပာပါတယ္။

”ၿပီးခဲ့တဲ့ ၇ လပုိင္း ၂၅ ရက္ေန႕က စျပီးေတာ့ မဲစာရင္းကုိ ၁၄ ရက္ကပ္ပါတယ္။အဲခါမွာ Covid -19ကပ္ေရာဂါရယ္ သဘာဝေဘးေရႀကီးတဲ့ ေက်းရြာေတြရွိတယ္၊ ကမ္းေဘးက ရြာေတြက မဲစာရင္းမႀကည္ႏုိင္ေတာ့ မဲစာရင္းႀကည့္ခ်ိန္ကုိ ၇ ရက္ ထပ္တုိးေပးပါတယ္၊ အဲ့ဒီ ၂၁ ရက္အတြင္းမွာ ျပည္သူေတြက ပုံစံ ၃ နဲ႕ အမည္စာရင္းမပါလုိ႔ ေတာင္းဆုိတာ ရွိပါတယ္။ ေသဆုံးတဲ့သူေတြပါလုိ႔ ပုံစံ ၄ နဲ႕ ကန္႕ကြက္တာရွိပါတယ္။ စာလုံးေပါင္းသတ္ပုံမွားလုိ့ ပုံစံ ၄ ဂ နဲ႕ ျပင္ဆင္တာရွိပါတယ္။ ျပင္ဆင္တဲ့အခ်ဳပ္ကုိ ဒီလကုန္မွာ အျပီး ျပုစုလုိက္တဲ့ အေနအထားကေတာ့ လက္ရွိမဲစာရင္းကေတာ့ ၄၆၉၅၂၇၇ ဦးရွိပါတယ္၊ ပထမအႀကိမ္ကပ္တဲ့အေနအထားအေပၚ မဲေပးခြင့္တုိးလာတာ ၁၂၀၀၀၀ ေက်ာ္တုိးလာပါတယ္။”လို႔ မႏၲေလးတုိင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးရွိန္ဝင္းကေျပာပါတယ္။

မႏၲေလးတုိင္းမွာ ပထမအႀကိမ္မဲစာရင္းေတြ ကပ္ထားေႀကာ္ၿငာၿခင္းကုိ ဇူလုိင္လ ၂၅ ရက္ေန႔ကေန ႀသဂုတ္လ ၁၄ ရက္ေန႕အထိေၾကျငာခဲ့ရာမွာေတာ့ မဲစာရင္းမွာ မပါဝင္တဲ့အတြက္ ပုံစံ (၃)နဲ႕ ေတာင္းဆုိေလွ်ာက္ထားသူ၊ မဲစာရင္းမွာ မပါဝင္သင့္သူေတြ ပါဝင္ေနတဲ့အတြက္ ပုံစံ (၄)နဲ႔ ကန္႕ကြက္လႊာတင္သြင္းသူနဲ႕ ကုိယ္ေရးအခ်က္အလက္ မွန္ကန္မႈမရွိၿခင္းေႀကာင့္ ပုံစံ ၄ (ဂ)နဲ႔ ၿပင္ဆင္လႊာ ၿဖည့္သူေတြရဲ႕ မဲစာရင္းေတြကုိ ၿပင္ဆင္ျပီးေနာက္ မဲေပးခြင့္ဦးေရဟာ ပထမအႀကိမ္ေျကာ္ျငာခဲ့တဲ့ မဲေပးခြင့္ဦးေရထက္ (၁၂၀၀၀၀)ေက်ာ္ တုိးလာတာျဖစ္ပါတယ္။

ပထမအႀကိမ္ မဲစာရင္းကပ္ထားေႀကာ္ၿငာရာမွာေတာ့ မဲေပးခြင့္ဦးေရဟာ ၄၅ သိန္းေက်ာ္ရွိၿပီး မဲစာရင္းအမွားေတြကုိ ၿပင္ဆင္ၿပီးေနာက္ မဲေပးခြင့္ဦးေရ ၄၆ သိန္းေက်ာ္ထိရွိလာခဲ့ပါတယ္။

ဒုတိယအႀကိမ္ အေၿခခံမဲစာရင္း ကပ္ထားေႀကာ္ျငာျခင္းကုိ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ထပ္မံေႀကာ္ျငာသြားမွာၿဖစ္ျပီး ၂၀၂၀ ခုႏွစ္ ပါတီစုံ ဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲကုိ ႏုိဝင္ဘာလ ၈ ရက္ေန႕မွာ က်င္းပသြားမွာၿဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW