နေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်

နေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်

ဟုမ္မလင်း ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ နောင်တောကျေးရွာအုပ်စု ၊ ဟွေဖလာရွှေမှော်မှာ နေထိုင်တဲ့ နေပြည်တော်တိုင်းမ်သတင်းအဖွဲ့ အတွင်းရေးမှူး သတင်းထောက်တစ်ဦးဟာ အသက် ၁၇နှစ်အရွယ် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မိုင်းကိုင်းနယ်မြေရဲစခန်းက မုဒိမ်းမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

“ မနေ့ (စက်တင်ဘာ ၂၀ )က အမှုဖွင့်လိုက်တာဖြစ်တယ် ၊ (ပ) ၄၆/၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁/၅၀၆ အရ အရေးယူထားတာဖြစ်တယ်၊ နေပြည်တော်တိုင်မ်း သတင်းဌာနက အတွင်းရေးမှူး ၊ သတင်းထောက် ရေချမ်း(ခ) စံသိန်း ဆိုသူဖြစ်တယ် ” လို့ မိုင်းကိုင်းနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အသက် (၁၇) နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦး ရေချိုးနေချိန်မှာ အဲ့ဒီ ရေချမ်း(ခ) စံသိန်းဆိုတဲ့ သတင်းထောက်က ရေချိုးခန်းထဲဝင်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ နစ်နာသူ ကာယကံရှင်မိန်းကလေးက ရဲစခန်းမှာ တိုင်တန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် သားမယားအဖြစ် အဓမ္မပြုကျင့်တာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာတွေ လုပ်လာခဲ့ရင် ဒေသတွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုခေါ်ပြီး သတ်ပစ်မှာဖြစ်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းရှိတယ်လို့ အမှုဖွင့်တိုင်တန်းရာမှာ ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတလျှောက်က နေရာတော်တော်များများမှာ သတင်းထောက်အမည်ခံ အဖွဲ့အစည်း လေးငါးခုရှိတယ်လို့သိရပြီး အဲ့ဒီ သတင်းထောက်အမည်ခံသူတွေက သစ်ဖောင် ၊ ဝါးဖောင်နဲ့ လောင်းကစား ပြုလုပ်သူတွေဆီကနေ ငွေကြေးကောက်ခံ တောင်းရမ်းတာရှိတယ်လို့ တောင်းခံရသူတွေကပြောပါတယ်။

အဲ့ဒီလို ငွေကြေး ကောက်ခံတောင်းယူရာမှာ အဆင်မပြေမှုတွေရှိပါက သက်ဆိုင်ရာ ရဲဌာနကို သတင်းပေးတိုင်တန်းပြီး ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

ကလေးဝမြို့နယ်ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဌာနက သူနာပြုဆရာမ တစ်ယောက်ရဲ့ ဆိုင်ကယ် တူးလ်ဘောက်စ်ထဲကို မူးယစ်ဆေးဝါးထည့်ပြီး အဲ့ဒီ သတင်းထောက်အမည်ခံသူတွေက ဂန့်ဂေါမြို့နယ်ဘက်မှာ လုပ်ကြံတိုင်တန်းခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Zawgyi

ေနျပည္ေတာ္တိုင္းမ္ သတင္းေထာက္တစ္ဦးက အသက္ ၁၇ႏွစ္အ႐ြယ္အမ်ိဳးသမီး ၁ ဦးကို အဓမၼျပဳက်င့္

ဟုမၼလင္း ၊ စက္တင္ဘာ ၂၁ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း ၊ ဟုမၼလင္းၿမိဳ႕နယ္ ၊ ေနာင္ေတာေက်း႐ြာအုပ္စု ၊ ေဟြဖလာေ႐ႊေမွာ္မွာ ေနထိုင္တဲ့ ေနျပည္ေတာ္တိုင္းမ္သတင္းအဖြဲ႕ အတြင္းေရးမႉး သတင္းေထာက္တစ္ဦးဟာ အသက္ ၁၇ႏွစ္အ႐ြယ္ အမ်ိဳးသမီး ၁ ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့အတြက္ မိုင္းကိုင္းနယ္ေျမရဲစခန္းက မုဒိမ္းမႈနဲ႔ အမႈဖြင့္အေရးယူလိုက္တယ္လို႔ သိရပါတယ္။

“ မေန႔ (စက္တင္ဘာ ၂၀ )က အမႈဖြင့္လိုက္တာျဖစ္တယ္ ၊ (ပ) ၄၆/၂၀၂၀ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၇၆/၅၁၁/၅၀၆ အရ အေရးယူထားတာျဖစ္တယ္၊ ေနျပည္ေတာ္တိုင္မ္း သတင္းဌာနက အတြင္းေရးမႉး ၊ သတင္းေထာက္ ေရခ်မ္း(ခ) စံသိန္း ဆိုသူျဖစ္တယ္ ” လို႔ မိုင္းကိုင္းနယ္ေျမရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

အသက္ (၁၇) ႏွစ္အ႐ြယ္ အိမ္အကူ မိန္းကေလးတစ္ဦး ေရခ်ိဳးေနခ်ိန္မွာ အဲ့ဒီ ေရခ်မ္း(ခ) စံသိန္းဆိုတဲ့ သတင္းေထာက္က ေရခ်ိဳးခန္းထဲဝင္ၿပီး အဓမၼျပဳက်င့္ခဲ့တာျဖစ္တယ္လို႔ နစ္နာသူ ကာယကံရွင္မိန္းကေလးက ရဲစခန္းမွာ တိုင္တန္းထားတာျဖစ္ပါတယ္။

ဒါ့အျပင္ သားမယားအျဖစ္ အဓမၼျပဳက်င့္တာနဲ႔ ပတ္သက္လို႔ ထုတ္ေဖာ္ေျပာဆိုတာေတြ လုပ္လာခဲ့ရင္ ေဒသတြင္းက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ကိုေခၚၿပီး သတ္ပစ္မွာျဖစ္တယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းရွိတယ္လို႔ အမႈဖြင့္တိုင္တန္းရာမွာ ထုတ္ေဖာ္ေျပာဆိုထားတာျဖစ္ပါတယ္။

ခ်င္းတြင္းျမစ္ေၾကာင္းတေလွ်ာက္က ေနရာေတာ္ေတာ္မ်ားမ်ားမွာ သတင္းေထာက္အမည္ခံ အဖြဲ႕အစည္း ေလးငါးခုရွိတယ္လို႔သိရၿပီး အဲ့ဒီ သတင္းေထာက္အမည္ခံသူေတြက သစ္ေဖာင္ ၊ ဝါးေဖာင္နဲ႔ ေလာင္းကစား ျပဳလုပ္သူေတြဆီကေန ေငြေၾကးေကာက္ခံ ေတာင္းရမ္းတာရွိတယ္လို႔ ေတာင္းခံရသူေတြကေျပာပါတယ္။

အဲ့ဒီလို ေငြေၾကး ေကာက္ခံေတာင္းယူရာမွာ အဆင္မေျပမႈေတြရွိပါက သက္ဆိုင္ရာ ရဲဌာနကို သတင္းေပးတိုင္တန္းၿပီး ဖမ္းဆီးတာေတြလည္း ရွိပါတယ္။

ကေလးဝၿမိဳ႕နယ္ဘက္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဌာနက သူနာျပဳဆရာမ တစ္ေယာက္ရဲ႕ ဆိုင္ကယ္ တူးလ္ေဘာက္စ္ထဲကို မူးယစ္ေဆးဝါးထည့္ၿပီး အဲ့ဒီ သတင္းေထာက္အမည္ခံသူေတြက ဂန႔္ေဂါၿမိဳ႕နယ္ဘက္မွာ လုပ္ႀကံတိုင္တန္းခဲ့တဲ့ ျဖစ္စဥ္ေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW