ရခိုင်မှာ ခရီးသွားလာမှုရပ်နားနေချိန် ရေယာဉ်ကြံ့ခိုင်မှုပြင်ဆင်နေကြ စစ်တွေ၊ စက်တင်ဘာ ၂၃- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ပြည်တွင်းရေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းပို့ဆောင်ရေးခရီးစဉ်တွေကို ယာယီရပ်နားထားခဲ့တာဟာ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ဆိုရင် တစ်လကျော်သွားပြီဖြစ်ပါတယ်။ အဲ့ဒီလိုရပ်နားထားရတဲ့ကာလတွေမှာ ရေကြောင်းပို့ဆောင်ပေးတဲ့ရေယာဉ်တွေအနေနဲ့ ကိုဗစ်ကာလပြီးသွားရင် လုပ်ငန်းတွေပြန်စနိုင်ဖို့အတွက် ရေယာဉ်ကြံ့ခိုင်မှုရှိဖို့အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။ ရေကြောင်းနဲ့ ကုန်းကြောင်းခရီးစဉ်တွေကို ယာယီရပ်နားထားတယ်ဆိုပေမယ့် ကုန်ကားတွေနဲ့ ကုန်တင်ရေယာဉ်တွေကိုတော့ ဖွင့်ပေးထားတယ်လို့လည်း သိရပါတယ်။ အခုလိုမျိုး ကုန်းလမ်းခရီးတွေနဲ့ ရေကြောင်းခရီးစဉ်တွေကို ရက်အတော်ကြာပိတ်ထားရတာကြောင့် ပြည်သူတွေအတွက်ရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများရှိနိုင်ပါတယ်။ အထူးသဖြင့် နေ့စားခနဲ့လုပ်ရတဲ့ အခြေခံလူတန်းစားတွေနဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့ စစ်တွေအခြေစိုက် ရွှေပြည်တန် အထူးအမြန်ရေယာဉ် ကုမ္ပဏီရဲ့ မန်နေဂျာ ဦးစံမော်သိန်းက ထောက်ပြပါတယ်။ လက်ရှိ ကပ်ဘေးကာလ ခရီးသွားလုပ်ငန်းတွေရပ်နားထာရတာကြောင့် ရေယာဉ်ကြံ့ခိုင်ရေးအတွက် ရွှေပြည်တန်အမြန်ယာဉ်တွေကို…
Read MoreMonth: September 2020
ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)
ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ကရင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ကရင်အမျိုးသားပါတီအကြောင်းသိနိုင်ဖို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦိးမန်းကျော်ငြိမ်းကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးမန်းကျော်ငြိမ်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကျနော်တို့က စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ဖို့ပါဘဲ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ဝင်ပြိုင်တဲ့ နေရာတွေအားလုံးဝင်ပြိုင်မှာပါ။ ပါတီကြီးတွေရှိရင်လည်း ကျနော်တို့ဝင်ပြိုင်မှာဘဲ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦိးမန်းကျော်ငြိမ်း- မနိုင်သေးဘူး။ ပြီးခဲ့တဲ့၂၀၁၄မှာပါတီမှတ်ပုံတင်ကျတာ ၂၀၁၅မှဝင်ပြိုင်တယ်။ အဲ့တုန်းက၂၁နေရာဝင်ပြိုင်တာ တစ်နေရာမှမရခဲ့ဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးမန်းကျော်ငြိမ်း- သူ့ရဲ့ဒေသကလူတွေကနေပြီးတော့ သင့်တော်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ ကျနော်တို့ကတော့ ( Criteria) ကိုယ်စားလှယ်လောင်းအရည်အသွေးသတ်မှတ်ချက် အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့စိတ်ရှိတဲ့လူ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့လူ၊ ပညာရေးကိုတော့မကန့်သတ်ထားဘူး။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။…
Read MoreCOVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ်
COVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ် ရန်ကုန်၊ စက်တင်ဘာ၂၃-၂၀၂၀ အေးချမ်းသူ(VOM) တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးထိရှိလာပြီး ရခိုင်နဲ့ရန်ကုန်တို့မှာ အများဆုံးဖြစ်နေတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲ့မှူးကြီးကျော်သီဟကပြောပါတယ်။ “တပ်ဖွဲ့ဝင်တွေကူးစက်ခံရတာ အားလုံးပေါင်း ၅၂ယောက်၊ အဲ့ဒီအထဲမှာ ရန်ကုန်နဲ့ရခိုင်က အများဆုံးပါပဲ၊ လက်ရှိ ဆေးရုံတက်ရောက်ကုသနေရသူ ၃၈ဦးရှိတယ်”လို့ရဲမှူးကြီးကျော်သီဟကပြောပါတယ်။ ကိုဗစ်ပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းခွင့်ရတဲ့ ရဲတပ်ဖွဲ့ဝင် (၁၄)ဦးရှိနေပါကာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးမှာတော့ ကိုဗစ်ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နည်းတယ်လို့ ရဲမှူးကြီးကျော်သီဟကပြောပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်လိုင်းခန်းနဲ့ရုံးတွေကို Home Stay နေထိုင်စေပြီး အဝင်အထွက်ကန့်သက်တာတွေ လုပ်ဆောင်ထားတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာကြဖို့ညွှန်ကြားထားတယ်လို့ ရဲမှူးကြီးကျော်သီဟရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်…
Read Moreပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)
ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ ပါတီမိတ်ဆက်အစီအစဉ်အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြောင်းသိနိုင်ဖို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကို VOMသတင်းထောက် လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်နှင်းနှင်းမွှေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ကတော့ နေရာဒေသအလိုက်အမျိုးမျိုးကွဲသွားတယ်။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းထဲမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်က ရန်ကုန်တိုင်း/ဧရာဝတီတိုင်းများမှာရှိတဲ့ လူတွေနဲ့လည်းမတူနိုင်ဘူး။ အဲဒီတော့ကျွန်မတို့က ခြုံပြီးတော့ပြောရရင် ရွေးကောက်ပွဲ တရာမျှတမှုအတွက် အသိအမှတ်ပြုခံ DPNS ဆိုတာရှိတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဒေါ်နှင်းနှင်းမွှေး- COVIDကာလမှာဆိုတော့ ဘာမှကိုလုပ်မရတဲ့အချိန်အနေတွေဖြစ်သွားတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် Stay at Home ဖြစ်တဲ့အတွက် အခုဘာမှအပြင်ကိုထွက်လို့မရ။ ဒါကြောင့် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်များနဲ့အညီဟာပါတယ်။ ဒါကြောင့် အခုရန်ကုန်မှာကအမိန့်တွေအရမ်းများတယ်လေ။…
Read Moreကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ
ကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း ၃၇လမ်းနဲ့ ၃၈လမ်းကြားက ဟိုတယ်မန္တလေးမှာ အခုရက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာ ၂၂ ဦးထိရှိလာနေပြီး အဲ့ဒီလူနာတွေဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဟိုတယ်ကနေဖွင့်ထားတဲ့ ကေတီဗီ၊ အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်လို့လည်း ပျံ့နှံ့နေတာဖြစ်ပြီး ဒေသခံတွေကလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့”ဒါကတော့ ကျွန်တော်တို့က တရားဝင်လို့ပြောလို့မရဘူး၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတို့ စည်ပင်တို့ အကုန်လုံးရဲ့ထောက်ခံပြီးကာမှ သီချင်းဆိုခွင့်ပေါ့ အဲ့ဒီဟာတွေကတော့ သူတို့မှာလုပ်ထားတာတော့ရှိတယ်ဗျ၊ ကျွန်တော်တို့ ရဲကတော့ ခွင့်ပြုပေးလို့မရပါဘူး၊ ခုကိုဗစ်ကာလမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ကေတီဗီဖြစ်ဖြစ် ဘယ်ဟာမှမဖွင့်ခိုင်းပါဘူးဗျ၊ ကျွန်တော်တို့သိရသလောက်ကတော့ ဟိုတယ်မှာလုပ်တဲ့ ဝန်ထမ်းတွေပါပဲဗျ၊…
Read Moreပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)
ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်) စက်တင်ဘာ၊ ၂၃-၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီရဲ့ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက်ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးထားလဲ? ဦးတိန့်ဆောင်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦးပါ ခင်ဗျ။ VOM – ပါတီဝင်အင်အား အရေအတွက်ဘယ်လောက်ရှိလဲ။ ဦးတိန့်ဆောင် – ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက် ပွဲဝင်ပြိုင်ဖြစ်တာလဲ။ ဦးတိန့်ဆောင်- ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ပြီး အစိုးရဖွဲ့နိုင်တဲ့အနေအထားနဲ့ လှုပ်ရှားပေါ့၊ ကျနော်တို့ကျတော့ ဒေသတွင်းကိုပဲ ရည်ရွယ်ထားတာပေါ့၊…
Read Moreဖားကန့်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး သေဆုံး
ဖားကန့်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး သေဆုံး ဖားကန့်၊ စက်တင်ဘာ ၂၃-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခံတိုက်နယ်ဆေးရုံမှာ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ကိုဗစ်-၁၉ စောင့်ကြည့်လူနာတစ်ဦး ရုတ်တရက်အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က အတည်ပြု ပြောပါတယ်။ “လူနာက အသက်လေးဆယ်အရွယ်အမျိုးသားပါ ။ တာမခံတိုက်နယ်မှာ ဆေးရုံတက်နေရင်း ဆုံးသွားတာပါ ။စောင့်ကြည့်လူနာပါ “လို့ ဒေါက်တာမင်းလွင်က ပြောပါတယ်။ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ စောင့်ကြည့်လူနာဟာ အပြင်မှာ ချောင်းဆိုးရင်ကြပ်ဖြစ်ပြီး တာမခံဆေးရုံမှာ ဆေးလာကုသရင်း ရုတ်တရက်အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ (၄)ဦးရှိတဲ့အထဲက တစ်ယောက်သေဆုံးခဲ့တာဖြစ်ပြီး ဖားကန့်မြို့ပြည်သူ့ဆေးရုံမှာ စောင်ြ့ကည့်လူနာ (၂)ဦး ၊လုံးခင်းတိုက်နယ် ဆေးရုံမှာ စောင့်ကြည့်လူနာတစ်ဦးတို့ဟာ ဆေးကုသမှုခံယူနေတယ်လို့လည်း ဒေါက်တာမင်းလွင်ကပြောပါတယ်။ ဒါ့အပြင်ဖားကန့်မြို့ဟာ…
Read Moreမန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ
မန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ မန္တလေး စက်တင်ဘာ ၂၃-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း မဲဆန္ဒနယ်အတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပနိုင်ငံကိုရောက်ရှိနေသူတွေထဲက ကြိုတင်မဲပေးမယ့်သူဦးရေဟာ ၉၀၀၀ ကျော်ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့အတွက် ကြိုတင်မဲပေးခွင့် လျှောက်လွှာတွေကို ဇူလိုင်လ ၃ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ လက်ခံခဲ့ရာမှာတော့ မန္တလေးတိုင်းမဲဆန္ဒနယ်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးဖို့လျှောက်ထားသူဦးရေမှာ ၉၉၀၅ ဦးရှိပြီး အမည်စာရင်းထပ် နေရပ်လိပ်စာမှားသူတွေကို စိစစ်ပြီးနောက်ပိုင်း ကြိုတင်မဲပေးနိုင်သူဦးရေ ၉၁၅၄ ဦးကို စာရင်းဖြည့်သွင်းထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။ ”နိုင်ငံခြားမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ကြိုတင်မဲ ပေးချင်တယ်ဆိုပြီး ပုံစံ ၁၅ နဲ့ စာရင်းသွင်းကြတာပေါ့၊ အခု ကျွန်တော်တို့ဆီကို…
Read Moreကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ
ကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ နေပြည်တော်၊စက်တင်ဘာ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကွာရန်တင်းစင်တာတစ်ခုမှာ စောင့်ကြည့်မှုခံယူနေသူတဲ့အမျိုးသားတစ်ဦးဟာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စခန်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ပြီး ထွက်ပြေးသွားတဲ့အတွက် ဘေးစီမံအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ အဲ့ဒီအမျိုးသားဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောထူကျေးရွာမှာနေသူဖြစ်ပြီး စက်တင်ဘာလ၂၁ ရက်နေ့က လားရှိုးမြို့ကနေ လွိုင်ကော်ကို ပြန်လည်ဝင်ရောက်လာတာကြောင့် လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center မှာ စောင့်ကြည့်မှုခံယူနေသူတစ်ဦးလည်းဖြစ်ပါတယ်။ “ဒီကနေ့မှာပဲ သဘာဝဘေးစီမံအက်ဥပဒေပုဒ်မနှစ်ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ သူက လာရှိုးကနေပြီး ပြန်လာသူတစ်ဦးပါ” လို့ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီအမျိုးသားဟာ ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့ ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေးဆောင်ရွက်နေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ချိန် ခိုက်ရန်ပြု…
Read Moreရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ်
ရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ် စစ်တွေ၊ စက်တင်ဘာ ၂၂-၂၀၂၀ ထက်အောင် (VOM) ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်အစိုးရအယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၃) ဦးဟာ ဒီကနေ့ ညနေ ၃ နာရီမှာ အာမခံနဲ့ ပြန်လွှတ်လာတာဖြစ်ပါတယ်။ အမှုစဖွင့်ချိန်မှာတော့ ကျောင်းသား၃ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅၊ ၂၉၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ရမန်ယူတဲ့အခါ အာမခံမရတဲ့ ဘေးစီမံပုဒ်မ ၂၅ နဲ့ ရမန်ယူခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဘေးစီမံဥပဒေနဲ့ တရားစွဲတင်တဲ့အခါမှာတော့ ဥပဒေအကြံပေးက အဲဒီအမှုနဲ့ မငြိစွန်းတာကြောင့် တရားစွဲလို့မရခဲ့ကြောင်းနဲ့ လက်ရှိမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲထားပြီး…
Read More