ရခိုင်မှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး အနက်ရောင်အလံထောင်ပြီး ကမ်ပိန်းပြုလုပ်

ရခိုင်မှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး အနက်ရောင်အလံထောင်ပြီး ကမ်ပိန်းပြုလုပ်

စစ်တွေ၊ စက်တင်ဘာ ၁၆- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂက မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး တက္ကသိုလ်ကျောင်းတွေနဲ့ သမဂ္ဂရုံးခန်းတွေမှာ အလံနက်ချိတ်ဆွဲကာ အနက်ရောင်ကမ်ပိန်းပြုလုပ်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ကျောက်တော်မြို့နယ်က ကျေးရွာ (၂) ရွာမီးရှို့ခံရမှု၊ စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ် ညောင်ကန်ရွာမှာ လက်နက်ကြီးကျပြီး အစိုးရဝန်ထမ်းကျောင်းဆရာမနဲ့ သမီးကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေးဆုံးပြီး တက္ကသိုလ်ကျောင်းသူတစ်ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိတဲ့ ဖြစ်စဉ်တွေကို ရှုတ်ချတဲ့အနေနဲ့ အခုလို ကမ်ပိန်းပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အစိုးရအဖွဲ့ကို အယုံကြည်မရှိကြောင်း ဆန္ဒပြကြတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား (၃) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ကာ ၁၄ ရက်ကြာ ချုပ်ရမန်ယူထားတွေကို ရှုတ်ချတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂကပြောပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #အနက်ရောင်အလံကမ်ပိန်း

Zawgyi

ရခိုင္မွာျဖစ္ေပၚေနတဲ့ မတရားမႈေတြနဲ႔ ပတ္သက္ၿပီး အနက္ေရာင္အလံေထာင္ၿပီး ကမ္ပိန္းျပဳလုပ္

စစ္ေတြ၊ စက္တင္ဘာ ၁၆- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္ေက်ာင္းသားသမဂၢက မေန႔ စက္တင္ဘာ ၁၅ ရက္ေန႔ကစၿပီး တကၠသိုလ္ေက်ာင္းေတြနဲ႔ သမဂၢ႐ုံးခန္းေတြမွာ အလံနက္ခ်ိတ္ဆြဲကာ အနက္ေရာင္ကမ္ပိန္းျပဳလုပ္ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၃ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္က ေက်း႐ြာ (၂) ႐ြာမီးရႈိ႕ခံရမႈ၊ စက္တင္ဘာလ ၈ ရက္ေန႔က ေျမပုံၿမိဳ႕နယ္ ေညာင္ကန္႐ြာမွာ လက္နက္ႀကီးက်ၿပီး အစိုးရဝန္ထမ္းေက်ာင္းဆရာမနဲ႔ သမီးကေလးငယ္တစ္ဦးအပါအဝင္ ၄ ဦးေသးဆုံးၿပီး တကၠသိုလ္ေက်ာင္းသူတစ္ဦးအပါအဝင္ (၈) ဦးဒဏ္ရာရရွိတဲ့ ျဖစ္စဥ္ေတြကို ႐ွဳတ္ခ်တဲ့အေနနဲ႔ အခုလို ကမ္ပိန္းျပဳလုပ္ရတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ စက္တင္ဘာလ ၉ ရက္ေန႔က ရခိုင္ျပည္နယ္အစိုးရ႐ုံးေရွ႕မွာ အစိုးရအဖြဲ႕ကို အယုံၾကည္မရွိေၾကာင္း ဆႏၵျပၾကတဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢက ေက်ာင္းသား (၃) ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ေနာက္တစ္ေန႔မွာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈဖြင့္ကာ ၁၄ ရက္ၾကာ ခ်ဳပ္ရမန္ယူထားေတြကို ရႈတ္ခ်တဲ့အေနနဲ႔ ျပဳလုပ္ရတာျဖစ္တယ္လို႔ ရခိုင္ျပည္ေက်ာင္းသားသမဂၢကေျပာပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ #အနက္ေရာင္အလံကမ္ပိန္း

Related posts

Leave a Comment

VOM News

FREE
VIEW