ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P)

ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P) မန္တလေး၊စက်တင်ဘာ၂၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီအကြောင်းသိနိုင်ဖို့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီဉက္ကဌ ဦးအောင်ခင်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးအောင်ခင်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၅ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးအောင်ခင်း – ကျနော်တို့ကလွှတ်တော်မှာရောက်ပြီးမှတန်းတူညီတူရေးတွေကျနော်တို့ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေး၊ ဒီကနေရှမ်းပြည်နယ်တွေရရှိဖို့ ၊ တိုင်းပြည်ကိုယ်ပိုင်အုပ်ချုပ်ဒေသတို့တောင်းဖို့၊ ရှမ်းပြည်မှာအမည်ပေါ်ပေါက်ရေးကိစ္စ၊ မှတ်ပုံတင်မှာရှမ်းပြည်ဆိုပြီးမရေးပိုင်ခွင့်မရှိဘူး။ အဲ့ဒါရေးပိုင်ခွင့်ရအောင်အမည်မှာပေါ်ပေါက်ဖို့လုပ်ရမှာ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးအောင်ခင်း – ကျနော်တို့အခြားဒေသမှာယှဉ်ပြိုင်မှာမဟုတ်ဘူး။ ကျနော်တို့ဒေသ(ရှမ်းပြည်နယ်ရှိတဲ့ဒေသ)ယှဉ်ပြိုင်မယ်။ ဆိုတော့ တအားကြီးတော့မခက်ခဲဘူး ကျနော်တို့လူမျိုးတွေကျနော်တို့ကိုထောက်ခံလာဖို့ဘဲလိုတယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးအောင်ခင်း – မနိုင်ခဲ့ဘူး။၂၀၁၅မှပါတီဖြစ်လာတာ။ အဲဒီတုန်းကလည်း ပုဂ္ဂိုလ်သီးသန့်ဝင်ပြိုင်တော့ဘာမှမရခဲ့ဘူး။ ကျနော်တို့က ၂၀၁၅ ဩဂုတ်လမှပါတီ ဖွင့်ခွင့်ကျတာ။ ကျနော်တို့က ပါတီဝင်စုဆောင်ရေးလုပ်တာနဲ့စည်းရုံးရေးကသိပ်မဆင်းလိုက်ရဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးအောင်ခင်း – မူရင်းဒေသခံမှာ ကျနော်တို့က လူတွေကိုဖိတ်ခေါ်ပြီးမှ…

Read More

ဒေသဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ဒေသက တိုင်းရင်းသားတွေ သူတို့ဒေသဖွံ့ဖြိုးဖို့ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားနေ

ဒေသဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ဒေသက တိုင်းရင်းသားတွေ သူတို့ဒေသဖွံ့ဖြိုးဖို့ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားနေ စစ်ကိုင်း၊ စက်တင်ဘာ- ၂၅- ၂၀၂၀ ရှိုင်းအောင်(VOM) တိုင်းရင်းသားတွေနေထိုင်ကြတဲ့ မြို့နယ်တစ်ချို့ဟာ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတွေအတွက် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တိုင်းရင်းသားတွေက စိတ်ဝင်စားနေကြပါတယ်။ တိုင်းရင်းသားတွေဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိရှိမရှိကို စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဂဒူးလူမျိုးတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ” စိတ်ဝင်စားမှုရှိတာပေါ့ ဒါပေးကိုပေးရမယ် မဲစားရင်းလည်းသွားကြည့်ပြီးပြီ အသဲကြားကမဲတစ်ပြားကို ဘယ်အဆုံးရှုံးခံလို့ဖြစ်မှာတုန်း လိုင်းပေါ်မှာ လူစုလူဝေးမလုပ်ရဘူးဆိုတော့ ကျတော်တို့ဆီမှာ ဒီလို လူစုလူဝေးတွေလဲ မရှိကြဘူး မနှစ်ကတော့အသက်မပြည့်သေးလို့ မပေးရဘူးလေ အခုက ၂၁ နှစ်ရှိပြီဆိုတော့ ပထမဦးဆုံးမဲပေးမှာဆိုတော့ စိတ်လှုပ်ရှားတယ် မြန်မာနိုင်ငံမှာရှိတဲ့သူတိုင်း ကိုယ်ရသင့်တဲ့အခွင့်အရေးကို ရစေချင်တယ်၊ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို တိုးတက်စေချင်တယ်၊ ၂၄ နာရီ လျှပ်စစ်မီးစေချင်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်းစေချင်တယ်”…

Read More

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၈၅၀၀ကျော် ကူးစက်ခံရပြီး ၁၅၅ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူဒီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ မိတ်ဆက်အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီနေ့ VOM ကိုချိတ်ဆက်လာတဲ့ ကိုယ်စားလှယ်လောင်းထဲက ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဒေါက်တာအောင်စိုးမြင့် Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊…

Read More

ပါတီမိတ်ဆက် (လမ်းပြကြယ်ပါတီ – G.S.P.)

ပါတီမိတ်ဆက် (လမ်းပြကြယ်ပါတီ – G.S.P.) မန္တလေး၊ စက်တင်ဘာ ၂၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် လမ်းပြကြယ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လမ်းပြကြယ်ပါတီအကြောင်းသိနိုင်ဖို့ လမ်းပြကြယ်ပါတီရဲ့ ဗဟိုအထွေထွေအတွင်းရေးမှူး ဦိးညိုလင်းမောင်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးညိုလင်းမောင် – ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးညိုလင်းမောင် – လောလောဆယ်ကတော့ကျနော်တို့ဆောင်ပုဒ်ရေးထားတာပေါ့ ကိုယ့်မြို့ကိုယ့်ရွာကာကွယ်ဖို့။ အခုကကိုဗစ်ရောဂါအခြေအနေကြောင့် ကျနော်တို့ကျန်တဲ့ဆိုင်းငံ့နေရာတွေ ကျန်းမာရေးအခြေအနေဆိုးဝါးမှုတွေကြောင့် စည်းရုံးရေးမှုလုပ်ဖို့ကိုလည်းကိုယ့်ကြောင့်ပြည်သူတွေရောဂါမရောက်စေချင်ဘူးလေ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးညိုလင်းမောင် – အခုကတော့လက်ရှိပဲခူးမြို့နယ်မှာ ပြည်သူလွှတ်တော်၊ တိုင်းဒေသကြီး ၁၊ တိုင်းဒေသကြီး၂ မှာကျနော်တို့ယှဉ်ပြိုင်မယ်။ သီးသန့်ရည်ရွယ်ချက်ကတော့ ကိုယ့်မြို့ကိုယ့်ရွာ ကိုကာကွယ်မယ်ဆိုတဲ့သဘောမျိုးပေါ့၊ ကိုယ့်မြို့ကိုယ့်ရွာကိုကာကွယ်ဖို့လောက်ဘဲ။ဒီနှစ်ကတော့ရန်ကုန်အခြေနေအရရော၊နိုင်ငံရေးရဲ့လက်ရှိဖြစ်စဉ်အနေထားအရရော အဲပေါ်မှာသုံးသပ်ပြီးကျနော်တို့ပါတီ ၃နေရာမပျက် ယှဉ်မှာပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးညိုလင်းမောင် – ကျနော်တို့ပါတီက၂၀၁၅မှ…

Read More

လူသတ်မုဒိမ်းမှုနဲ့ ထောင်ကလွတ်လာသူက ၁၃ နှစ်သားကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်

လူသတ်မုဒိမ်းမှုနဲ့ ထောင်ကလွတ်လာသူက ၁၃ နှစ်သားကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက် ရွှေဘို ၊ စက်တင်ဘာ ၂၅ – ၂၀၂၀ ကိုတိုးကြီး (VOM) အမျိုးသမီး တစ်ယောက်ကို သားမယားအဖြစ် အလိုမတူပဲ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ထောင်နှစ်ရှည်ကျ သွားတဲ့ လူတစ်ယောက်က ထောင်ကပြန်လွတ်လာတဲ့အခါ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ် ယောက်ကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့ အတွက် မနေ့ (စက်တင်ဘာ ၂၄ ) က ရွှေဘိုမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၇ ဝက်လည်ရွဲရပ်ကွက် ဈေးတောင်ဘက်လမ်းကြားမှာ စက်တင်ဘာ ၂၁ မနက် ၃ နာရီက အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက် စအိုသွေးထွက် ဒဏ်ရာနဲ့ သေဆုံး နေတာကို…

Read More

“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”

“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ” သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး…

Read More
VOM News

FREE
VIEW