ဆူးငှက် တကယ်တော့ မန္တလေးတက္ကသိုလ်ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ တိုင်လုံးကြီး ၆ လုံးနှင့် ပင်မအဆောက်အအုံကြီးက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက နှစ်၁၀၀ ပြည့်ပြီးခဲ့ပါပြီ။ မန္တလေးမှာ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်တဲ့အခါ ယခု ပင်မအဆောက်အအုံကြီးက ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပါဘူး။ ပထမကမ္ဘာစစ်ကြီးကာလအတွင်းက အင်္ဂလိပ် ကိုလိုနီနိုင်ငံဖြစ်တဲ့ မြန်မာပြည်က အထွက်ကောင်း စျေးကောင်းရခဲ့တဲ့ ဆန်စပါးထုတ်ကုန်က စစ်စရိတ်အတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါးစိုက်ပျိုးရေးအတွက် မန္တလေးမှာ စိုက်ပျိုးရေးသိပ္ပံကို တည်ထောင်ဖွင့်လှစ်တော့ ဒီအဆောက်အအုံကြီးက အဓိက ပါ၀င်ခဲ့ပါတယ်။ ဒီအဆောက်အအုံကြီးကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့မှာ မြန်မာပြည် ဘုရင်ခံ ဆာရီဂျင်နယ် ဟင်နရီ ကရက်ဒေါက်က အုတ်မြစ်ချ ပေးခဲ့ပါတယ်။ ဒီမှတ်တမ်းကို အဆောက်အအုံကြီးရဲ့ မြောက်ဖက်အ၀င်ပေါကက ညာဖက်အောက်ခြေမှာ…
Read MoreDay: May 10, 2025
ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ချေးငွေလျှောက်ထားနိုင်ဖို့ CHID Bank က ဖိတ်ခေါ်
မေ၁၀၊၂၀၂၅ Ms(VOM) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ ချေးငွေလိုအပ်ပါက အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် ဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါ တယ်။ ဆောက်လုပ်ရေးနဲ့ အိမ်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခုလို ဆောက်လုပ်ရေး ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ “Bankအနေနဲ့တော့ လုပ်ငန်းရှင်တစ်ဦးကို အနိမ့်ဆုံးဘယ်လောက်ကနေ ဘယ်လောက်အထိ ချေးပေးမယ်ဆိုပြီး ကျွန်တော်တို့ဘက်က သတ်မှတ်ထားတာတော့မရှိပါဘူး။ ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်ကအာမခံထားမယ့် ပစ္စည်းအပေါ်ကိုပဲမူတည်ပြီးတော့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ် ” လို့ CHID Bank မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဆိုပါဆောက်လုပ်ရေးချေးငွေကို ချေးယူမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တာတွေအနေနဲ့Construction Loan အား အာမခံ ထားရှိတဲ့ ပစ္စည်းအပေါ်မူတည်ပြီး တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမှာဖြစ်ရာ တနှစ်ကို အတိုးနှုန်း၁၂ရာခိုင်နှုန်း နဲ့ ငွေပြန်ဆပ်ရမယ့် ကာလကို လုပ်ငန်းပရောဂျက် အပေါ် မူတည်ပြီး ထားရှိပေးသွားမယ်လို့သိရပါတယ်။…
Read Moreတရုတ် စီမံကိန်းတွေနဲ့ အဖွဲ့အစည်းတွေလုံခြုံရေး ထိရောက်စွာကာကွယ်ဖို့ နစကဥက္ကဌကို ရှီကျင်းပင် တိုက်တွန်း
မော်စကို၊ မေ-၁၀-၂၀၂၅ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးလုပ်ဆောင်ဖို့ တရုတ်သမ္မတရှီကျင်းပင်က နစက ဥက္ကဌနဲ့ ရုရှားနိုင်ငံမှာတွေ့ဆုံစဉ် တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကို သတိရှိရှိ အရှိန်အဟုန်နဲ့ လု်ပဆောင်နေတာတွေကို တရုတ်နို်ငငံက ထောက်ခံအားပေးနေတယ်လို့ ရှီကျင်းပင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုလည်း တားဆီးဖို့ တရုတ်သမ္မတက နစက ဥက္ကဌကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗဟိုပြုပြီး မတ် လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံက ဆက်လက်ကူညီသွားမယ်လို့ ရှီကျင်းပင်က ပြောပါတယ်။ ငလျင်ကြောင့် လူ ၃၈၀၀ နီးပါးသေဆုံးပြီး…
Read Moreမုံးကိုး နယ်စပ်ဂိတ်တွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ မြန်မာအလံ ပြန်လည်လွှင့်ထူ
မေ ၁၀၊ ၂၀၂၅ Shy V ( VOM ) ကိုးကန့် MNDAA တပ်ဖွဲ့သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မုံးကိုးနယ်စပ်ဂိတ်တွေမှာ ဒီနေ့ မေလ ၉ ရက် မနက်က စပြီး ကိုးကန့် MNDAA တပ်ဖွဲ့တွေ မြန်မာအလံ ပြန်လည်လွှင့်ထူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ကစပြီး တရုတ် နိုင်ငံအဝင်၊ အထွက် ဂိတ်တိုင်း ကိုးကန့် MNDAA တွေ မြန်မာအလံ ပြန်လွှင့်ထူနေကြတယ်။ မုံးကိုးမှာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ်မှာတော့ ဧပြီလ ၂၉ ရက်နေ့က စ မြန်မာ အလံလွှင့် ထားပြီလို့ သူက ပြောပါတယ်။ “အုပ်ချုပ်ရေးပိုင်းတွေ ဝင်လာမယ်လို့ သတင်းထွက်နေတယ်။ ဒါပေမယ့်…
Read Moreကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံရ နေအိမ်တွေပျက်စီးပြီး ခိုင်းနွားတွေသေဆုံး
မေ – ၁၀ -၂၀၂၅ SP( VOM) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာမှာ မနေ့ မေလ ၁၀ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရလို့ စျေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးတာအပြင် လူနေအိမ်တွေနဲ့ လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ကနီမြို့ခံတွေဆီက သိရပါတယ် ။ ” မနေ့က ညနေပိုင်း ၃ နာရီ၀န်းကျင်မှာ ဆူးလေကုန်းရွာနားကို လေကြောင်းတိုက်ခိုက်တာ သုံးကြိမ်ဖြစ်တယ် ၊ လူနေအိမ် ငါးလုံးနဲ့ စျေးဆိုင်းခန်းတွေပျက်စီးတယ်၊ နောက်ပြီး လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားနှစ်ရှဥ်းသေတယ် လူတွေကတော့ လေကြောင်းရန် သတိပေး နှိုးဆော်ချက်တွေကြောင့် ထိခိုက်သေဆုံးတာ မရှိဘူး ၊ရွာသူ ရွားသားတွေက ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုနေကြတယ် ” လို့ ဆူးလေကုန်း ဒေသခံ တယောက်က ပြောပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာ ယင်းမာပင်နယ်နဲ့ ကနီစပ်ကြားမှာရှိတဲ့ ကျေးရွာတွေ…
Read Moreဇီလန်စကီးနဲ့ ဆွေးနွေးဖို့ ဥရောပလေးနိုင်ငံခေါင်းဆောင်တွေ ယူကရိန်းသွားရောက်နေ
လန်ဒန်၊ မေ-၁၀-၂၀၂၅ ရတီ(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန်ခေါင်းဆောင်တွေဟာ ယူကရိန်းမြို့တော် ကိဗ်ယက်ကို သွားရောက်ကြမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ယူကရိန်းနဲ့ ရပ်တည်ကြောင်း ပြသမှုအဖြစ် ဥရောပခေါင်းဆောင်တွေဟာ စနေ့နေ့ မနက်ပိုင်းမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့စေရေးအတွက် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲဖို့ ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ တိုက်တွန်းမှုတွေရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။ ဥရောပခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးနောက် ယူကရိန်းလုံခြုံရေးကို ထောက်ကူပေမယ့် စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့အတွက် ညွှန့်ပေါင်းအဖွဲ့ တိုးတက်မှုနဲ့သတင်းအချက်အလက်တွေအတွက် အွန်လိုင်းဆွေးနွေးပွဲတရပ်ကိုလည်း ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ သတင်းဌာနတွေက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာတော့ ပြင်သစ်သမ္မတ မက်ခရိုဟာ ပိုလန်ကနေ ထွက်လာတဲ့ ရထားတစင်းပေါ်မှာ…
Read Moreကန့်သတ်ချက်တွေကြောင့် ပြည်ပကို အလုပ်သမားစေလွှတ်မှု ၁၀ ဆလောက် လျော့ကျသွားပြီး တရားမဝင် သွားရောက်မှု ဆက်လက်မြင့်တက်နေ
မေ – ၁၀ ၊၂၀၂၅ GG (VOM) စစ်မှုထမ်းဥပဒေပြဌာန်းပြီး အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် ကန့်သတ်လိုက်ပြီးနောက်ပိုင်းကစ လက်ရှိအချိန်မှာ ပြည်ပကို တရားဝင်လမ်းကြောင်းကနေ အလုပ်သမားစေလွှတ်နိုင်မှုမှာ အရင်ကထက် ၁၀ ဆလောက်အထိလျော့ကျသွားတယ်လို့သိရပါတယ်။ ယခင်ပုံမှန်အချိန်ကဆိုရင် ပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်မှုမှာ တလကို လူဦးရေ ၃၀၀၀၀ လောက်အထိ ရှိခဲ့ပြီး လက်ရှိမှာတော့ တလကိုအလုပ်သမားစေလွှတ်နိုင်မှုက ၃၀၀၀ အောက်အထိကျဆင်းလာတယ်လို့သိရပါတယ်။ ” ပုံမှန်ဆို ၃၀၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ခုကန့်သတ်ပြီးနောက်မှာ ၃၀၀၀ အောက်ကိုကျသွားပြီ။ခုတရားမဝင်သွားတဲ့သူက တရားဝင်သွားတဲ့သူထက်ပိုများတယ်။အဲဒီတော့ နိုင်ငံတော်လူကြီးတွေကိုသိစေချင်တာကတရားဝင်လမ်းကြောင်းကနေ မှန်ကန်တဲ့ကန့်သတ်မှုလေးတွေနဲ့မှန်မှန်ကန်ကန်ထိန်းချုပ်ပြီးတော့ သွားဖို့လုပ်စေချင်တယ်။အဲဒီလိုမဟုတ်ဘဲ တော်တော်များများကြီးကို ကန့်သတ်လိုက်တယ်ဆိုရင်တရားမဝင်သွားတာက နိုင်ငံတော်ပြန်လာမယ့်အခွန်တွေလည်းဆုံးရှုံးတယ်။အလုပ်သမားတွေလည်း အခက်အခဲတွေတွေ့စေတယ်။ကိုယ့်နိုင်ငံသားတွေရဲ့ဂုဏ်သိက္ခာ၊လုံခြုံမှုဘဝ ၊ မိန်းကလေးတွေဆိုလည်းအဖမ်းခံရရင်မသင့်တော်ဘူး။ လုပ်ခလစာခေါင်းပုံဖြတ်ခံရမှုတွေအများကြီးပေါ့။” လို့ MOEAF အသင်းဝင်တယောက်ကပြောပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း စစ်မှုထမ်းအကျုံးဝင်အသက်အရွယ်အမျိုးသားတွေကို ပြည်ပထွက်ပြီးအလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ကန့်သတ်လိုက်ခြင်း၊ နိုင်ငံအလိုက် စေလွှတ်ရမယ့်…
Read Moreကိုးကန့် MNDAA ထိန်းချုပ် အထူးဒေသ-၁ မှာ ဒေသခံဖြစ်လိုသူတွေကို ဖိတ်ခေါ်နေ
မေ ၁၀၊ ၂၀၂၅ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ အိမ်ထောင်စုနဲ့ ဒေသ သက်သေခံလက်မှတ် ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေး MNDAA ဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။ “ငွေခင်းနိုင်ရင် အထူးဒေသ ၁ အိမ်ထောင်စုနဲ့ ဒေသ သက်သေခံလက်မှတ် ပိုင်ဆိုင်ခွင့်ရမယ်။ အထူးသဖြင့် တရုတ် နိုင်ငံသား တွေအတွက် အခွင့်အရေးပေါ့” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA ထိန်းချုပ်ရာ အထူးဒေသ ၁ နယ်မြေရဲ့ ပြင်ပ ကနေ ဝင်ေရာက်လာသူတွေ အနေနဲ့ နိုင်ငံသားပြုရေး မှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အချက်အလက် အမျိုးအစား ကိုးမျိုး ထဲက အချက်တခုခုနဲ့ ကိုက်ညီ လို့ရှိရင် အထူးဒေသ ၁…
Read More