ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP) မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀ လဲ့လဲ့ဝင်း (VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဒေါ်စန္ဒာဦး- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ။ ဒေါ်စန္ဒာဦး- (၁)အစိုးရကစီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခြင်းမပြုစေရေး လှုပ်ရှားဆောင်ရွက်သွားမယ်။ (၂) ပြည်သူ့စီးပွားရေးကို အစိုးရက ဝင်ရောက်ပတ်သက်ချုပ်ကိုင်ခြင်းများ မပြုလုပ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်သွားမယ်။ (၃)ပြည်သူများ၊ တောင်သူများ ၊ မြေပိုင်ရှင်များ နှင့်နိုင်ငံခြားသားများ ပူးပေါင်းဖက်စပ် လုပ်ကိုင်ခြင်းကို အစိုးရကခွင့်ပြုယုံမျှမက ကြားဝင်အာမခံ၊ သက်သေခံပေးရေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၄)တောင်သူစကားရပ်ဖျက်သိမ်းပြီး မြေရှင်အဖြစ်ခံယူကာ မြေယာလွတ်လပ်စွာအခြားနည်းအသုံးချခွင့်ရရှိရေး ပညာပေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၅)စားနပ်ရိက္ခာလုံခြုံရေးအကြောင်းပြချက်ဖြင့် သီးနှံစိုက်ပျိုးသောမြေယာပိုင်ရှင်တွေရဲ့ စိုက်ပျိုးကုန်စည်များကို နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ဝယ်ယူခွင့်ပြည်ပတင်ပို့ရောင်းချခွင့်ရရှိရေး စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။…
Read MoreMonth: September 2020
နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ်
နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ် နေပြည်တော်၊ စက်တင်ဘာ ၁၇-၂၀၂၀ Voice Of Myanmar မြန်မာပြည်တဝှမ်းမှာ ကယားပြည်နယ်ကလွဲပြီး ကိုဗစ်ရောဂါကပ်ဆိုက်ရောက်နေတာမို့ မြို့အတော်များများဟာ ကိုယ့်အန္တရာယ်ကို ကာကွယ်နေကြရပါတယ်။ အစိုးရမင်းတွေရုံးစိုက်တဲ့ နေပြည်တော်ကတော့ အထူး(အထူး) ပိုမိုကြပ်မတ်ဆောင်ရွက်နေတဲ့ကြားက ကိုဗစ်ပိုးတွေ့သူ ၅၇ ယောက်ထိရှိခဲ့ပါတယ်။ ကိုဗစ်ပထမလှိုင်းမှာ ဆွစ်ဇာလန်သူတယောက်နဲ့ တပ်မတော်သားတယောက်မှာဘဲ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ဒုတိယလှိုင်းအရိုက်ခံရတာမှာတော့ ၅၅ယောက်ထိခဲ့ပါတယ်။ လက်ရှိအနေအထားမှာ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးရဲ့ အခြေအနေကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကိုခုလိုပြောထားပါတယ်။ “ အခုလက်ရှိ ခုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာနေတယ်၊ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ လူနာ ၃၀ ထားဖို့…
Read MoreQuaratineစင်တာကနေထွက်ပြေးတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံအက်ဥပဒေနဲ့ အမှုဖွင့်
Quaratineစင်တာကနေထွက်ပြေးတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံအက်ဥပဒေနဲ့ အမှုဖွင့် နေပြည်တော်၊စက်တင်ဘာ ၁၇-၂၀၂၀ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံ မဲဆောက်ကတစ်ဆင့်ပြန်ဝင်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန် Quarantineစခန်းမှာ စက်တင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသား ၈ ဦးကို ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သင်္ကန်းညီနောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းသန်းက ပြောပါတယ်။ ” မနေ့က ထွက်ပြေးတိမ်းရှောင်သွားကြတာ ကနေ့အထိတော့ ပြန်မတွေ့သေးဘူး။ သင်္ကန်းညီနောင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်’လို့ ရဲအုပ်ဝင်းသန်းကပြောပါတယ်။ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်Community Based Facilityကွာရန်တင်းစင်တာမှာနေထိုင်စောင့်ကြည့်ခံထားရတဲ့ ကာဆင် ၊ ဟာဆင်၊ ဖိုးလုံး၊ ကျော်မင်းဦး၊ မြင့်နိုင် ၊ ပိုင်မျိုးသူ၊ကျော်မင်းဦးနှင့်ဝင်းနိုင်တို့ ၈ ဦးဖြစ်ပြီး သူတို့ကို အခုမနက် ၁၁ နာရီအချိန်ထိ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့တယ်လို့ မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး ဖြိုးမင်းဇော်က…
Read Moreမန္တလေးမြို့မှာ ပထမဦးဆုံး အသက် ၈၀အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုးနဲ့ သေဆုံး
မန္တလေးမြို့မှာ ပထမဦးဆုံး အသက် ၈၀အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုးနဲ့ သေဆုံး မန္တလေး၊ စက်တင်ဘာ ၁၇- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာနေထိုင်တဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးဟာ မနေ့စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက COVID-19 ရောဂါပိုးတွေ့ရှိပြီး မကြာခင်မှာပဲ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။ အဲ့ဒီသေဆုံးသူဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာသီးသန့်ကုသဆောင်ကို စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီမှာ စောင့်ကြည့်သံသယလူနာအဖြစ် ဆေးကုသမှုမှုခံယူဖို့ ရောက်ရှိလာတာဖြစ်ပြီး ဓာတ်ခွဲနမူနာအတည်ပြုပြီးချိန်အပြီး ည ၁၁ နာရီကျော်လောက်မှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။ ” မနေ့နေ့လယ် ၂ နာရီလောက်ကဆေးရုံကိုရောက်တယ်၊ ညပိုင်း ၁၁ နာရီ ၂၅ မိနစ်မှာ ဆုံးသွားတာ” လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။ သေဆုံးသူ အသက်၈၀အရွယ်အမျိုးသမီးဟာ…
Read Moreတနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ Zagyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read Moreနိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ ရန်ကုန် ၊ စက်တင်ဘာ ၁၇-၂၀၂၀ ယဉ်ပပထွန်း(VOM) နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေရဲ့ လူမူရေးအခက်အခဲ၊ ပညာရေးအခက်အခဲတွေကို သက်ဆိုင်ရာတိုင်းအစိုးရက လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီပေးဖို့အစီအစဉ် ရှိမရှိဆိုတဲ့မေးခွန်းကို ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွင့်မရခဲ့ပါဘူးလို့မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။ ” မေးခွန်းကိုကျွန်တော်တင်ပြတယ်၊ ဒါပေမယ့် မေးမြန်းခွင့်မပေးခဲ့ဘူး ။ တိုင်းဒေသကြီးမှာ ကျွန်တော်ဆက်ပြီး တာဝန်ယူရအုံးမယ်ဆိုရင် ဒီမေးခွန်းကို ပြန်ပြီးတော့ မေးအုံးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်းအများစုက ပါတီဝင်မဟုတ်တဲ့လူတွေက အပြင်မှာအဆင်မပြေမူတွေနဲ့နေရတယ်၊ တချို့ဆိုရင် လမ်းပေါ်မှာသေဆုံးတဲ့အရာတွေရှိနေတယ်။အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသေးဘူး။ ဒါကို နိုင်ငံတော်ကနေပြီး လူမူရေးအစီအစဉ်တစ်ခုအနေနဲ့ပံ့ပိုးကူညီပေးရင် သူတို့ဘဝတစ်ခုအတွက်ကောင်းမှာပါ” လို့ဦးလှဌေးကပြောပါတယ်။ အခုလက်ရှိ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ခန့်ကလည်း ကျန်းမာရေးနဲ့ လူမူရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ပဲခူးမြို့အရှေ့ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးအောင်…
Read Moreကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ
ကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀ သိင်္ဂီ(VOM) ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ Quarantine ရက်ပြည့်ပေမယ့် လူမှုဖူလုံရေးအာမခံ အကျိုး ခံစားခွင့် လာရောက်ထုတ်ယူမှုမရှိတဲ့ အလုပ်သမားပေါင်း ၂၀၀၀ နီးပါးရှိနေတယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 Second Wave စတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ကနေ အခုစက်တင်ဘာ ၁၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့ လုပ်သားဦးရေ ၉၃ ဦးအထိရှိပြီး၊ ကွာရန်တင်းဝင်ရတဲ့ လုပ်သားဦးရေ (၂၃၇၃)ဦးအထိ ရှိခဲ့တယ်လို့ လူမှုဖူလုံရေးအဖွဲ့စာရင်းတွေအရ သိရပါတယ်။ “Q ဝင်ထားတဲ့ လုပ်သားတွေထဲမှာ အကျိုးခံစားခွင့်မတောင်းတဲ့သူတွေ ရှိနေတယ်။ အဲဒါတွေ လာတောင်းစေချင်တယ်။ ဒီ Q ဝင်တဲ့လုပ်သား ၂၃၇၃ ဦးထဲမှာမှ Q ဝင်ရလို့ ဖူလုံရေးဆေးခန်းဆရာဝန်နဲ့ ဆက်သွယ်တဲ့လုပ်သား…
Read Moreကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ Voice Of Myanmar ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၈ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက နေရာကုန်လူကုန် နေရာ ၇၀လုံးမှာ ပြိုင်ကြမှာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ၆၇နေရာ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၆၆နေရာ ပြိုင်မှာဖြစ်ပါတယ်။ ကျန်ပါတီတွေကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသစားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ဖွံဖြိုးရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ နာဂအမျိုးသားပါတီ အပါအဝင် ပါတီ ၁၈ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅ ဦး စုစုပေါင်း ကိုယ်စားလှည်လောင်း ၄၈၀ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ လူဦးရေ ၁၆ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူဦးရေးကတော့ ၁၁ သိန်းဝန်းကျင်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ကချင်ပြည်နယ်ကိုယ်စားလှယ်လောင်းများ…
Read Moreပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင်
ပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင် နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး တိုင်းအဆင့်ဆေးရုံကြီးမှာ အခုရက်ပိုင်း ကုသပေးနေရတဲ့ ကိုဗစ်လူနာဦးရေ များပြားလာတာကြောင့် တိုးချဲ့ကုသပေးနိုင်တဲ့ နေရာ ၃ ခုပြင်ဆင်ထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့သစ်တော၊ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။ ” လက်တစ်လော ဆေးရုံအဆင်းအတက်ရှိပေမယ့် ထပ်တိုးလာရင် မလောက်ငမယ့် အနေထားကြောင့် နေရာ ၃ ခုထပ်ပြင်နေတယ်။ ပဲခူးတက္ကသိုလ်ထဲက ခန်းမတစ်ခု၊ တိုင်းရင်းဆေးရုံနဲ့ တိုင်းဆေးရုံထဲမှာ နေရာပြင်ဆင်ထားပါတယ်”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။ အခုလက်ရှိ ပဲခူးခရိုင်ထဲက Covid-19 လူနာကို ကြပ်မတ်ကုသပေးနေရတဲ့ ပဲခူးတိုင်းအဆင့် ကလိဆေးရုံကြီးကို ကိုဗစ်ပထမလှိုင်း မြှင့်တက်ချိန်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ICU အဆောင်မှာ လူနာ ၆၀ နီးပါး တစ်ပြိုင်နက်ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။ လက်တစ်လော ပဲခူးခရိုင်အတွင်း…
Read Moreပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ ညီသစ်(VOM) ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ဒို့အင်းသား ဆိုတဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးဝင်းမြင့်- ၃ ဦးထဲပဲ တင်ထားပါတယ်ခင်ဗျာ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးဝင်းမြင့်- ကျွန်တော်တို့ ပါတီသက်တမ်းက ၁၀နှစ် ရှိပြီဆိုတော့ အထူးသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ် ခင်ဗျ။ နောက်ပြီး ပါတီအပေါ်မှာယုံကြည်ရတဲ့ သစ္စာရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ထားတွေအပေါ်မှာ ကျတော်တို့အခြေခံပြီး ရွေးချယ်ပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးဝင်းမြင့် – ကျွန်တော်တို့က…
Read More