အုတ်ဖိုမြို့မှာ ကွာရန်တင်းဝင်နေတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ထွက်ပြေး

အုတ်ဖိုမြို့မှာ ကွာရန်တင်းဝင်နေတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ထွက်ပြေး

အုတ်ဖို၊ စက်တင်ဘာ ၁၃-၂၀၂၀
သိင်္ဂီ(VOM)

ပဲခူးတိုင်း ၊ အုတ်ဖို့မြို့မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားတဲ့ ရခိုင်ပြန်အမျိုးသားတစ်ဦး ကွာရန်းတင်းကနေ ထွက်ပြေးသွားတာကြောင့် လိုက်လံရှာဖွေနေတယ်လို့ အုတ်ဖို့မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးကပြောပါတယ်။

“ကျနော်တို့လည်း လိုက်ရှာနေတယ်။ မတွေ့သေးဘူး။ ကျနော်တို့က တရားစွဲသွားမှာပါ။ကျနော်တို့ဆီကို ၁၁ ရက်နေ့ညက လာအပ်တာပါ၊ ပရဟိတအဖွဲ့တွေနဲ့ ကြို့ပင်ကောက်မြို့နယ်ကအဖွဲ့တွေ လာအပ်တာပေါ့။ အိမ်သာက ကွာရန်တင်းစင်တာရဲ့ နောက်မှာဆိုတော့ အပေါ့အပါးသွားသလိုနဲ့ပေါ့။ အိမ်သာသွားနေတယ်ဆိုပြီးထားတာ ပြီးတော့မှ ပြန်မလာမလာနဲ့ လိုက်တော့ ထွက်ပြေးသွားတာပေါ့။ “လို့ ဦးကျော်ဇင်ဦးကပြောပါတယ်။

အဲ့ဒီ အမျိုးသားကို စက်တင်ဘာလ ၁၁ ရက်နေ့ညမှာပဲ အုတ်ဖို့ မြို့က Hospital Quarantine ဆေးရုံနှစ်ထပ်ဆောင်သစ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာတော့ ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှာဖွေမှုတွေပြုလုပ်နေကြဆဲဖြစ်ပြီး ထွက်ပြေးသွားတဲ့အမျိုးသားကို ကိုဗစ်ကာလစည်းကမ်း ချိုးဖောက်ခဲ့မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ ရခိုင်ပြန်အမျိုးသားဆီကနေ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာ ရယူထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိ အုတ်ဖိုမြို့နယ်မှာ ကွာရန်တင်းဝင်နေတဲ့ ပြည်ပပြန် ၈၀ လောက်ရှိပြီး ပြည်တွင်း အရေအတွက်ကတော့ စာရင်းရယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အုတ်ဖို #ရခိုင်ပြန်အမျိုးသား #ကွာရန်တင်း #ထွက်ပြေး

Zawgyi

အုတ္ဖိုၿမိဳ႔မွာ ကြာရန္တင္းဝင္ေနတဲ့ ရခိုင္ျပန္အမ်ိုးသားတစ္ဦး ထြက္ေျပး​

အုတ္ဖို၊ စက္တင္ဘာ ၁၃-၂၀၂၀
သိဂႌ(VOM)

ပဲခူးတိုင္း ၊ အုတ္ဖို႔ၿမိဳ႕မွာ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ထားတဲ့ ရခိုင္ျပန္အမ်ိုးသားတစ္ဦး ကြာရန္းတင္းက​ေန ထြက္ေျပးသြားတာေျကာင့္ လိုက္လံ႐ွာ​ေဖြ​ေန​တယ္လို့ အုတ္ဖို႔ၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီဥကၠ႒ ဦးေက်ာ္ဇင္ဦးကေျပာပါတယ္။

“က်ေနာ္တို႔လည္း လိုက္႐ွာေနတယ္။ မေတြ႔ေသးဘူး။ က်ေနာ္တို႔က တရားစြဲသြားမွာပါ။က်ေနာ္တို႔ဆီကို ၁၁ ရက္ေန႔ညက လာအပ္တာပါ၊ ပရဟိတအဖြဲ႔ေတြနဲ႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ကအဖြဲ႔ေတြ လာအပ္တာေပါ့။ အိမ္သာက ကြာရန္တင္းစင္တာရဲ႕ ​ေနာက္မွာဆို​ေတာ့ အေပါ့အပါးသြားသလိုနဲ႔​ေပါ့။ အိမ္သာသြားေနတယ္ဆိုၿပီးထားတာ ၿပီးေတာ့မွ ျပန္မလာမလာနဲ႔ လိုက္ေတာ့ ထြက္ေျပးသြားတာေပါ့။ “လို႔ ဦးေက်ာ္ဇင္ဦးကေျပာပါတယ္။

အဲ့ဒီ အမ်ိဳးသားကို စက္တင္ဘာလ ၁၁ ရက္ေန႔ညမွာပဲ အုတ္ဖို့ ၿမိဳ႕က Hospital Quarantine ေဆး႐ုံႏွစ္ထပ္ေဆာင္သစ္မွာ အသြားအလာကန္႔သတ္ထားတာျဖစ္ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔ ညေန ၄ နာရီေလာက္မွာေတာ့ ကြာရန္တင္းစင္တာကေန ထြက္ေျပးသြားခဲ့တာျဖစ္ပါတယ္။

လက္႐ွိမွာေတာ့ ႐ွာေဖြမႈေတြျပဳလုပ္ေနၾကဆဲျဖစ္ၿပီး ထြက္ေျပးသြားတဲ့အမ်ိဳးသားကို ကိုဗစ္ကာလစည္းကမ္း ခ်ိဳးေဖာက္ခဲ့မႈအတြက္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈဥပ​ေဒအရ တရားစြဲဆိုသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ထြက္ေျပးသြားတဲ့ ရခိုင္ျပန္အမ်ိဳးသားဆီကေန ႏွာေခါင္းတို့ပတ္၊ အာေခါင္တို့ပတ္ နမူနာ ရယူထားျခင္း မ႐ွိေသးဘူးလို့ သိရပါတယ္။

လက္႐ွိ အုတ္ဖိုၿမိဳ႕နယ္မွာ ကြာရန္တင္းဝင္ေနတဲ့ ျပည္ပျပန္ ၈၀ ေလာက္႐ွိၿပီး ျပည္တြင္း အေရအတြက္ကေတာ့ စာရင္းရယူေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #အုတ္ဖို #ရခိုင္ျပန္အမ်ိဳးသား #ကြာရန္တင္း #ထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW