အိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ

အိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ

ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၀
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ သုံးထပ်တိုက်တစ်လုံးပြိုကျမှု စက်တင်ဘာ ၂၁ ရက်မှာ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းမြို့အနီးမှာရှိတဲ့ ဘဟီဝန်ဒီမြို့မှာ ဒေသစံတော်ချိန် မနက် ၃ နာရီ မိနစ် ၄၀ မှာဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

ဖြစ်စဉ်ကြောင့် လူ ၁၀ ဦးသေဆုံးသွားပြီး ၁၁ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်မှာ အက်ကွဲကြောင်းပေါ်ပြီးနောက် ပြိုကျသွားချိန်မှာ နေထိုင်သူအချို့ဟာ အပြင်ထွက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

အဆောက်အဦရဲ့ တစ်ဝက်က ပြိုကျသွားပြီး မိသားစု ၂၅ ၊ ၂၆ စုလောက် အထဲမှာ ပိတ်မိနေတယ်လို့ ဘဟီဝန်ဒီမြို့ စည်ပင်သာယာအကြီးအကဲ ပန်ခက်အာရှီယာက ပြောပါတယ်။ပြိုကျသွားတဲ့ သုံးထပ်တိုက်မှာ အခန်းပေါင်း ၅၄ ခန်းရှိပါတယ်။

အမျိုးသား ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့က ကယ်ဆယ်ရေးသမား ၃၀ ပါတဲ့ အဖွဲ့အပါအဝင် အရေးပေါ်ဌာနက ကယ်ဆယ်ရေးလုပ်သား ၄၀ ကျော်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။

Ref : CNA
Photo: AP
#voiceofmyanmar #VOM #ဒေလီ

Zawgyi

အိႏိၵယမွာ သံုးထပ္တိုက္ျပိဳက်မႈေၾကာင္႔ လူ ၁၀ ဦးထက္မနည္းေသဆံုး၊ ဒါဇင္မ်ားစြာ ပိတ္မိေန

ေဒလီ၊ စက္တင္ဘာ-၂၁-၂၀၂၀
မ်ိဳးဆက္္(VOM)

အိႏိၵယနိုင္ငံမွာ သံုးထပ္တိုက္တစ္လံုးျပိဳက်မႈ စက္တင္ဘာ ၂၁ ရက္မွာ ျဖစ္ပြားခဲ႔ရာ လူ ၁၀ ဦးထက္မနည္း ေသဆံုးသြားတယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

ဒီျဖစ္စဥ္ဟာ အိႏိၵယနုိင္ငံရဲ႕ စီးပြားေရးျမိဳ႕ေတာ္ မြန္ဘိုင္းျမိဳ႕အနီးမွာရိွတဲ႔ ဘဟီ၀န္ဒီျမိဳ႕မွာ ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီ မိနစ္ ၄၀ မွာျဖစ္ပြားခဲ႔တာလို႔ အာဏာပိုင္ေတြကေျပာပါတယ္။

ျဖစ္စဥ္ေၾကာင္႔ လူ ၁၀ ဦးေသဆံုးသြားျပီး ၁၁ ဦးကို အသက္ရွင္လွ်က္ ကယ္တင္နိုင္ခဲ႔တယ္လို႔ တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

တိုက္မွာ အက္ကြဲေၾကာင္းေပၚျပီးေနာက္ ျပိဳက်သြားခ်ိန္မွာ ေနထိုင္သူအခ်ိဳ႕ဟာ အျပင္ထြက္ဖို႔ ၾကိဳးစားခဲ႔ၾကပါေသးတယ္။

အေဆာက္အဦရဲ႕ တစ္၀က္က ျပိဳက်သြားျပီး မိသားစု ၂၅ ၊ ၂၆ စုေလာက္ အထဲမွာ ပိတ္မိေနတယ္လို႔ ဘဟီ၀န္ဒီျမိဳ႕ စည္ပင္သာယာအၾကီးအကဲ ပန္ခက္အာရွီယာက ေျပာပါတယ္။ျပိဳက်သြားတဲ႔ သံုးထပ္တိုက္မွာ အခန္းေပါင္း ၅၄ ခန္းရိွပါတယ္။

အမ်ိဳးသား ေဘးအႏၱရာယ္တံု႔ျပန္ေရးတပ္ဖြဲ႔က ကယ္ဆယ္ေရးသမား ၃၀ ပါတဲ့ အဖြဲ႔အပါအ၀င္ အေရးေပၚဌာနက ကယ္ဆယ္ေရးလုပ္သား ၄၀ ေက်ာ္ဟာ အခင္းျဖစ္ပြားတဲ့ေနရာကို ေရာက္ရိွေနျပီး ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနၾကပါတယ္။

Ref : CNA
Photo: AP
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW