ပုသိမ်ခရိုင် စားသုံးသူရေးရာရုံးက အရာရှိ ၂ ဦးမှာ Covid-19 ရောဂါပိုးတွေ့

ပုသိမ်ခရိုင် စားသုံးသူရေးရာရုံးက အရာရှိ ၂ ဦးမှာ Covid-19 ရောဂါပိုးတွေ့

ပုသိမ်၊ စက်တင်ဘာ ၁၃-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်၂ ရပ်ကွက်၊ မင်းကြီးလမ်းရှိ ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက အရာရှိ ၂ ဦးဆီကနေ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးကပြောပါတယ်။

အဲ့ဒီရုံးက မြို့နယ်ဦးစီးအရာရှိ အမျိုးသမီးတစ်ဦးနဲ့ ဒု – ညွန်ကြားရေးမှူး အမျိုးသားတစ်ဦးတို့မှာ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး ပုသိမ်မြို့ကုတင် ၅၀၀ ဆန့် ဆေးရုံမှာ ဆေးကုသမူခံနေရတယ်လို့ သိရပါတယ်။

” လူနာအမျိုးသမီးနဲ့ ထိတွေ့မိတဲ့ ပြင်ပဆရာဝန်တစ်ဦး နဲ့ ရုံးဝန်ထမ်း ၉ ဦးကို ပုသိမ်တက္ကသိုလ်၊ နန္ဒာဆောင်မှာ Quarantine ထားရှိခဲ့ပြီး ၃ ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာရုံးက ဒုတိယညွန်ကြားရေးမှူး အမျိုးသားတစ်ဦးဆီမှာလည်း ပိုးထပ်မံတွေ့ရှိခဲ့တယ်”လို့ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

ပုသိမ်ခရိုင်စားသုံးသူရေးရာ ညွန်ကြားရေးမှူးဟာ ရန်ကုန်မြို့ကို အလုပ်ကိစ္စနဲ့သွားရောက်ခဲ့ရာကနေ ပိုးကူးခံခဲ့ရပြီး သူကတဆင့် ရုံးက ဦးစီးမူးအမျိုးသမီးကိုကူးစက်ခဲ့ကြောင်းယူဆရတယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးကပြောပါတယ်။

အမျိုးသမီး ဦးစီးအရာရှိဟာ စက်တင်ဘာ ၄ရက်နေ့မှာ ဖျားနာခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့ မှာ ကိုယ်ပိုင်ဆေးခန်းတစ်ခု ပြသခဲ့ပေမယ့် သက်သာခြင်းမရှိဘဲ အနံ့ပျောက်လာတဲ့အတွက် စက်တင်ဘာ ၁၀ ရက်နေ့က ပုသိမ်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေဖြစ်တဲ့ ပုသိမ်ခရိုင်စားသုံးရေးရာက အရာရှိတွေနဲ့ ထိတွေ့မိခဲ့တဲ့ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့လည်း ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပြီး ထိတွေ့ခဲ့သူ ၁၂ဦးကို စတင်ခေါ်ဆောင်နေပြီလို့လည်း သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့အထိ ပုသိမ်မြို့ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးရဲ့ အထူးသီးသန့် ကုသဆောင်မှာ ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးထိရှိနေပြီး သာပေါင်းမြို့နယ်မှ ၁ ဦး၊ ကျုံပျော် အထောင်မှ ၁ဦး၊ ဖျာပုံမြို့နယ်မှ ၂ ဦး၊ ကျောင်းကုန်းမြို့နယ်မှ ၁ဦး၊ ကန်ကြီးထောင့်မြို့နယ် ၁ ဦး၊ ပုသိမ်မြို့ နယ် ၂ ဦးတို့ ဖြစ်တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #စားသုံးသူရေးရာအရာရှိ၂ဦး #ကိုဗစ်ပိုးတွေ့

Zawgyi

ပုသိမ္ခ႐ိုင္ စားသုံးသူေရးရာ႐ုံးက အရာရွိ ၂ ဦးမွာ Covid-19 ေရာဂါပိုးေတြ႕

ပုသိမ္၊ စက္တင္ဘာ ၁၃-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္၂ ရပ္ကြက္၊ မင္းႀကီးလမ္းရွိ ပုသိမ္ခ႐ိုင္ စားသုံးသူေရးရာဦးစီးဌာနက အရာရွိ ၂ ဦးဆီကေန Covid-19 ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီးကေျပာပါတယ္။

အဲ့ဒီ႐ုံးက ၿမိဳ႕နယ္ဦးစီးအရာရွိ အမ်ိဳးသမီးတစ္ဦးနဲ႔ ဒု – ၫြန္ၾကားေရးမႉး အမ်ိဳးသားတစ္ဦးတို႔မွာ ေရာဂါပိုးေတြ႕ခဲ့တာျဖစ္ၿပီး ပုသိမ္ၿမိဳ႕ကုတင္ ၅၀၀ ဆန႔္ ေဆး႐ုံမွာ ေဆးကုသမူခံေနရတယ္လို႔ သိရပါတယ္။

” လူနာအမ်ိဳးသမီးနဲ႔ ထိေတြ႕မိတဲ့ ျပင္ပဆရာဝန္တစ္ဦး နဲ႔ ႐ုံးဝန္ထမ္း ၉ ဦးကို ပုသိမ္တကၠသိုလ္၊ နႏၵာေဆာင္မွာ Quarantine ထားရွိခဲ့ၿပီး ၃ ဦးကို ဓါတ္ခြဲစစ္ေဆးခဲ့ရာ႐ုံးက ဒုတိယၫြန္ၾကားေရးမႉး အမ်ိဳးသားတစ္ဦးဆီမွာလည္း ပိုးထပ္မံေတြ႕ရွိခဲ့တယ္”လို႔ ပုသိမ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္ကေျပာပါတယ္။

ပုသိမ္ခ႐ိုင္စားသုံးသူေရးရာ ၫြန္ၾကားေရးမွဴးဟာ ရန္ကုန္ၿမိဳ႕ကို အလုပ္ကိစၥနဲ႔သြားေရာက္ခဲ့ရာကေန ပိုးကူးခံခဲ့ရၿပီး သူကတဆင့္ ႐ုံးက ဦးစီးမူးအမ်ိဳးသမီးကိုကူးစက္ခဲ့ေၾကာင္းယူဆရတယ္လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီးကေျပာပါတယ္။

အမ်ိဳးသမီး ဦးစီးအရာရွိဟာ စက္တင္ဘာ ၄ရက္ေန႔မွာ ဖ်ားနာခဲ့ၿပီး စက္တင္ဘာ ၇ ရက္ေန႔ မွာ ကိုယ္ပိုင္ေဆးခန္းတစ္ခု ျပသခဲ့ေပမယ့္ သက္သာျခင္းမရွိဘဲ အနံ႔ေပ်ာက္လာတဲ့အတြက္ စက္တင္ဘာ ၁၀ ရက္ေန႔က ပုသိမ္ေဆး႐ုံႀကီးကို တက္ေရာက္ကုသခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။

ကိုဗစ္ပိုးေတြ႕လူနာေတြျဖစ္တဲ့ ပုသိမ္ခ႐ိုင္စားသုံးေရးရာက အရာရွိေတြနဲ႔ ထိေတြ႕မိခဲ့တဲ့ တိုင္းအဆင့္၊ ခ႐ိုင္အဆင့္ဌာနဆိုင္ရာအႀကီးအကဲေတြအေနနဲ႔လည္း ကြာရန္တင္းဝင္ေရာက္ရမွာျဖစ္ၿပီး ထိေတြ႕ခဲ့သူ ၁၂ဦးကို စတင္ေခၚေဆာင္ေနၿပီလို႔လည္း သိရပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔အထိ ပုသိမ္ၿမိဳ႕ ကုတင္ ၅၀၀ ဆန႔္ ေဆး႐ုံႀကီးရဲ႕ အထူးသီးသန႔္ ကုသေဆာင္မွာ ကိုဗစ္ပိုးေတြ႕လူနာ ၈ ဦးထိရွိေနၿပီး သာေပါင္းၿမိဳ႕နယ္မွ ၁ ဦး၊ က်ဳံေပ်ာ္ အေထာင္မွ ၁ဦး၊ ဖ်ာပုံၿမိဳ႕နယ္မွ ၂ ဦး၊ ေက်ာင္းကုန္းၿမိဳ႕နယ္မွ ၁ဦး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ၁ ဦး၊ ပုသိမ္ၿမိဳ႕ နယ္ ၂ ဦးတို႔ ျဖစ္တယ္လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ပုသိမ္ #စားသံုးသူေရးရာအရာရွိ၂ဦး #ကိုဗစ္ပိုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW