ဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ

ဖားကန့် မြို့ကို Stay at Home အဖြစ်ကြေငြာ

ဖားကန့်၊ စက်တင်ဘာ ၂၁-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံးရှိတဲ့ ဖားကန့်မြို့နယ်ကို စက်တင်ဘာလ ဒီကနေ့၂၁ရက်နေ့ကစပြီး ( Stay at Home )နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ ကြေငြာလိုက်ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ကပြောပါတယ်။

” အားလုံးနေအိမ်ထဲမှာပဲ နေရမယ် ။ကျန်းမာရေးကိစ္စနဲ့ ၊မဖြစ်မနေ ဈေးဝယ်ရသူပဲ အပြင်ထွက်ရမယ်။ လမ်းတိုင်းမှာ လုံခြုံရေး ရဲဘော်တဦး ၊ အုပ်ချုပ်ရေးတစ်ဦး ၊အရန်မီးသတ်တစ်ဦး ၊ ဘော်လန်ဒီယာတစ်ဦးနဲ့ ကြပ်မတ်ဆောင်ရွက်မယ်။ Stay at Home ကာလကို ဘယ်ရက်အထိ လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး ၊ ရောဂါကူးစက်မှုအခြေအနေပေါ် မူတည်ပါတယ်”လို့ ဦးဉာဏ်လင်းအောင်ကပြောပါတယ်။

အခုလို Stay at Homeသက်မှတ်ထားတာကို ကနဦးအနေနဲ့ စည်းကမ်းမလိုက်နာရင် ပညာပေးဆွေးနွေးပြီး ပြန်လွှတ်ပေးမှာ ဖြစ်ပေမယ့် နောက်ပိုင်းရက်တွေမှာတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးသွားမယ်လို့လည်း သိရပါတယ် ။

Stay at Home နေအိမ်တွင်း နေထိုင်ခြင်းလုပ်ငန်းစဉ်မှာ ပြည်သူတွေအနေနဲ့ ပူပေါင်းပါဝင်စေလိုပြီး စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေအနေနဲ့လည်း လာရောက်ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ် ။

ဖားကန့်မြို့နယ်မှာ စက်တင်ဘာ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ကူးစက်ခံရတဲ့ အတည်ပြုလူနာ (၉)ဦးထိ ရှိနေခဲ့ပြီး ပထမဆုံး တွေ့ရှိခဲ့တဲ့ လူနာအမှတ်-၁၇၁၂ဟာ ဆေးစစ်ရာမှာ ၂ကြိမ် ဆက်တိုက် ပိုးမတွေ့တာကြောင့် စက်တင်ဘာ ၂၀ ရက်နေ့ မွန်လွဲပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဖားကန့်မြို့နယ် ကျန်းမာရေးဌာနကနေ သိရပါတယ်။

လက်ရှိချိန်မှာတော့ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်း (၈)ဦးသာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #StayatHome

Zawgyi

ဖားကန႔္ ၿမိဳ႕ကို Stay at Home အျဖစ္ေၾကျငာ

ဖားကန္႔၊ စက္တင္ဘာ ၂၁-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္မွာ ကိုဗစ္-၁၉ ကူးစက္ခံရသူ အမ်ားဆုံးရွိတဲ့ ဖားကန႔္ၿမိဳ႕နယ္ကို စက္တင္ဘာလ ဒီကေန႔၂၁ရက္ေန႔ကစၿပီး ( Stay at Home )ေနအိမ္တြင္းမွာပဲ ေနထိုင္ၾကဖို႔ ေၾကျငာလိုက္ၿပီလို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္လင္းေအာင္ကေျပာပါတယ္။

” အားလုံးေနအိမ္ထဲမွာပဲ ေနရမယ္ ။က်န္းမာေရးကိစၥနဲ႔ ၊မျဖစ္မေန ေစ်းဝယ္ရသူပဲ အျပင္ထြက္ရမယ္။ လမ္းတိုင္းမွာ လုံၿခဳံေရး ရဲေဘာ္တဦး ၊ အုပ္ခ်ဳပ္ေရးတစ္ဦး ၊အရန္မီးသတ္တစ္ဦး ၊ ေဘာ္လန္ဒီယာတစ္ဦးနဲ႔ ျကပ္မတ္ေဆာင္႐ြက္မယ္။ Stay at Home ကာလကို ဘယ္ရက္အထိ လုပ္မယ္ဆိုတာ မသတ္မွတ္ရေသးပါဘူး ၊ ေရာဂါကူးစက္မႈအေျခအေနေပၚ မူတည္ပါတယ္”လို႔ ဦးဉာဏ္လင္းေအာင္ကေျပာပါတယ္။

အခုလို Stay at Homeသက္မွတ္ထားတာကို ကနဦးအေနနဲ႔ စည္းကမ္းမလိုက္နာရင္ ပညာေပးေဆြးေႏြးၿပီး ျပန္လႊတ္ေပးမွာ ျဖစ္ေပမယ့္ ေနာက္ပိုင္းရက္ေတြမွာေတာ့ ဥပေဒအရ ထိထိေရာက္ေရာက္ အေရးသြားမယ္လို႔လည္း သိရပါတယ္ ။

Stay at Home ေနအိမ္တြင္း ေနထိုင္ျခင္းလုပ္ငန္းစဥ္မွာ ျပည္သူေတြအေနနဲ႔ ပူေပါင္းပါဝင္ေစလိုၿပီး ေစတနာ့ဝန္ထမ္း ပရဟိတအဖြဲ႕ေတြအေနနဲ႔လည္း လာေရာက္ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚထားတယ္လို႔ သိရပါတယ္ ။

ဖားကန႔္ၿမိဳ႕နယ္မွာ စက္တင္ဘာ၂၀ ရက္ေန႔အထိ ကိုဗစ္-၁၉ကူးစက္ခံရတဲ့ အတည္ျပဳလူနာ (၉)ဦးထိ ရွိေနခဲ့ၿပီး ပထမဆုံး ေတြ႕ရွိခဲ့တဲ့ လူနာအမွတ္-၁၇၁၂ဟာ ေဆးစစ္ရာမွာ ၂ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕တာေၾကာင့္ စက္တင္ဘာ ၂၀ ရက္ေန႔ မြန္လြဲပိုင္းက ေဆး႐ုံဆင္းခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ က်န္းမာေရးဌာနကေန သိရပါတယ္။

လက္ရွိခ်ိန္မွာေတာ့ ဖားကန႔္ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ကူးစက္ခံရသူေပါင္း (၈)ဦးသာ က်န္ရွိေနတာလည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #StayatHome

Related posts

Leave a Comment

VOM News

FREE
VIEW