ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးကျော်စွာစိုး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်၃၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကလယ်သမားပါတီဆိုတော့ လယ်သမားတို့စောင့်ရှောက်တည့်မတ်ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးသည်သုံးခုကိုသေသေချာချာလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကအစိုးရဖွဲနိုင်တဲ့အနေထားမှမရှိတာ။ သူတို့ကအစိုးရဖွဲ့နိုင်တယ်ဆိုရင် နိုင်တဲ့ပါတီနဲ့ကျနော်တို့ကပူးပေါင်းရမှာပေါ့။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးကျော်စွာစိုး-မနိုင်သေးဘူး။ ၂၀၁၅မှာ၂၈၆ယောက်ပြိုင်တာမနိုင်ဖူးသေးဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးကျော်စွာစိုး-ပညာတက်တစ်ယောက်ဖြစ်ရမယ်၊ မျိုးချစ်စိတ်ရှိရမယ်၊ သတ္တိရှိရမယ်၊ ပြောရဲဆိုရဲတွေလုပ်ရဲတဲ့လူတွေဖြစ်ရမယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးကျော်စွာစိုး-အရင်တုန်းကတော့၃သန်းကျော်ရှိတယ်။ အခုတော့နည်းနည်းလျော့လာပါတယ်။ VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။ ဦးကျော်စွာစိုး-အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင်ရှောက်မယ့် လယ်သမားပါတီလာပါပြီ။ #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) zawgyi   ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀…

Read More

အိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ

အိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ သုံးထပ်တိုက်တစ်လုံးပြိုကျမှု စက်တင်ဘာ ၂၁ ရက်မှာ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းမြို့အနီးမှာရှိတဲ့ ဘဟီဝန်ဒီမြို့မှာ ဒေသစံတော်ချိန် မနက် ၃ နာရီ မိနစ် ၄၀ မှာဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။ ဖြစ်စဉ်ကြောင့် လူ ၁၀ ဦးသေဆုံးသွားပြီး ၁၁ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်မှာ အက်ကွဲကြောင်းပေါ်ပြီးနောက် ပြိုကျသွားချိန်မှာ နေထိုင်သူအချို့ဟာ အပြင်ထွက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ အဆောက်အဦရဲ့ တစ်ဝက်က ပြိုကျသွားပြီး မိသားစု ၂၅ ၊ ၂၆ စုလောက် အထဲမှာ ပိတ်မိနေတယ်လို့…

Read More

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးလင်းထင်စိုး (တသီပုဂ္ဂလ ၊ ပြင်ဉီးလွင်မြို့နယ်၊ မဲဆန္ဒနယ် ၂ )

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးလင်းထင်စိုး (တသီပုဂ္ဂလ ၊ ပြင်ဉီးလွင်မြို့နယ်၊ မဲဆန္ဒနယ် ၂ ) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၆ထောင်နီးပါး ကူးစက်ခံရပြီး ၉၇ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီနေ့ VOM ကိုချိတ်ဆက်လာတဲ့ ကိုယ်စားလှယ်လောင်းထဲက ပြင်ဦးလွင်မြို့နယ်အနောက်ခြမ်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၃၊၄၊၅၊ ၁၅၊၁၆,၁၇ နဲ့ အနီးစခန်း၊အောင်ချမ်းသာ၊ သုံးတောင်၊ပြင်စာစတဲ့ ဧရိယာတွေပါတဲ့ မဲဆန္ဒနယ်အမှတ် ၁ ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့် ကိုလင်းထင်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။…

Read More

တပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး

တပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၀ ကိုလတ် (VOM) တပ်မတော်ရဲ့ Quarantine စင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်သေးတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကနေပြီးရင် ကျန်းမာရေးဝန်ကြီးဌာနက လွှတ်ပေးတဲ့သူတွေပဲ ကျွန်တော်တို့ လက်ခံလို့ရတာပေါ့၊ သူတု့ိလွှတ်ပေးတဲ့သူတွေလောက်ပဲပေါ့။ ရန်ကုန်၊ နေပြည်တော်တို့မှာ သူတို့လွှတ်ပေးတဲ့သူတွေ အကုန်လုံးကတော့ ထိုင်း/တရုတ် နိုင်ငံတွေက ပြန်လာတဲ့သူတွေ တခြားနယ်စပ်နိုင်ငံက ပြန်လာတဲ့သူတွေပဲ လွှတ်ပေးတာများပါတယ်။ နောက်ထပ် လူဦးရေ ၈ ထောင်လောက် လက်ခံလို့ရပါသေးတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်အနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ လာရှိုး၊ ကော့သောင်း၊ ညောင်ရွှေ ဒေသတွေအပါအဝင် တစ်နိုင်ငံလုံးမှာ Quarantine စင်တာ ၁၆ ခုဖွင့်လှစ်ထားရှိပြီး…

Read More

မန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ်

#youth training school

မန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ်   မန္တလေး၊စက်တင်ဘာ၂၁- ၂၀၂၀ ရှိုင်းအောင်(VOM)   ဇူလိုင်လကုန်ပိုင်းက မန္တလေးလူငယ်သင်တန်းကျောင်းကနေထွက်ပြေးလို့  ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ် ၂ယောက်အမှုအတွက် အမှုဖွင့်ခံထားရတဲ့ကလေးတွေထဲမှာမဆိုင်တဲ့သူတွေပါနေပြီးလူသတ်မှုကျူးလွန်တယ်လို့အထက်လူကြီးတွေကဖိအားပေးစေခိုင်းနေတာကို  တရားစွဲဆိုခံထားရတဲ့ကလေးတွေရဲ့မိသားစုတွေကမကျေမနပ်ဖြစ်နေကြပါတယ်။   “ အခုလောလောဆယ်ကျမသားရော တခြားကလေးတွေရော မလုပ်ပဲနဲ့ခံရတဲ့အတွက်မကျေနပ်ဘူးပေါ့ဆရာမတွေကမင်းတို့ကိုငါတို့ကလွတ်အောင်လုပ်ပေးမယ်လို့ပြောတဲ့စကားကိုနားယောင်နေတဲ့အတွက်သူတို့လည်းစဉ်းစားနေတာပေါ့၊ဒီကိစ္စနဲ့ပါတ်သက်ပြီးရှေ့နေငှားမယ်ဆိုရင်လည်းကျောင်းကငှားပေးတဲ့ရှေ့နေကိုပဲငှားရမယ်လို့ပြောတယ်အဲ့ဒါတော့မတရားဘူလို့ကျမထင်တယ်သူတို့လူငယ်သင်တန်းကျောင်းကကလေးတွေနဲ့လည်းတွေ့ခွင့်မပေးဘူးအပြစ်ရှိတဲ့သူတွေကအပြင်ရောက်နေပြီးတော့မလုပ်တဲ့သူတွေကအစားထိုးခံနေရတာမကျေနပ်ဘူး အမှန်တရားအတိုင်းဖြစ်စေချင်ပါတယ်” လို့ အမှုဖွင့်ခံရတဲ့ လူငယ်တယောက်ရဲ့ မိခင်က ပြောပါတယ်။     လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကလေးတွေရဲ့မိသားစုကတော့”ရဲစခန်းကိုမေးကြည့်တော့လည်း ကျမတို့ကလေးကိုထိုးတဲ့၊ကြိတ်တဲ့ရိုက်တဲ့၊နှက်တဲ့အထဲမှာပါပါတယ်လို့ပြောတယ်၊ကျမသားနဲ့တွေ့တုန်းကမေးကြည့်တော့သူကအဲ့ဒီအထဲမှာမပါဘူးအဆောင်ထဲကအဆောင်အပြင်ကိုထွက်လို့မရဘူး၊ထွက်ပြေးတဲ့ကလေးတွေကိုပြန်မိတော့ရုံးခန်းထဲမှာရိုက်နှက်နေကြတာ  ၁နာရီခွဲ၂နာရီလောက်ကြာတယ်၊ပြီးတော့ကျမှကလေး၅ယောက်စလုံးကိုအဆောင်တွေကိုခွဲပို့တယ်၊သေတဲ့ကလေးကကျမသားနေတဲ့အဆောင်ထဲကိုရောက်လာတော့သူတို့ပို့လာတဲ့အချိန်မှာထိုးပြီးတော့မှောက်ရက်ကြီးထိုးထားခဲ့တယ်၊ဘာလို့အမှုတွဲထဲပါတယ်ဆိုတာကိုကျမတို့ကိုကျောင်းကလည်းမပြောဘူးရဲကလည်းမပြောဘူး၊ကလေးနဲ့တွေ့တော့ကျတော်တို့ကိုကျောင်းကသက်သေထွက်ဖို့လိုက်သွားလို့ပြောပါတယ်၊ဒါပေမယ့်ရဲစခန်းရောက်တော့မင်းသူ့ကိုထိုးတယ်ဆိုမင်းသူ့ကိုရိုက်တယ်ဆို၊လည်ပင်းတွေရောညှစ်တယ်ဆို၊မင်းသေအောင်သူ့ကိုသတ်လိုက်တာမင်းလုပ်တယ်မဟုတ်လားမေးတော့ကလေးက  မလုပ်တဲ့အကြောင်းကိုပြောတယ်၊ကျတော်တို့အဆောင်ကိုတက်လာကတည်းကသူကပျော့ခွေပြီးတော့ထတောင်မထနိုင်ဘူးဆိုတဲ့အကြောင်းရဲကိုပြောပြတယ်ပေါ့နော်“  လို့  မိခင်တယောက်က ပြောပါတယ်။   လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကိစ္စနဲ့ပါတ်သက်ပြီးလူငယ်သင်တန်းကျောင်းကတာဝန်ရှိသူကို ဆက်သွယ်မေမြန်းတဲ့အခါမှာတော့  “ဝန်ထမ်းတွေပါအမှုဖွင့်ခံထားရတာမှန်ပါတယ်၊အသေးစိတ်ကိုတော့ပြောပိုင်ခွင့်မရှိပါဘူး”လို့ဖြေကြားခဲ့ပါတယ်။   ဒီအမှုမှာ လူသတ်မှု၊ အားပေးအားမြှောက်ပြုလုပ်မှုနဲ့ တရားစွဲခံရပြီး အိုးဘိုထောင်ပိုခံထားရတဲ့ မန္တလေး လူငယ်သင်တန်းကျောင်းက ဝန်ထမ်း ၂ယောက်ရဲ့ မိဘတွေကလည်းနေပြည်တော်က သမ္မတရုံးကို  စက်တင်ဘာလ၁၇ရက်နေ့က တင်ပြတိုင်ကြားထားကြပါတယ်။   အလုပ်တာဝန်ချိန်အတွင်းလူသတ်မှုကျူးလွန်တယ်လို့ဝန်ခံဖို့အထက်လူကြီးတွေကအတင်းဝန်ခံခိုင်းနေပြီးလူသတ်မှုနဲ့  အောင်မြေသာစံမြို့နယ်၊အမှတ်၂ရဲစခန်းမှာမောင်လောထန်း၊မောင်ဘောင်ယိမ်းနဲ့တခြားရုံးဝန်ထမ်း၃ယောက်ကိုလူသတ်မှုနဲ့အားပေးကူညီမှုပုဒ်မ( ၃၀၂/၁၁၄)နဲ့တရားစွဲဆိုခံထားရတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး…

Read More

မုံရွာမှာ ရခိုင်အရေး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မုံရွာမှာ ရခိုင်အရေး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့ကဖမ်းဆီး မုံရွာ၊ စက်တင်ဘာ ၂၁ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး စတစ်ကာကမ်ပိန်း ထပ်လုပ်တဲ့သူတွေကို မနေ့ စက်တင်ဘာ ၂၀ရက်နေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “ အမှတ် ၁ ရဲစခန်းရှေ့က လမ်းပေါ်မှာ စတစ်ကာလိုက်ကပ်နေတဲ့ ကလေးသုံးယောက်ကို ဖမ်းသွားတာမြင်လိုက်တယ် ၊ အဖမ်းခံရသူတွေဟာ ကျောင်းသားလား အရပ်သားလားဆိုတာတော့ မသိဘူး ”လို့ ဖမ်းဆီးတာကို မျက်မြင်တွေ့ရှိလိုက်တဲ့ ကိုဇော်ဇော်က ပြောပါတယ်။ အဲ့ဒီ ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဖမ်းဆီးတာတော့ရှိတယ် အသေးစိပ်အခြေအနေကို ဘာမှ ဖွင့်ပြောလို့ မရသေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၁ရက် မနက်ပိုင်းကလည်း မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးမှာ…

Read More

တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး

တရုတ်က ရန်စလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး တိုင်ပေ၊ စက်တင်ဘာ၂၁-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ ထိုင်ဝမ် စစ်ဘက်အနေနဲ့ မိမိကိုယ်ကိုကာကွယ်ရေးနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိတယ်လို့ တရုတ်နိုင်ငံကို ထိုင်ဝမ်က သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်လေပိုင်နက်အတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်က ဝင်ရောက်ပျံသန်းခဲ့တာကြောင့် ထိုင်ဝမ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့ရပြီး ဒီလုပ်ရပ်ဟာ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာလို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် တရုတ်နဲ့ ထိုင်ဝမ်တို့အကြား ဆက်ဆံရေးဟာ တင်းမာမှုတွေမြင့်တက်နေပါတယ်။ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်လာရင် စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အခုနှစ်အတွင်းမှာ ရန်သူရဲ့ စစ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ နှောက်ယှက်မှုတွေ ခြိမ်းခြောက်မှုတွေက မကြာခဏဆိုသလို မြင့်တက်နေပြီး ထိုင်ဝမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုအတွက် လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်လို့ ထိုင်ဝမ်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ရေးပြုဖို့…

Read More

ရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ်

ရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၂၁-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းကို ဒီနေ့ စက်တင်ဘာ ၂၁ရက်ကစပြီး Stay Home နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အခုလိုပြုလုပ်တာဟာ လက်ရှိရန်ကုန်တိုင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှုနူန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပြီး ဒီ stay at home အစီအစဉ်ဟာ အောက်တိုဘာလ ၇ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ “လူတွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေမယ် မက်စ်တပ်မယ်၊ လက်ကိုစက္ကန့် ၂၀ ဆေးမယ်၊ လူစုလူဝေးရှောင်မယ် ဆိုတဲ့အချက်တွေက တကယ့် ဒီရောဂါကို ကွင်းဆက်ဖြတ်တောက်နိုင်မယ့် အချက်တွေပါ၊ ဒါတွေကို အစောပိုင်းထဲကလိုက်နာရင် ဒီလောက်တောင်မှ ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့်လည်း တကမ္ဘာလုံးမှာရင်ဆိုင်နေရတဲ့ရောဂါဖြစ်တဲ့အခါကျတော့ အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားတာပေါ့။ အဲ့ဒီတော့ အားလုံးက လိုက်နာမယ်၊…

Read More

နေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်

နေပြည်တော်တိုင်းမ် သတင်းထောက်တစ်ဦးက အသက် ၁၇နှစ်အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် ဟုမ္မလင်း ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ နောင်တောကျေးရွာအုပ်စု ၊ ဟွေဖလာရွှေမှော်မှာ နေထိုင်တဲ့ နေပြည်တော်တိုင်းမ်သတင်းအဖွဲ့ အတွင်းရေးမှူး သတင်းထောက်တစ်ဦးဟာ အသက် ၁၇နှစ်အရွယ် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မိုင်းကိုင်းနယ်မြေရဲစခန်းက မုဒိမ်းမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ “ မနေ့ (စက်တင်ဘာ ၂၀ )က အမှုဖွင့်လိုက်တာဖြစ်တယ် ၊ (ပ) ၄၆/၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁/၅၀၆ အရ အရေးယူထားတာဖြစ်တယ်၊ နေပြည်တော်တိုင်မ်း သတင်းဌာနက အတွင်းရေးမှူး ၊ သတင်းထောက် ရေချမ်း(ခ) စံသိန်း ဆိုသူဖြစ်တယ် ” လို့…

Read More

ဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ

ဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ ဖားကန့်၊ စက်တင်ဘာ ၂၁-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံးရှိတဲ့ ဖားကန့်မြို့နယ်ကို စက်တင်ဘာလ ဒီကနေ့၂၁ရက်နေ့ကစပြီး ( Stay at Home )နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ ကြေငြာလိုက်ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ကပြောပါတယ်။ ” အားလုံးနေအိမ်ထဲမှာပဲ နေရမယ် ။ကျန်းမာရေးကိစ္စနဲ့ ၊မဖြစ်မနေ ဈေးဝယ်ရသူပဲ အပြင်ထွက်ရမယ်။ လမ်းတိုင်းမှာ လုံခြုံရေး ရဲဘော်တဦး ၊ အုပ်ချုပ်ရေးတစ်ဦး ၊အရန်မီးသတ်တစ်ဦး ၊ ဘော်လန်ဒီယာတစ်ဦးနဲ့ ကြပ်မတ်ဆောင်ရွက်မယ်။ Stay at Home ကာလကို ဘယ်ရက်အထိ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး ၊ ရောဂါကူးစက်မှုအခြေအနေပေါ် မူတည်ပါတယ်”လို့ ဦးဉာဏ်လင်းအောင်ကပြောပါတယ်။ အခုလို Stay at Homeသက်မှတ်ထားတာကို ကနဦးအနေနဲ့ စည်းကမ်းမလိုက်နာရင်…

Read More
VOM News

FREE
VIEW