“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”
သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်တာတာပဲ ဖြစ်ပါတယ်။
ရေအားလျှပ်စစ် ထုတ်ယူရာမှာလည်း Mega Dam လို့ ခေါ်တဲ့ ကြီးမားတဲ့ ရေကာတာတွေ တည်ဆောက်ပြီး ထုတ်ယူတာကို အားမပေးသင့် ပါဘူး။ ဒီလို ကြီးမားတဲ့ ရေကာတာကြောင့် ဒေသတွင်း နေထိုင်သူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေကို ထိခိုက်စေနိုင်သလို သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေအထိ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ပြည်သူတွေက ကန့်ကွက်နေကြတာပါ။
ကျောက်မီးသွေးကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှုကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံမှာ တေွ့နိုင်ပါတယ်။ အဲဒီစက်ရုံ လည်ပတ်နေတာကြောင့် ဒေသတွင်း ပြည်သူများရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ် ဆိုပြီး စက်ရုံလည်ပတ်မှု ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရာမရောက် သေးတာလည်း တွေ့ရပါတယ်။
အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဒီလို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်း အများအပြားရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနဲ့ တက်ကြွလှုပ်ရှားသူများရဲ့ ကန့်ကွက်၊ ထောက်ပြမှုတွေကြောင့် အကောင်အထည်ဖော်လာခြင်း မရှိသေးတာ တွေ့ရပါတယ်။
ကမ္ဘာပေါ်က နိုင်ငံအတော်များများမှာလည်း ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချလာကြပါတယ်။ အကြောင်းကတော့ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ကျောက်မီးသွေး လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေက ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ကို ပိုမို ဆိုးရွား သွားစေလို့ပါပဲ။ အမေရိကန် ပြည်ထောင်စုမှာတော့ ၂၀၀၆ ခုနှစ် အထိ တစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင် စုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းကို ကျောက်မီးသွေးကနေ ထုတ်လုပ်ခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ၃၀ ရာခိုင်နှုန်းသာ ထုတ်လုပ်လာပြီး ကျောက်မီးသွေး အသုံးပြုမှုကို လျှော့ချလာပါတယ်။
တရုတ်နိုင်ငံမှာလည်း ကျောက်မီးသွေးကနေ စွမ်းအင် ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လျှော့ချလာခဲ့ပြီး တချို့သော စက်ရုံတွေကိုပါ ပိတ်သိမ်းတဲ့ အထိ စီစဉ်လုပ်ဆောင်လာပါတယ်။ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၄ ခုနှစ် က စ,ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေ အစား သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေနဲ့ အစားထိုး နိုင်ဖို့ ပြင်နေခဲ့တာပါ။ ဒီလို အစားထိုးလိုက်ခြင်း အားဖြင့် ကျောက်မီးသွေး လောင်ကျွမ်းရာကနေ ထွက်ရှိလာတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုပါ လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက သူ့နိုင်ငံ အတွင်းမှာတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေ ကန့်သတ်လျှော့ချလာပေမဲ့ မြန်မာနိုင်ငံ အတွင်းမှာတော့ ကျောက်မီးသွေးသုံး စက်ရုံတချို့ စမ်းလည်ပတ်နေတာက မေးခွန်းထုတ်စရာပါ။
မြန်မာနိုင်ငံအတွက် သန့်ရှင်းတဲ့ စွမ်းအင် ရရှိဖို့ အတွက် အဖြစ်နိုင်ဆုံး ရင်းမြစ်က နေရောင်ခြည်စွမ်းအင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အီကွေတာ မျဉ်းနဲ့ နီးကပ်ပြီး တစ်နိုင်ငံလုံးမှာ နေရောင်ခြည် လုံလုံလောက်လောက် ရနိုင်တဲ့ ဒေသတွေက အများအပြား ဖြစ်နေလို့ပါ။ နေရောင်ခြည်ကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်လာနိုင်တာနဲ့ အမျှ အကျိုးကျေးဇူးတွေ ပိုရလာမှာပါ။ နေရောင်ခြည် ထိတွေ့တာနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နေစွမ်းအင်သုံး ဆဲလ်တွေနဲ့ နေရာင်ခြည်ကို ဖမ်းယူနိုင်ပါတယ်။ တချို့သော ကျေးလက်ဒေသတွေမှာ ဆိုရင်လည်း ဆိုလာပြားတွေ တပ်ဆင်ပြီး ချက်ပြုတ်ဖို့၊ ရုပ်မြင်သံကြား ကြည့်ဖို့ အသုံးပြုနေတာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နေရောင်ခြည် စွမ်းအင်ကနေ လျှပ်စစ်ထုတ်ယူဖို့ ဆိုလာပါဝါစီမံကိန်းတွေ အတွက် တင်ဒါ ခေါ်ယူနေပါတယ်။ ဒါပေမယ့် တင်ဒါအောင်မယ့် ကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေက အများစု ဖြစ်နေတယ် လို့လည်း ဝေဖန်ကြတာ ရှိပါတယ်။ ဆိုလာပါဝါ စီမံကိန်းတွေကို ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ တည်ဆောက်သွားဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်မှာ တည်ဆောက်ခဲ့တဲ့ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ကတည်းက ဖွင့်လှစ်လည်ပတ်နေပါပြီ။ ဒီစက်ရုံဟာ ထိုင်းနိုင်ငံမှ Green Earth Powerကုမ္ပဏီက ရင်းနှီးမြှုပ်နှံတာ ဖြစ်ပြီး ၁ နှစ်မှာ လျှပ်စစ် မဂ္ဂါဝပ် ၂၁၀ အထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။
နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံတွေ များပြားလာတာနဲ့ အမျှ နိုင်ငံအတွက် အကျိုးရှိနိုင်မယ့် တင်ဒါခေါ်ယူရာမှာ တာဝန်ယူ တာဝန်ခံမှု ရှိမယ့် ကုမ္ပဏီတွေကို ရွေးချယ်နိုင်ရင် နိုင်ငံအတွက် ပိုကောင်းပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံဟာ ဆိုလာပါဝါစီမံကိန်းတွေ ဖော်ဆောင်အောင်မြင်နိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေတာပါ။ ရေအားလျှပ်စစ် အပါအဝင် လျှပ်စစ် ထုတ်လုပ်နေတဲ့ စီမံကိန်းတွေက ထွက်ရှိတဲ့ မဂ္ဂါဝပ် ၃၀၀၀ ဝန်းကျင်ပဲ ရှိသေးတဲ့ အတွက် စွမ်းအင် လိုအပ်ချက်က မြင့်မားနေဆဲ ဖြစ်ပါတယ်။
ပြန်ပြည့်မြဲ စွမ်းအင် တစ်ခုဖြစ်တဲ့ ရေအားလျှပ်စစ် ထုတ်ယူရာမှာ အသေးစား ရေအားလျှပ်စစ် စီမံကိန်းတွေကို ပိုပြီး အကောင်အထည်ဖော်သင့်ပါတယ်။ အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေ မလုပ်ဖို့ ကန့်ကွက်နေသူတွေကို ဖွံ့ဖြိုးတိုးတက်မှု မလိုလားသူတွေလို့ တံဆိပ်ကပ်ကြတာလည်း တွေ့ရပါတယ်။ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ ဆည်တွေ တည်ဆောက်ခဲ့ရင် အဲဒီမြစ်ကြောင်း တလျှောက် မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေကို ထိခိုက်စေမှာ အသေအချာပါပဲ။
မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ သံလွင်မြစ်ရဲ့ ရေဝေရေလဲ ဒေသဟာ ၄၂ ရာခိုင်နှုန်းရှိပြီး မြစ်ညာအထက်ပိုင်းက ဆည်တွေ တည်ဆောက်ခဲ့ရင် ရှမ်းပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ ရှမ်း၊ လီဆူး၊ လားဟူ၊ ကရင်ပြည်နယ်ထဲက ကရင်လူမျိုးတွေရဲ့ အသက်မွေးမှု အပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ မြစ်ချောင်းပေါများတဲ့ မြန်မာနိုင်ငံမှာ အသေးစား ရေအား လျှပ်စစ် ထုတ်ယူမှုတွေက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စွမ်းအင်လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်စေမှာပါ။
နောက်ထပ် ရွေးချယ်မှု တစ်ခုက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင် ထုတ်ယူရေးပဲ ဖြစ်ပြီး အစိုးရဘက်ကလည်း LNG to Power စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ စီမံကိန်းကာလကို ၅ နှစ် သတ်မှတ်ထားတဲ့ အတွက် အချိန်တို အတွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ LNG to Power ဆိုတာက သဘာဝဓာတ်ငွေ့ရည်ကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူတာ ဖြစ်ပါတယ်။ ဒီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေတဲ့ စွမ်းအင်ထုတ်လုပ်မှုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ၂၀ ရာခိုင်နှုန်း ရှိပါတယ်။
အရေးကြီးတာက ဘယ်လိုနည်းလမ်းနဲ့ပဲ စွမ်းအင်ထုတ်ယူပါစေ၊ ကုန်ကျစရိတ် သက်သာစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေဖို့ပါ။ အသေးစားရေအားလျှပ်စစ်စီမံကိန်း၊ နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းနဲ့ LNG to Power စီမံကိန်းတွေက မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ရွေးချယ်စရာတွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်ရေးသား တင်ပြလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)
ဓါတ်ပုံ manzanillosun.com
#voiceofmyanmar #VOM #စွမ်းအင်လိုအပ်ချက် #သွေး(စစ်ကိုင်း)
Zawgyi
“စြမ္းအင္လိုအပ္ခ်က္ကို ဘယ္လို ျဖည့္ဆည္းမလဲ”
ေသြး (စစ္ကိုင္း)၊ စက္တင္ဘာ ၂၅၊ ၂၀၂၀
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္ စြမ္းအင္ရရွိေရးဟာ အထူးပဲ အေရးႀကီးပါတယ္။ စြမ္းအင္ရင္းျမစ္ေတြ ပိုင္ဆိုင္ထားတဲ့ ပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံမွာ စြမ္းအင္ထုတ္လုပ္ေရး အတြက္ ေကာင္းမြန္အဆင္ေျပတဲ့ နည္းလမ္းေတြကို ထည့္သြင္း စဥ္းစားရမွာပါ။ ျပန္ျပည့္ၿမဲစြမ္းအင္ (Renewable Energy) ပိုထုတ္လုပ္ဖို႔ ဦးတည္ႀကိဳးပမ္း သြားမယ္ ဆိုရင္ စြမ္းအင္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မွာ ျဖစ္သလို သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈကိုပါ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ႏိုင္ငံ့လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္း ဝန္းက်င္ပဲ လွ်ပ္စစ္မီး ရရွိေသးတာ ျဖစ္ၿပီး ၂၀၃၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ငံလုံး လွ်ပ္စစ္မီးရရွိဖို႔ ေမွ်ာ္မွန္းထားပါတယ္။ လွ်ပ္စစ္စြမ္းအင္ကို ေရ၊ ေလ၊ ဘူမိအပူကေန ထုတ္ယူႏိုင္ၿပီး လက္ရွိမွာေတာ့ အမ်ားဆုံး ထုတ္လုပ္ေနတာက ေရအားသုံး လွ်ပ္စစ္စြမ္းအင္ ထုတ္လုပ္တာတာပဲ ျဖစ္ပါတယ္။
ေရအားလွ်ပ္စစ္ ထုတ္ယူရာမွာလည္း Mega Dam လို႔ ေခၚတဲ့ ႀကီးမားတဲ့ ေရကာတာေတြ တည္ေဆာက္ၿပီး ထုတ္ယူတာကို အားမေပးသင့္ ပါဘူး။ ဒီလို ႀကီးမားတဲ့ ေရကာတာေၾကာင့္ ေဒသတြင္း ေနထိုင္သူေတြရဲ႕ ေန႔စဥ္ေနထိုင္မႈဘဝေတြကို ထိခိုက္ေစႏိုင္သလို သဘာဝပတ္ဝန္းက်င္နဲ႔ ေဂဟစနစ္ေတြအထိ ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ျမစ္ဆုံေရကာတာ စီမံကိန္းႀကီးကို ျပည္သူေတြက ကန႔္ကြက္ေနၾကတာပါ။
ေက်ာက္မီးေသြးကို အသုံးျပဳၿပီး စြမ္းအင္ထုတ္လုပ္မႈကို ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္က တီက်စ္ ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံမွာ ေတြ႕ႏိုင္ပါတယ္။ အဲဒီစက္႐ုံ လည္ပတ္ေနတာေၾကာင့္ ေဒသတြင္း ျပည္သူမ်ားရဲ႕ က်န္းမာေရး ထိခိုက္မႈေတြ ရွိေနတယ္ ဆိုၿပီး စက္႐ုံလည္ပတ္မႈ ရပ္ဆိုင္းေပးဖို႔ ေဒသခံေတြက ေတာင္းဆိုေနၾကပါတယ္။ ဒါေပမဲ့ ျပည္သူေတြရဲ႕ ေတာင္းဆိုမႈ အရာမေရာက္ ေသးတာလည္း ေတြ႕ရပါတယ္။
အရင္ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္က ဒီလို ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံ တည္ေဆာက္မယ့္ စီမံကိန္း အမ်ားအျပားရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေဒသခံမ်ား၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္မ်ားနဲ႔ တက္ႂကြလႈပ္ရွားသူမ်ားရဲ႕ ကန႔္ကြက္၊ ေထာက္ျပမႈေတြေၾကာင့္ အေကာင္အထည္ေဖာ္လာျခင္း မရွိေသးတာ ေတြ႕ရပါတယ္။
ကမာၻေပၚက ႏိုင္ငံအေတာ္မ်ားမ်ားမွာလည္း ေက်ာက္မီးေသြးကေန စြမ္းအင္ထုတ္လုပ္မႈကို သိသိသာသာ ေလွ်ာ့ခ်လာၾကပါတယ္။ အေၾကာင္းကေတာ့ လူသားေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစ႐ုံသာမက ေက်ာက္မီးေသြး ေလာင္ကြၽမ္းရာကေန ထြက္ေပၚလာတဲ့ ဓာတ္ေငြ႕ေတြက ကမာၻႀကီးပူေႏြးလာမႈ (Global Warming) ကို ပိုမို ဆိုး႐ြား သြားေစလို႔ပါပဲ။ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ၂၀၀၆ ခုႏွစ္ အထိ တစ္ႏိုင္ငံလုံး လွ်ပ္စစ္စြမ္းအင္ စုစုေပါင္းရဲ႕ ၄၉ ရာခိုင္ႏႈန္းကို ေက်ာက္မီးေသြးကေန ထုတ္လုပ္ခဲ့ပါတယ္။ သို႔ေပမယ့္ ၂၀၁၆ ခုႏွစ္မွာေတာ့ ၃၀ ရာခိုင္ႏႈန္းသာ ထုတ္လုပ္လာၿပီး ေက်ာက္မီးေသြး အသုံးျပဳမႈကို ေလွ်ာ့ခ်လာပါတယ္။
တ႐ုတ္ႏိုင္ငံမွာလည္း ေက်ာက္မီးေသြးကေန စြမ္းအင္ ထုတ္လုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေလွ်ာ့ခ်လာခဲ့ၿပီး တခ်ိဳ႕ေသာ စက္႐ုံေတြကိုပါ ပိတ္သိမ္းတဲ့ အထိ စီစဥ္လုပ္ေဆာင္လာပါတယ္။ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၂၀၁၄ ခုႏွစ္ က စ,ၿပီး ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံေတြ အစား သဘာဝဓာတ္ေငြ႕သုံး စက္႐ုံေတြနဲ႔ အစားထိုး ႏိုင္ဖို႔ ျပင္ေနခဲ့တာပါ။ ဒီလို အစားထိုးလိုက္ျခင္း အားျဖင့္ ေက်ာက္မီးေသြး ေလာင္ကြၽမ္းရာကေန ထြက္ရွိလာတဲ့ ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ ထုတ္လႊတ္မႈကိုပါ ေလွ်ာ့ခ်ႏိုင္မွာလည္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက သူ႔ႏိုင္ငံ အတြင္းမွာေတာ့ ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံေတြ ကန႔္သတ္ေလွ်ာ့ခ်လာေပမဲ့ ျမန္မာႏိုင္ငံ အတြင္းမွာေတာ့ ေက်ာက္မီးေသြးသုံး စက္႐ုံတခ်ိဳ႕ စမ္းလည္ပတ္ေနတာက ေမးခြန္းထုတ္စရာပါ။
ျမန္မာႏိုင္ငံအတြက္ သန႔္ရွင္းတဲ့ စြမ္းအင္ ရရွိဖို႔ အတြက္ အျဖစ္ႏိုင္ဆုံး ရင္းျမစ္က ေနေရာင္ျခည္စြမ္းအင္ပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အီေကြတာ မ်ဥ္းနဲ႔ နီးကပ္ၿပီး တစ္ႏိုင္ငံလုံးမွာ ေနေရာင္ျခည္ လုံလုံေလာက္ေလာက္ ရႏိုင္တဲ့ ေဒသေတြက အမ်ားအျပား ျဖစ္ေနလို႔ပါ။ ေနေရာင္ျခည္ကို အသုံးျပဳၿပီး စြမ္းအင္ထုတ္လုပ္လာႏိုင္တာနဲ႔ အမွ် အက်ိဳးေက်းဇူးေတြ ပိုရလာမွာပါ။ ေနေရာင္ျခည္ ထိေတြ႕တာနဲ႔ လွ်ပ္စစ္ထုတ္လုပ္ႏိုင္တဲ့ ေနစြမ္းအင္သုံး ဆဲလ္ေတြနဲ႔ ေနရာင္ျခည္ကို ဖမ္းယူႏိုင္ပါတယ္။ တခ်ိဳ႕ေသာ ေက်းလက္ေဒသေတြမွာ ဆိုရင္လည္း ဆိုလာျပားေတြ တပ္ဆင္ၿပီး ခ်က္ျပဳတ္ဖို႔၊ ႐ုပ္ျမင္သံၾကား ၾကည့္ဖို႔ အသုံးျပဳေနတာလည္း ေတြ႕ရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက စြမ္းအင္လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ေနေရာင္ျခည္ စြမ္းအင္ကေန လွ်ပ္စစ္ထုတ္ယူဖို႔ ဆိုလာပါဝါစီမံကိန္းေတြ အတြက္ တင္ဒါ ေခၚယူေနပါတယ္။ ဒါေပမယ့္ တင္ဒါေအာင္မယ့္ ကုမၸဏီေတြထဲမွာ တ႐ုတ္ကုမၸဏီေတြက အမ်ားစု ျဖစ္ေနတယ္ လို႔လည္း ေဝဖန္ၾကတာ ရွိပါတယ္။ ဆိုလာပါဝါ စီမံကိန္းေတြကို ဧရာဝတီ၊ ပဲခူး၊ မေကြး၊ မႏၲေလး၊ စစ္ကိုင္းနဲ႔ ရန္ကုန္တိုင္းေဒသႀကီးေတြမွာ တည္ေဆာက္သြားဖို႔ စီစဥ္ထားတယ္ လို႔လည္း သိရပါတယ္။
မေကြးတိုင္း ေဒသႀကီး မင္းဘူးၿမိဳ႕နယ္မွာ တည္ေဆာက္ခဲ့တဲ့ ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္႐ုံကိုေတာ့ ၂၀၁၉ ခုႏွစ္ ဇြန္လ ကတည္းက ဖြင့္လွစ္လည္ပတ္ေနပါၿပီ။ ဒီစက္႐ုံဟာ ထိုင္းႏိုင္ငံမွ Green Earth Powerကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံတာ ျဖစ္ၿပီး ၁ ႏွစ္မွာ လွ်ပ္စစ္ မဂၢါဝပ္ ၂၁၀ အထိ ထုတ္လုပ္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။
ေနေရာင္ျခည္သုံး ဓာတ္အားေပး စက္႐ုံေတြ မ်ားျပားလာတာနဲ႔ အမွ် ႏိုင္ငံအတြက္ အက်ိဳးရွိႏိုင္မယ့္ တင္ဒါေခၚယူရာမွာ တာဝန္ယူ တာဝန္ခံမႈ ရွိမယ့္ ကုမၸဏီေတြကို ေ႐ြးခ်ယ္ႏိုင္ရင္ ႏိုင္ငံအတြက္ ပိုေကာင္းပါတယ္။ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ျမန္မာႏိုင္ငံဟာ ဆိုလာပါဝါစီမံကိန္းေတြ ေဖာ္ေဆာင္ေအာင္ျမင္ႏိုင္တဲ့ အလားအလာေတြ အမ်ားႀကီး ရွိေနတာပါ။ ေရအားလွ်ပ္စစ္ အပါအဝင္ လွ်ပ္စစ္ ထုတ္လုပ္ေနတဲ့ စီမံကိန္းေတြက ထြက္ရွိတဲ့ မဂၢါဝပ္ ၃၀၀၀ ဝန္းက်င္ပဲ ရွိေသးတဲ့ အတြက္ စြမ္းအင္ လိုအပ္ခ်က္က ျမင့္မားေနဆဲ ျဖစ္ပါတယ္။
ျပန္ျပည့္ၿမဲ စြမ္းအင္ တစ္ခုျဖစ္တဲ့ ေရအားလွ်ပ္စစ္ ထုတ္ယူရာမွာ အေသးစား ေရအားလွ်ပ္စစ္ စီမံကိန္းေတြကို ပိုၿပီး အေကာင္အထည္ေဖာ္သင့္ပါတယ္။ အႀကီးစား ေရအားလွ်ပ္စစ္စီမံကိန္းေတြ မလုပ္ဖို႔ ကန႔္ကြက္ေနသူေတြကို ဖြံ႕ၿဖိဳးတိုးတက္မႈ မလိုလားသူေတြလို႔ တံဆိပ္ကပ္ၾကတာလည္း ေတြ႕ရပါတယ္။ သံလြင္ျမစ္နဲ႔ ဧရာဝတီျမစ္ေပၚမွာ တည္ေဆာက္ဖို႔ စီစဥ္ထားတဲ့ ေရအားလွ်ပ္စစ္ ထုတ္လုပ္ဖို႔ ရည္႐ြယ္တဲ့ ဆည္ေတြ တည္ေဆာက္ခဲ့ရင္ အဲဒီျမစ္ေၾကာင္း တေလွ်ာက္ မွီတင္းေနထိုင္ၾကတဲ့ ေဒသခံေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္းေတြကို ထိခိုက္ေစမွာ အေသအခ်ာပါပဲ။
ျမန္မာႏိုင္ငံပိုင္ဆိုင္တဲ့ သံလြင္ျမစ္ရဲ႕ ေရေဝေရလဲ ေဒသဟာ ၄၂ ရာခိုင္ႏႈန္းရွိၿပီး ျမစ္ညာအထက္ပိုင္းက ဆည္ေတြ တည္ေဆာက္ခဲ့ရင္ ရွမ္းျပည္နယ္မွာ မွီတင္းေနထိုင္တဲ့ ရွမ္း၊ လီဆူး၊ လားဟူ၊ ကရင္ျပည္နယ္ထဲက ကရင္လူမ်ိဳးေတြရဲ႕ အသက္ေမြးမႈ အေပၚ ထိခိုက္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ျမစ္ေခ်ာင္းေပါမ်ားတဲ့ ျမန္မာႏိုင္ငံမွာ အေသးစား ေရအား လွ်ပ္စစ္ ထုတ္ယူမႈေတြက သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစဘဲ စြမ္းအင္လိုအပ္ခ်က္ကိုပါ ျဖည့္ဆည္းေပးႏိုင္တဲ့ ေ႐ြးခ်ယ္မႈ တစ္ခု ျဖစ္ေစမွာပါ။
ေနာက္ထပ္ ေ႐ြးခ်ယ္မႈ တစ္ခုက သဘာဝဓာတ္ေငြ႕သုံး လွ်ပ္စစ္စြမ္းအင္ ထုတ္ယူေရးပဲ ျဖစ္ၿပီး အစိုးရဘက္ကလည္း LNG to Power စီမံကိန္းေတြကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ေတြ႕ရပါတယ္။ စီမံကိန္းကာလကို ၅ ႏွစ္ သတ္မွတ္ထားတဲ့ အတြက္ အခ်ိန္တို အတြင္း စြမ္းအင္လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ ႀကိဳးစားတာလည္း ျဖစ္ပါတယ္။ LNG to Power ဆိုတာက သဘာဝဓာတ္ေငြ႕ရည္ကေန လွ်ပ္စစ္စြမ္းအင္ ထုတ္ယူတာ ျဖစ္ပါတယ္။ ဒီ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ နည္းပါးေစတဲ့ စြမ္းအင္ထုတ္လုပ္မႈက တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဆိုရင္ ၂၀ ရာခိုင္ႏႈန္း ရွိပါတယ္။
အေရးႀကီးတာက ဘယ္လိုနည္းလမ္းနဲ႔ပဲ စြမ္းအင္ထုတ္ယူပါေစ၊ ကုန္က်စရိတ္ သက္သာေစၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ နည္းပါးေစဖို႔ပါ။ အေသးစားေရအားလွ်ပ္စစ္စီမံကိန္း၊ ေနေရာင္ျခည္သုံး ဓာတ္အားေပး စက္႐ုံစီမံကိန္းနဲ႔ LNG to Power စီမံကိန္းေတြက ျမန္မာႏိုင္ငံရဲ႕ စြမ္းအင္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ ေ႐ြးခ်ယ္စရာေတြ ျဖစ္လာႏိုင္ေၾကာင္း သုံးသပ္ေရးသား တင္ျပလိုက္ရပါတယ္။
ေသြး (စစ္ကိုင္း)
ဓါတ္ပုံ manzanillosun.com
#voiceofmyanmar #VOM #စြမ္းအင္လိုအပ္ခ်က္ #ေသြး(စစ္ကိုင္း)