ရန်ကုန်မြို့ရှိ မြို့နယ်အများစုကဈေးတွေကို နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပြထား

ရန်ကုန်မြို့ရှိ မြို့နယ်အများစုကဈေးတွေကို နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပြထား ရန်ကုန်၊ စက်တင်ဘာ ၁၃-၂၀၂၀ ယဉ်ပပထွန်း ( VOM) ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပျံကျဈေးတွေကို ဒီကနေ့စက်တင်ဘာ ၁၃ရက်က စတင်ပြီး နေ့လယ် ၁၂ နာရီထိသာ ရောင်းချခွင့်ပေးထားတယ်လို့ စမ်းချောင်းမြို့နယ် အမှတ်( ၂) တိုင်းကိုယ်စားလှယ် ဦးသော်တာအောင်က VOM ကိုပြောပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံြ့ပန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေ အစည်းအဝေးဆုံဖြတ်နဲ့ စီစဉ်တာဖြစ်တယ်လို့သိရပါတယ်။ ” စမ်းချောင်းမြို့နယ်မှာက ပျံကျဈေး ၄ ဈေးလောက်ရှိတယ်။ ပျံကျဈေးက လူသွားလူလာများတော့ လူနည်းအောင်လုပ်ဆောင်တာပါ ။ အားလုံးအစည်းအဝေးထိုင်ပြီးတော့ ၁၂ နာရီထိရောင်း ၁၂ နာရီကျော်ရင်လမ်းဘေးမှာ မရောင်းနဲ့ဆိုပြီလုပ်ထားတာပါ ။အချိန်အနည်းငယ်ကန့်သတ်လိုက်တော့ ထိတွေ့မူလျော့သွားတာပေါ့ဗျာ ။ ဒါကတော့…

Read More

ပင်းဇင်းသားတွေပေးပို့တဲ့ လူထုအသံ

Voice Of Myanmar ဆိုတာ မြန်မာပြည်သူလူထုအသံကို ဖေါ်ထုတ်ဖို့ တည်ထောင်ထားတဲ့ သတင်းဌာနမို့ ပြည်သူတွေနေ့စဉ်ကြုံတွေနေရတဲ့ အခက်အခဲတွေထဲက အများနဲ့သက်ဆိုင်တဲ့ ထိခိုက်နစ်နာမှုများတဲ့ ကိစ္စရပ်တွေကို သက်ဆိုင်ရာက သိရှိပြီး ပြေလည်နိုင်စေဖို့ ဖွင့်လှစ်ထားတဲ့ လူထုအသံကဏ္ဍကိုဖွင့်လှစ်ပေးထားပါတယ်။ ဒီအစီအစဉ်ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပင်းဇင်ကျေးရွာက ပေးပို့လာတဲ့ စာတစ်စောင်ကို တင်ပြလိုက်ပါရစေ။     ကျေးဇူးပြုပြီးကျွန်​တော်​တို့တင်ပြမယ့် သတင်း​လေးတင်ပြ​ပေးခင်မျာလို့တောင်းဆိုပါတယ်။ဤသတင်းသည်မှန်ကန်​ကြောင်း တာဝန်ခံမှုတာဝန်ယူမှု အပြည့်ဝအာမခံပါတယ်ခင်ဗျာ။   စစ်ကိုင်းတိုင်း​၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်းဇင်​ကျေးရွာ၊ (၇၃)ကွင်း၊ ပင်းဇင်း​ကျေးရွာပိုင်(၁၄​ဧက)​ကျော်ရှိတဲ့ ရွာရဲ့ကျွဲ​ကျောင်းရိုးကို ပင်းဇင်း​ကျေးရွာဥက္ကဌ​မောင်​နေဦးက ငါးလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦး​နေသူရိန်ကမြေဧက(၁၀၀​)ကျော်ဝယ်ခဲ့သည့်ထဲ​ ငါးကန်ဆည်​ဘောင်ခက်ဖို့ဆည်​ဘောင်ရိုးလုပ်သည့်​နေရာတွင်​​​ ကျေးရွာရဲ့​မြေပိုင်ဖြစ်တဲ့(၁၄ဧက)က ျွဲ​ကျောင်းရိုး​ကျေးရွာကိုအသိမ​ပေးဘဲ လိမ်လည်ပြီးတစ်ဦးတစ်ယာက်တည်းကိုယ်ကျိုးစီးပ္ပါးအတွက်အသုံးချပြီး​ရောင်းစားလိုက်ပါတယ်။   ထိုကိစ္စနဲ့ပတ်သတ်ပြီး​ကျေးရွာရှိတာဝန်ရှိလူကြီးများနဲ့​ကျေးရွာဖွံ့ဖြိုုးရေးကလည်းမသိချင်သလိုဟန်​ဆောင်ပြီး ဒီကိစ္စအတွက်ရွာကို​ဖြေရှင်း​ပေးမူဘာတခုမှာမလုပ်​ပေးခဲ့ပါဘူး။ ​ကျေးရွာပိုင်ကျွဲ​ကျောင်းရိုး(၁၄ဧက)၏ကာလတန်​ကြေးမှာ ၁ဧကကိုလက်ရှိ​ပေါက်​စျေး  ၅၀မှ၁၀၀  အထက်ရှိပါတယ်။   ​ဒီကိစ္စနဲ့ပတ်သတ်ပြီး​ကျေးရွာဥက္ကဌနှင့်​ကျေးရွာတာဝန်ရှိလူကြီးများက​ကျေးရွာပိုင်​ကျွဲ​ကျောင်းရိုး​မြေကိုကျေးရွာနဲ့တိုင်ပင်မှုမရှိဘဲ​ကျေးရွာကိုအသိ​ပေးခြင်းမရှိဘဲ ကိုယ့်ကျိုးစီးပ္ပါးအတွက်အသုံးကြ​နေ​ကြောင်း အရင်အရင်ဥက္ကဌ​ဟောင်းဦဝင်း​မောင်လက်ထက်ကလဲ ကျေးရွာကိုစာကြည့်တိုက်​ဆောက်ပို့မြို့နယ်ကချ​ပေးတဲ့ ​ကျေးရွာပိုင်ပစ္စည်း​တွေကို ကိုယ်ကျိုးအတွက်အသုံးကြပြီး မီးဖို​ချောင်အဖြစ်​ဆောက်လုပ်ခဲ့ပါတယ်။…

Read More

တူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် ဂရိနိုင်ငံ စစ်ရေးတိုးမြှင့်

တူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် ဂရိနိုင်ငံ စစ်ရေးတိုးမြှင့် အေသင်၊ စက်တင်ဘာ-၁၃-၂၀၂၀ မျိုးဆက် (VOM) ဂရိနိုင်ငံဟာ အိမ်နီးချင်းတူရကီနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ စစ်ရေးတိုးမြှင့်မှု အရိပ်လက္ခဏာတစ်ရပ်အဖြစ် လက်နက်တွေဝယ်ယူမှုကို ကြေညာလိုက်ပါတယ်။ ဝယ်ယူလိုက်တဲ့ လက်နက်သစ်တွေထဲမှာ ပြင်သစ်တိုက်ခိုက်ရေးဂျက်လေယာဉ် ၁၈ စင်း၊ စစ်သင်္ဘော ၄ စင်း၊ ရေတပ်သုံးရဟတ်ယာဉ် ၄ စင်းတို့ပါဝင်တယ်လို့ ဝန်ကြီးချုပ် ကီရီရာကို့စ်မစ်ဆိုတာကစ် ကပြောပါတယ်။ ဂရိနိုင်ငံအနေနဲ့ လာမယ့် ငါးနှစ်ကျော်ကာလအတွင်းမှာ စစ်သား၁၅၀၀၀နဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို တိုးမြှင့်ဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။ မြေထဲပင်လယ်အရှေ့ပိုင်းမှာ အရန်ထားရှိတဲ့ ဓာတ်ငွေ့သိုက်တွေနဲ့ ပတ်သက်ပြီး ဂရိနှင့်တူရကီအကြား တင်းမာမှုများ မြင့်တက်နေပါတယ်။ တူရကီဟာ ဂရိနဲ့အငြင်းပွားနေတဲ့ အဲ့ဒီဒေသကို မကြာသေးမီက ငလျင်ဆိုင်ရာ သုတေသနပြုလုပ်မယ့်ရေယာဉ်တွေကို စေလွှတ်ခဲ့တာကြောင့် တင်းမာမှုတွေ နောက်ထပ်ဆိုးရွားနေပါတယ်။ နေတိုးမဟာမိတ်နှစ်နိုင်ငံအကြား ရေကြောင်းအခွင့်အရေးတွေနဲ့ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲမှုတွေရှိနေပြီး တင်းမာမှုတွေထပ်မံအရှိန်မြင့်လာမှာကို စိုးရိမ်နေကြပါတယ်။ ဂရိနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ဥရောပသမဂ္ဂက…

Read More

အုတ်ဖိုမြို့မှာ ကွာရန်တင်းဝင်နေတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ထွက်ပြေး

အုတ်ဖိုမြို့မှာ ကွာရန်တင်းဝင်နေတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ထွက်ပြေး အုတ်ဖို၊ စက်တင်ဘာ ၁၃-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်း ၊ အုတ်ဖို့မြို့မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ကွာရန်းတင်းကနေ ထွက်ပြေးသွားတာကြောင့် လိုက်လံရှာဖွေနေတယ်လို့ အုတ်ဖို့မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးကပြောပါတယ်။ “ကျနော်တို့လည်း လိုက်ရှာနေတယ်။ မတွေ့သေးဘူး။ ကျနော်တို့က တရားစွဲသွားမှာပါ။ကျနော်တို့ဆီကို ၁၁ ရက်နေ့ညက လာအပ်တာပါ၊ ပရဟိတအဖွဲ့တွေနဲ့ ကြို့ပင်ကောက်မြို့နယ်ကအဖွဲ့တွေ လာအပ်တာပေါ့။ အိမ်သာက ကွာရန်တင်းစင်တာရဲ့ နောက်မှာဆိုတော့ အပေါ့အပါးသွားသလိုနဲ့ပေါ့။ အိမ်သာသွားနေတယ်ဆိုပြီးထားတာ ပြီးတော့မှ ပြန်မလာမလာနဲ့ လိုက်တော့ ထွက်ပြေးသွားတာပေါ့။ “လို့ ဦးကျော်ဇင်ဦးကပြောပါတယ်။ အဲ့ဒီ အမျိုးသားကို စက်တင်ဘာလ ၁၁ ရက်နေ့ညမှာပဲ အုတ်ဖို့ မြို့က Hospital Quarantine ဆေးရုံနှစ်ထပ်ဆောင်သစ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာတော့ ကွာရန်တင်းစင်တာကနေ…

Read More

ပုသိမ်ခရိုင် စားသုံးသူရေးရာရုံးက အရာရှိ ၂ ဦးမှာ Covid-19 ရောဂါပိုးတွေ့

ပုသိမ်ခရိုင် စားသုံးသူရေးရာရုံးက အရာရှိ ၂ ဦးမှာ Covid-19 ရောဂါပိုးတွေ့ ပုသိမ်၊ စက်တင်ဘာ ၁၃-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်၂ ရပ်ကွက်၊ မင်းကြီးလမ်းရှိ ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက အရာရှိ ၂ ဦးဆီကနေ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးကပြောပါတယ်။ အဲ့ဒီရုံးက မြို့နယ်ဦးစီးအရာရှိ အမျိုးသမီးတစ်ဦးနဲ့ ဒု – ညွန်ကြားရေးမှူး အမျိုးသားတစ်ဦးတို့မှာ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး ပုသိမ်မြို့ကုတင် ၅၀၀ ဆန့် ဆေးရုံမှာ ဆေးကုသမူခံနေရတယ်လို့ သိရပါတယ်။ ” လူနာအမျိုးသမီးနဲ့ ထိတွေ့မိတဲ့ ပြင်ပဆရာဝန်တစ်ဦး နဲ့ ရုံးဝန်ထမ်း ၉ ဦးကို ပုသိမ်တက္ကသိုလ်၊ နန္ဒာဆောင်မှာ Quarantine ထားရှိခဲ့ပြီး ၃ ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာရုံးက ဒုတိယညွန်ကြားရေးမှူး အမျိုးသားတစ်ဦးဆီမှာလည်း ပိုးထပ်မံတွေ့ရှိခဲ့တယ်”လို့ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။…

Read More

အမေရိကန်အနောက်ကမ်းရိုးတန်းမှာ တောမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေ

အမေရိကန်အနောက်ကမ်းရိုးတန်းမှာ တောမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေ ဝါရှင်တန်၊ စက်တင်ဘာ ၁၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အနောက်ကမ်းရိုးတန်း ပြည်နယ်တွေတစ်လျှောက်မှာ လောင်ကျွမ်းနေတဲ့တောမီးကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အော်ရီဂွန်ပြည်နယ်တစ်ခုတည်းမှာပဲ ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာရှိနေတယ်လို့ အရေးပေါ်ဌာနတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပြီး လူအများအပြားသေဆုံးနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။ တောမီးဟာ အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနဲ့ဝါရှင်တန်ပြည်နယ်တွေမှာ ပြန့်နှံ့လောင်ကျွမ်းနေတာဖြစ်ပြီး ဧကပေါင်းများစွာ လောင်ကျွမ်းနေခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ လူသိန်းပေါင်းများစွာဟာလည်း သူတို့ရဲ့နေအိမ်တွေကနေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ မိမိတို့ရဲ့လူနေမှုဘဝကို ခြိမ်းခြောက်နေပြီး ဒီအမှန်တရားကို သမ္မတဒေါ်နယ်ထရန့်က ငြင်းဆန်နေတယ်လို့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၁၂ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ တောမီးလောင်နေတဲ့ ကယ်လီဖိုးနီးယားကို စက်တင်ဘာ ၁၃ ရက်မှာ သွားရောက်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကတော့ ဒါဟာ…

Read More

သပိတ်ကျင်းမြို့နယ်ထဲမှာ ဗုံးသီးဟောင်းပေါက်ကွဲခဲ့လို့ သားအဖနှစ်ယောက်သေဆုံးမှုဖြစ်ပွား

သပိတ်ကျင်းမြို့နယ်ထဲမှာ ဗုံးသီးဟောင်းပေါက်ကွဲခဲ့လို့ သားအဖနှစ်ယောက်သေဆုံးမှုဖြစ်ပွား သပိတ်ကျင်း ၊ စက်တင်ဘာ ၁၃-၂၀၂၀ ကိုတိုးကြီး ၊ (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအုပ်စု ၊ ၇ မိုင် အခြေခံ စစ်ပညာလေ့ကျင့်ရေးတပ်အနီး ရွှေတွင်းကြီး တောင်ယာခင်းအတွင်းမှာ ဗုံးသီးဟောင်း ပေါက်ကွဲမှုတစ်ခုကြောင့် သားအဖနှစ်ယောက် အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ခြောက်မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” မနေ့က (စက်တင်ဘာ ၁၂) နေ့လည် ၁ နာရီခွဲလောက်ကဖြစ်ခဲ့တာပါ၊ မျှစ်ချိုးပြန်လာတဲ့ သားအဖနှစ်ယောက်က ဗုံးသီးဟောင်းတလုံး ကောက်တွေ့လို့ တောတဲကို ယူလာခဲ့ရာကနေ တဲထဲမှာ ပေါက်ကွဲပြီး သားအဖနှစ်ယောက်စလုံး တဲထဲမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ် “လို့ ခြောက်မိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီပေါက်ကွဲတဲ့ ဖြစ်စဉ်ကြောင့် သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်နေ ဦးကျော်နိုင် အသက် (၅၂) နှစ်…

Read More
VOM News

FREE
VIEW