ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး

ကိုဗစ်-၁၉ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုမှာ လူနာ ၁ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၄-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်တွင်းကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ်-၁၀၂၃ ဟာ မနေ့ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက သေဆုံးသွားပြီဖြစ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

လူနာဟာ နဂိုထဲက ရောဂါအခံရှိသူဖြစ်သလို ကိုဗစ်-၁၉ ရောဂါပါ ကူးစက်ခံထားရတာကြောင့် သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသူဟာ ပြည်ပကို ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိဘဲ ကူးစက်ခံထားရသူ ဖြစ်ပါတယ်။

” လူနာ-၁၀၂၃က အမျိုးသမီးဖြစ်တယ်။ အရေပြား လေးဘက်နာအခံရှိတယ်၊ အဆုပ်မကောင်းဘူး၊ မန္တလေးမှာ ၈ လပိုင်း ၁၄ ရက်က ဆေးကုသမှုရှိခဲ့တယ်။ သွေးသန့်စင်ဖို့ လိုတဲ့အနေအထား၊ ဒါပေမယ့် ဆက်မလုပ်တော့ဘဲ ပြန်ဆင်းလာတယ်၊ နောက် အိမ်မှာဖျားတယ်၊ ချောင်းဆိုးတယ်၊ ရောဂါလက္ခဏာတွေဖြစ်လို့ ဆေးကုသမှုယူတယ်၊ ၁ ရက်နေ့မှာ စစ်ဆေးတယ်၊ ၂ ရက်နေ့မှာ ပိုးရှိကြောင်းအဖြေထွက်တယ်၊ ၃ ရက်နေ့မနက် ၁၀ နာရီခွဲမှာ ဝေဘာဂီမှာဆေးကုသတယ်။ ည ၁၀ နာရီခွဲမှာဆုံးတယ်။”လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ကိုဗစ်လူနာဟာ အသက် (၄၆) နှစ်အရွယ်ဖြစ်ပြီး ရောဂါအခံကြောင့် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးကာ ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက် သေဆုံးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားခဲ့ရင် ပုံမှန်လူတွေထက် အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်ကြောင်း၊ ပြင်းထန်မှုဟာ သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၁၃၃ ဦးအထိရှိလာပြီး အဲ့ဒီထဲကမှ ကိုဗစ် ပထမလှိုင်းမှာ လူနာ (၆)ဦးသေဆုံးမှုရှိခဲ့ပြီး အခုပြည်တွင်းကူးစက်မှု မြှင့်တက်လာတဲ့ ကိုဗစ် ဒုတိယလှိုင်းမှာ အတည်ပြုလူနာ (၁)ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္-၁၉ဒုတိယလိႈင္း ျပည္တြင္းကူးစက္မႈမွာ လူနာ ၁ဦး ေသဆုံး

ရန္ကုန္၊ စက္တင္ဘာ ၄-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႔၊ ေျမာက္ဥကၠလာပၿမိဳ႔နယ္၊ ေဝဘာဂီေဆးရံုမွာ ေဆးကုသမႈခံယူေနတဲ့ ျပည္တြင္းကူးစက္ခံထားရတဲ့ ကိုဗစ္လူနာအမွတ္-၁၀၂၃ ဟာ မေန႔ စက္တင္ဘာလ ၃ ရက္ေန႔ ညပိ္ုင္းက ေသဆုံးသြားၿပီျဖစ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနမွ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

လူနာဟာ နဂိုထဲက ေရာဂါအခံ႐ွိသူျဖစ္သလို ကိုဗစ္-၁၉ ေရာဂါပါ ကူးစက္ခံထားရတာေၾကာင့္ ေသဆုံးရျခင္းျဖစ္ၿပီး ေသဆံုးသူဟာ ျပည္ပကို ခရီးသြားရာဇဝင္မ႐ွိသလို ကိုဗစ္အတည္ျပဳလူနာနဲ႔လည္း ထိေတြ႔မႈမ႐ွိဘဲ ကူးစက္ခံထားရသူ ျဖစ္ပါတယ္။

” လူနာ-၁၀၂၃က အမ်ိဳးသမီးျဖစ္တယ္။ အေရျပား ေလးဘက္နာအခံ႐ွိတယ္၊ အဆုပ္မေကာင္းဘူး၊ မႏၱေလးမွာ ၈ လပိုင္း ၁၄ ရက္က ေဆးကုသမႈ႐ွိခဲ့တယ္။ ေသြးသန္႔စင္ဖို႔ လိုတဲ့အေနအထား၊ ဒါေပမယ့္ ဆက္မလုပ္ေတာ့ဘဲ ျပန္ဆင္းလာတယ္၊ ေနာက္ အိမ္မွာဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ ေရာဂါလကၡဏာေတြျဖစ္လို႔ ေဆးကုသမႈယူတယ္၊ ၁ ရက္ေန႔မွာ စစ္ေဆးတယ္၊ ၂ ရက္ေန႔မွာ ပိုး႐ွိေၾကာင္းအေျဖထြက္တယ္၊ ၃ ရက္ေန႔မနက္ ၁၀ နာရီခြဲမွာ ေဝဘာဂီမွာေဆးကုသတယ္။ ည ၁၀ နာရီခြဲမွာဆုံးတယ္။”လို႔ ေဒါက္တာခင္ခင္ႀကီး ကေျပာပါတယ္။

ကိုဗစ္လူနာဟာ အသက္ (၄၆) ႏွစ္အရြယ္ျဖစ္ၿပီး ေရာဂါအခံေၾကာင့္ ေနာက္ဆုံးအဆင့္ ေက်ာက္ကပ္ပ်က္စီးကာ ႐ုတ္တရက္ ႏွလုံးစည္းခ်က္မမွန္ျဖစ္ၿပီး ႏွလုံးအေမာေဖာက္ ေသဆုံးသြားျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ေရာဂါအခံ႐ွိသူ​ေတြမွာျဖစ္ပြားခဲ့ရင္ ပုံမွန္လူေတြထက္ အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္ေၾကာင္း၊ ျပင္းထန္မႈဟာ ေသဆုံးတဲ့အထိျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁၁၃၃ ဦးအထိ႐ွိလာၿပီး အဲ့ဒီထဲကမွ ကိုဗစ္ ပထမလိႈင္းမွာ လူနာ (၆)ဦးေသဆုံးမႈ႐ွိခဲ့ၿပီး အခုျပည္တြင္းကူးစက္မႈ ျမွင့္တက္လာတဲ့ ကိုဗစ္ ဒုတိယလိႈင္းမွာ အတည္ျပဳလူနာ (၁)ဦး ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW