Voice Of Myanmar ဆိုတာ မြန်မာပြည်သူလူထုအသံကို ဖေါ်ထုတ်ဖို့ တည်ထောင်ထားတဲ့ သတင်းဌာနမို့ ပြည်သူတွေနေ့စဉ်ကြုံတွေနေရတဲ့ အခက်အခဲတွေထဲက အများနဲ့သက်ဆိုင်တဲ့ ထိခိုက်နစ်နာမှုများတဲ့ ကိစ္စရပ်တွေကို သက်ဆိုင်ရာက သိရှိပြီး ပြေလည်နိုင်စေဖို့ ဖွင့်လှစ်ထားတဲ့ လူထုအသံကဏ္ဍကိုဖွင့်လှစ်ပေးထားပါတယ်။ ဒီအစီအစဉ်ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပင်းဇင်ကျေးရွာက ပေးပို့လာတဲ့ စာတစ်စောင်ကို တင်ပြလိုက်ပါရစေ။
ကျေးဇူးပြုပြီးကျွန်တော်တို့တင်ပြမယ့် သတင်းလေးတင်ပြပေးခင်မျာလို့တောင်းဆိုပါတယ်။ဤသတင်းသည်မှန်ကန်ကြောင်း တာဝန်ခံမှုတာဝန်ယူမှု အပြည့်ဝအာမခံပါတယ်ခင်ဗျာ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်းဇင်ကျေးရွာ၊ (၇၃)ကွင်း၊ ပင်းဇင်းကျေးရွာပိုင်(၁၄ဧက)ကျော်ရှိတဲ့ ရွာရဲ့ကျွဲကျောင်းရိုးကို ပင်းဇင်းကျေးရွာဥက္ကဌမောင်နေဦးက ငါးလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးနေသူရိန်ကမြေဧက(၁၀၀)ကျော်ဝယ်ခဲ့သည့်ထဲ ငါးကန်ဆည်ဘောင်ခက်ဖို့ဆည်ဘောင်ရိုးလုပ်သည့်နေရာတွင် ကျေးရွာရဲ့မြေပိုင်ဖြစ်တဲ့(၁၄ဧက)က ျွဲကျောင်းရိုးကျေးရွာကိုအသိမပေးဘဲ လိမ်လည်ပြီးတစ်ဦးတစ်ယာက်တည်းကိုယ်ကျိုးစီးပ္ပါးအတွက်အသုံးချပြီးရောင်းစားလိုက်ပါတယ်။
ထိုကိစ္စနဲ့ပတ်သတ်ပြီးကျေးရွာရှိတာဝန်ရှိလူကြီးများနဲ့ကျေးရွာဖွံ့ဖြိုုးရေးကလည်းမသိချင်သလိုဟန်ဆောင်ပြီး ဒီကိစ္စအတွက်ရွာကိုဖြေရှင်းပေးမူဘာတခုမှာမလုပ်ပေးခဲ့ပါဘူး။ ကျေးရွာပိုင်ကျွဲကျောင်းရိုး(၁၄ဧက)၏ကာလတန်ကြေးမှာ ၁ဧကကိုလက်ရှိပေါက်စျေး ၅၀မှ၁၀၀ အထက်ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီးကျေးရွာဥက္ကဌနှင့်ကျေးရွာတာဝန်ရှိလူကြီးများကကျေးရွာပိုင်ကျွဲကျောင်းရိုးမြေကိုကျေးရွာနဲ့တိုင်ပင်မှုမရှိဘဲကျေးရွာကိုအသိပေးခြင်းမရှိဘဲ ကိုယ့်ကျိုးစီးပ္ပါးအတွက်အသုံးကြနေကြောင်း အရင်အရင်ဥက္ကဌဟောင်းဦဝင်းမောင်လက်ထက်ကလဲ ကျေးရွာကိုစာကြည့်တိုက်ဆောက်ပို့မြို့နယ်ကချပေးတဲ့ ကျေးရွာပိုင်ပစ္စည်းတွေကို ကိုယ်ကျိုးအတွက်အသုံးကြပြီး မီးဖိုချောင်အဖြစ်ဆောက်လုပ်ခဲ့ပါတယ်။ အဲဒါကိုလည်း ကျေးရွာက တာဝန်ရှိလူကြီးများနဲ့သက်ဆိုင်ရာအကြီးကဲတွေလာရောက်တာဝန်ယူမဖြေရှင်းပေးခဲ့ပါဘူး။
ဒီတစ်ကြိမ်တော့ထိထိရောက်ရောက်နဲ့သက်ဆိုင်ရာအကြီးကဲများသိစေရန် ဝက်လက်မြို့နယ်လွတ်တော်အမတ်ဦးစိုးဝင်းထွန်းလည်းလာရောက်ဖြေရှင်းမှု မရှိသည့်အတွက် သက်ဆိုင်ရာလူကြီးများက ဒီလိုကျေးရွာပိုင်မြေကိုအလွဲသုံးစာလုပ်သည့် ပင်းဇင်းကျေးရွာဥက္ကဌကို အမှုမှန်ဖော်ထုတ်ပြီးအရေးယူပေးရန်ပင်းဇင်းသားဝင်းချိုအောင်ဦးဆောင်မှုနဲ့အတူ ပင်းဇင်းကျေးရွာသူကျေးရွာသားများကVoice of Myanmar သတင်းဌာနကိုပေးပို့ရခြင်းဖြစ်ပါတယ်။
ဤသတင်းကိုတင်ပြပေးရန်လည်းမေတ္တာရပ်ခံပါသည်။
ဤသတင်းမှန်ကန်ကြောင်း ကျေးရွာနေကျေးရွာသူကျေးရွာသားများမှ တာဝန်ခံမှုတာဝန်ယူမှုအပြည့်ဝပေးနိုင်ကြောင်းအာမခံပါသည်။
ပင်းဇင်းသားများ ဆိုပြီး ပေးပို့လာပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းများ အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Voice Of Myanmar ကို ဒီလိုစာမျိုး ပေးပို့ချင်တယ်ဆိုရင် မှတ်ပုံတင်အပြည့်အစုံနဲ့ အကြောင်းအရာအာမခံကြောင်း ရေးသားပြီး အီးမေလ်းကနေလည်းပေးပို့နိုင်ပါတယ်။
စာပါအကြောာင်းအရာများသည် ဗီအိုအမ်ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသားပေးပို့သည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။
အယ်ဒီတာအဖွဲ့ (ဗီအိုအမ်)
Zawgyi
ထိုကိစ္စနဲ့ပတ်သတ်ပြီးကျေးရွာရှိတာဝန်ရှိလူကြီးများနဲ့ ကျေးရွာဖွံ့ဖြိုးရေးကလည်း
ကျေးရွာပိုင်ကျွဲကျောင်းရိုး(၁၄ဧက)၏ကာလတန်ကြေးမှာ ၁ဧကကိုလက်ရှိပေါက်ဈေး ၅၀ မှ ၁၀၀ အထက်ရှိပါတယ်။
ဤသတင်းကိုတင်ပြပေးရန်လဲမေတ္တာရပ်ခံပါသည်။