ကိုဗစ်ဒုတိယလှိုင်းကြောင့် မန္တလေး ကုန်စည်ဒိုင်ကို ယာယီပြန်ပိတ်မယ်

ကိုဗစ်ဒုတိယလှိုင်းကြောင့် မန္တလေး ကုန်စည်ဒိုင်ကို ယာယီပြန်ပိတ်မယ်

မန္တလေး၊ စက်တင်ဘာ ၁၉-၂၀၂၀
မောင်တာရာ (VOM)

Covid -19 ရောဂါကူးစက်မှုမြှင့်မားလာတဲ့အတွက် မန္တလေးမြို့ ပွဲစား၊ ကုန်စည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(ကုန်စည်ဒိုင်)ကို လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့က စတင်ပြီး ယာယီပြန်လည်ပိတ်သွားမယ်လို့ ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးမျိုးဆွေက ပြောပါတယ်။

ပြည်တွင်းကူးစက်ခံရမှုမြှင့်တက်လာတဲ့အတွက် အသင်းသူ၊အသင်းသားတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ကျန်းမာရေးကို ရှေ့ရှုပြီး ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကုန်စည်ဒိုင် အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ကုန်စည်ဒိုင်ကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာ တစ်ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။

”ဒီလ ၂၁ ရက်နေ့က စပိတ်ပါမယ်။ အဓိကက ကျန်းမာရေးကြောင့် ပြန်လည်ပြီးယာယီပိတ်တာပါ။ လက်ကျန် လုပ်စရာလေးတွေရှိတာ လုပ်ရအောင် မနက်ဖန် တစ်ရက်တော့ ဖွင့်ပါမယ်။”လို့ မန္တလေးမြို့ ပွဲစား၊ကုန်စည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်)ဒု-ဥက္ကဌ ဦးမျိုးဆွေက ပြောပါတယ်။

မန္တလေး ကုန်စည်ဒိုင်ကို ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို အသင်းရဲ့ Face bookစာမျက်နှာ နဲ့ အသင်းတိုက်ရှေ့က သင်းပုန်းမှာ ကြော်ငြာပေးသွားမှာဖြစ်ပြီး ကုန်စည်ဒိုင် ပိတ်ထားစဉ်ကာလအတွင်း မိမိနေအိမ်ကနေ အရောင်းအဝယ်ပြုလုပ်လိုပါက Viber Groupကို ဝင်ရောက်ပြီး အရောင်းအဝယ်ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။

COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ ပွဲစား၊ကုန်စည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းကို ပြီးခဲ့တဲ့ ဧပြီလကလည်း ယာယီပိတ်သိမ်းခဲ့တာဖြစ်ပြီး ကျန်းမာရေး သက်မှတ်စည်းကမ်းချက်တွေနဲ့အညီ မေလအတွင်းက ပြည်လည်ဖွင့်လှစ်ခဲ့ရာကနေ အခုအခါမှာတော့ Covid -19 ရောဂါပြည်တွင်းကူးစက်ခံရမှု မြှင့်တက်လာတဲ့အတွက် ကုန်စည်ဒိုင်ကို ပြန်လည်ယာယီပိတ်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကုန်စည်ဒိုင် #ကိုဗစ် #ယာယီပိတ်မယ်

Zawgyi

ကိုဗစ္ဒုတိယလႈိင္းေၾကာင့္ မႏၲေလး ကုန္စည္ဒိုင္ကို ယာယီၿပန္ပိတ္မယ္

မႏၲေလး၊ စက္တင္ဘာ ၁၉-၂၀၂၀
ေမာင္တာရာ (VOM)

Covid -19 ေရာဂါကူးစက္မႈျမွင့္မားလာတဲ့အတြက္ မႏၲေလးၿမိဳ့ ပြဲစား၊ ကုန္စည္၊ စက္ပိုင္မ်ား မဟာကထိန္ေတာ္အသင္း(ကုန္စည္ဒိုင္)ကုိ လာမယ့္ စက္တင္ဘာ ၂၁ ရက္ေန႕က စတင္ျပီး ယာယီျပန္လည္ပိတ္သြားမယ္လုိ႔ ကုန္စည္ဒုိင္ ဒု-ဥကၠဌ ဦးမ်ုိးေဆြက ေျပာပါတယ္။

ျပည္တြင္းကူးစက္ခံရမႈျမွင့္တက္လာတဲ့အတြက္ အသင္းသူ၊အသင္းသားေတြနဲ႕ ကုိယ္စားလွယ္ေတြရဲ႕ က်န္းမာေရးကုိ ေရွ႕ရႈၿပီး ဒီကေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ က်င္းပျပဳလုပ္တဲ့ ကုန္စည္ဒုိင္ အလုပ္အမႈေဆာင္အစည္းအေဝးဆုံးၿဖတ္ခ်က္အရ ကုန္စည္ဒိုင္ကို စက္တင္ဘာလ ၂၁ ရက္ေန႔ကေန ေအာက္တုိဘာ တစ္ရက္ေန႕အထိ ယာယီပိတ္ထားမယ္လုိ႔ သိရပါတယ္။

”ဒီလ ၂၁ ရက္ေန႕က စပိတ္ပါမယ္။ အဓိကက က်န္းမာေရးေႀကာင့္ ျပန္လည္ျပီးယာယီပိတ္တာပါ။ လက္က်န္ လုပ္စရာေလးေတြရွိတာ လုပ္ရေအာင္ မနက္ဖန္ တစ္ရက္ေတာ့ ဖြင့္ပါမယ္။”လို႔ မႏၲေလးၿမိဳ့ ပြဲစား၊ကုန္စည္၊ စက္ပိုင္မ်ား မဟာကထိန္ေတာ္အသင္း (ကုန္စည္ဒိုင္)ဒု-ဥကၠဌ ဦးမ်ုိးေဆြက ေျပာပါတယ္။

မႏၲေလး ကုန္စည္ဒုိင္ကုိ ျပန္လည္ဖြင့္လွစ္မယ့္ရက္ကုိ အသင္းရဲ႔ Face bookစာမ်က္ႏွာ နဲ႔ အသင္းတုိက္ေရွ႕က သင္းပုန္းမွာ ေျကာ္ျငာေပးသြားမွာၿဖစ္ျပီး ကုန္စည္ဒုိင္ ပိတ္ထားစဥ္ကာလအတြင္း မိမိေနအိမ္ကေန အေရာင္းအဝယ္ၿပဳလုပ္လုိပါက Viber Groupကို ဝင္ေရာက္ျပီး အေရာင္းအဝယ္ၿပဳလုပ္ႏုိင္တယ္လုိ႔လည္း သိရပါတယ္။

COVID-19 ေရာဂါကူးစက္မႈထိန္းခ်ဳပ္ႏိုင္ေရးအတြက္ မႏၲေလးၿမိဳ့ ပြဲစား၊ကုန္စည္၊ စက္ပိုင္မ်ား မဟာကထိန္ေတာ္အသင္းကို ၿပီးခဲ့တဲ့ ဧၿပီလကလည္း ယာယီပိတ္သိမ္းခဲ႔တာျဖစ္ၿပီး က်န္းမာေရး သက္မွတ္စည္းကမ္းခ်က္ေတြနဲ႕အညီ ေမလအတြင္းက ၿပည္လည္ဖြင္႔လွစ္ခဲ့ရာကေန အခုအခါမွာေတာ့ Covid -19 ေရာဂါျပည္တြင္းကူးစက္ခံရမႈ ၿမွင့္တက္လာတဲ့အတြက္ ကုန္စည္ဒုိင္ကုိ ျပန္လည္ယာယီပိတ္တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ကုန္စည္ဒိုင္ #ကိုဗစ္ #ယာယီပိတ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW