ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)

ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၈၅၀၀ကျော် ကူးစက်ခံရပြီး ၁၅၅ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူဒီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ မိတ်ဆက်အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။

ဒီနေ့ VOM ကိုချိတ်ဆက်လာတဲ့ ကိုယ်စားလှယ်လောင်းထဲက ဒေါက်တာအောင်စိုးမြင့် ( ပြည်သူ့ပါတီ၊ တံတားဦးမဲဆန္ဒနယ် ၁ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ မိတ်ဆက်ပေးပါရစေ။

#voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဒေါက်တာအောင်စိုးမြင့်

Zawgyi





Related posts

Leave a Comment

VOM News

FREE
VIEW