ရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ်

ရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ်

စစ်တွေ၊ စက်တင်ဘာ ၂၂-၂၀၂၀
ထက်အောင် (VOM)

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်အစိုးရအယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၃) ဦးဟာ ဒီကနေ့ ညနေ ၃ နာရီမှာ အာမခံနဲ့ ပြန်လွှတ်လာတာဖြစ်ပါတယ်။

အမှုစဖွင့်ချိန်မှာတော့ ကျောင်းသား၃ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅၊ ၂၉၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ရမန်ယူတဲ့အခါ အာမခံမရတဲ့ ဘေးစီမံပုဒ်မ ၂၅ နဲ့ ရမန်ယူခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဘေးစီမံဥပဒေနဲ့ တရားစွဲတင်တဲ့အခါမှာတော့ ဥပဒေအကြံပေးက အဲဒီအမှုနဲ့ မငြိစွန်းတာကြောင့် တရားစွဲလို့မရခဲ့ကြောင်းနဲ့ လက်ရှိမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲထားပြီး အာမခံရတဲ့ပုဒ်မဖြစ်တဲ့အတွက် အာမခံနဲ့ ပြန်လွှတ်လာတာဖြစ်ပါတယ်။

” အစတုန်းကတော့ ဘေးစီမံ ပုဒ်မ ၂၅၊ ၂၉ နဲ့အမှုဖွင့်ထားပေမယ့် အခုက ကျနော်တို့မှန်းထားတဲ့ ပုဒ်မ ၁၉ နဲ့ပဲ ပြန်ဖြစ်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျနော်တို့ရဲ့လုပ်ရက်နဲ့ ပတ်သက်ပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေက ကျောင်းသားသမဂ္ဂတွေက ဝန်းရံပေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းသာပါတယ်လို့။ ကျနော်တို့လုပ်တဲ့ဟာသည် မှန်ကန်တဲ့အတွက်ကြောင့် လူတိုင်းကဝန်းရံကြတာကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လက်တွဲသွားဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ပြည်နယ်အစိုးရရုံးရှေ့ဆန္ဒပြတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

အခုလိုတရားစွဲဆိုတာကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်က တရားလိုပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်၊ ခရိုင်ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ပြောပြတာကတော့” ရမန်ယူတာကတော့ ဘေးစီမံ ၂၅ နဲ့ ယူထားတယ်။ ဒီကနေ့မှာ တရားရုံးမှာ ဥပဒေအကြံပေးက ဘေးစီမံနဲ့ မငြိမ့်စွမ်းတဲ့အတွက်ကြောင့် တရားစွဲတင်လို့မရတော့ဘူးပေါ့။ တရားစွဲတာကတော့ ငြိမ်းစုစီ ၁၉ နဲ့ တရားစွဲတင်ပါတယ်။ ငြိမ်းစုစီက အာမခံရတဲ့ ပုဒ်မဖြစ်တဲ့အတွက် ခိုင်လုံတဲ့ အာမခံတွေနဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အဲ့ဒီကျောင်းသား (၃) ဦးကို ရခိုင်အမျိုးသားပါတီက(ANP)က အာမခံပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ကကျောင်းသား ၃ဦးဖမ်းဆီးခံထားရချိန်တုန်းက ဗကသကျောင်းသားတွေဟာ ဖမ်းဆီးခံကျောင်းသားတွေလွတ်မြောက်ဖို့ နဲ့ ရခိုင်မှာဖြစ်နေတဲ့ကိစ္စရပ်တွေအတွက် စတစ်ကာကမ်ပိန်းပြုလုပ်ပြီး ဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ တရားစွဲဆိုခံထားရတာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိ္ုင္ျပည္နယ္အစိုးရကိုဆႏၵျပတဲ့ ရခိုင္ေက်ာင္းသား(၃)ဦး အာမခံနဲ႔ ျပန္လႊတ္

စစ္ေတြ၊ စက္တင္ဘာ ၂၂-၂၀၂၀
ထက္ေအာင္ (VOM)

ရခိုင္ျပည္နယ္အစိုးရ႐ုံးေရွ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၀ ရက္ေန႔က ျပည္နယ္အစိုးရအယုံအၾကည္မရွိ၊ ဖက္ဆစ္လူသတ္ဝါဒ ဆန႔္က်င္ၾက စတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဆႏၵျပၾကခဲ့တဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ (၃) ဦးဟာ ဒီကေန႔ ညေန ၃ နာရီမွာ ​အာမခံနဲ႔ ျပန္လႊတ္လာတာျဖစ္ပါတယ္။

အမႈစဖြင့္ခ်ိန္မွာေတာ့ ေက်ာင္းသား၃ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒပုဒ္မ-၂၅၊ ၂၉၊ ၿငိမ္းစုစီပုဒ္မ ၁၉ တို႔နဲ႔ စစ္ေတြၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားတာျဖစ္ၿပီး စက္တင္ဘာလ ၁၁ ရက္ေန႔ ရမန္ယူတဲ့အခါ အာမခံမရတဲ့ ေဘးစီမံပုဒ္မ ၂၅ နဲ႔ ရမန္ယူခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ေဘးစီမံဥပေဒနဲ႔ တရားစြဲတင္တဲ့အခါမွာေတာ့ ဥပေဒအႀကံေပးက အဲဒီအမႈနဲ႔ မၿငိစြန္းတာေၾကာင့္ တရားစြဲလို႔မရခဲ့ေၾကာင္းနဲ႔ လက္ရွိမွာ ၿငိမ္းစုစီဥပေဒပုဒ္မ ၁၉ နဲ႔ စစ္ေတြၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲထားၿပီး အာမခံရတဲ့ပုဒ္မျဖစ္တဲ့အတြက္ အာမခံနဲ႔ ျပန္လႊတ္လာတာျဖစ္ပါတယ္။

” အစတုန္းကေတာ့ ေဘးစီမံ ပုဒ္မ ၂၅၊ ၂၉ နဲ႔အမႈဖြင့္ထားေပမယ့္ အခုက က်ေနာ္တို႔မွန္းထားတဲ့ ပုဒ္မ ၁၉ နဲ႔ပဲ ျပန္ျဖစ္တယ္ဆိုေတာ့ ဝမ္းသာပါတယ္။ က်ေနာ္တို႔ရဲ႕လုပ္ရက္နဲ႔ ပတ္သက္ၿပီးေတာ့ တျခားတိုင္းနဲ႔ ျပည္နယ္ေတြက ေက်ာင္းသားသမဂၢေတြက ဝန္းရံေပးတဲ့အတြက္ က်ေနာ္တို႔အေနနဲ႔ ဝမ္းသာပါတယ္လို႔။ က်ေနာ္တို႔လုပ္တဲ့ဟာသည္ မွန္ကန္တဲ့အတြက္ေၾကာင့္ လူတိုင္းကဝန္းရံၾကတာကို ေက်းဇူးတင္ပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း လက္တြဲသြားဖို႔ ဖိတ္ေခၚပါတယ္။” လို႔ ျပည္နယ္အစိုးရ႐ုံးေရွ႔ဆႏၵျပတဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢက ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကိုေက်ာ္ႏိုင္ေဌးက ေျပာပါတယ္။

အခုလိုတရားစြဲဆိုတာကို စစ္ေတြၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေဇာ္ႏိုင္က တရားလိုျပဳလုပ္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

စစ္ေတြၿမိဳ႕နယ္၊ ခ႐ိုင္ဥပေဒအေထာက္အကူျပဳအဖြဲ႕ဥကၠဌ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္ေျပာျပတာကေတာ့” ရမန္ယူတာကေတာ့ ေဘးစီမံ ၂၅ နဲ႔ ယူထားတယ္။ ဒီကေန႔မွာ တရား႐ုံးမွာ ဥပေဒအႀကံေပးက ေဘးစီမံနဲ႔ မၿငိမ့္စြမ္းတဲ့အတြက္ေၾကာင့္ တရားစြဲတင္လို႔မရေတာ့ဘူးေပါ့။ တရားစြဲတာကေတာ့ ၿငိမ္းစုစီ ၁၉ နဲ႔ တရားစြဲတင္ပါတယ္။ ၿငိမ္းစုစီက အာမခံရတဲ့ ပုဒ္မျဖစ္တဲ့အတြက္ ခိုင္လုံတဲ့ အာမခံေတြနဲ႔ ျပန္လႊတ္ေပးလိုက္တာျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

အဲ့ဒီေက်ာင္းသား (၃) ဦးကို ရခိုင္အမ်ိဳးသားပါတီက(ANP)က အာမခံေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ရခိုင္ကေက်ာင္းသား ၃ဦးဖမ္းဆီးခံထားရခ်ိန္တုန္းက ဗကသေက်ာင္းသားေတြဟာ ဖမ္းဆီးခံေက်ာင္းသားေတြလြတ္ေျမာက္ဖို႔ နဲ႔ ရခိုင္မွာျဖစ္ေနတဲ့ကိစၥရပ္ေတြအတြက္ စတစ္ကာကမ္ပိန္းျပဳလုပ္ၿပီး ဆႏၵျပေတာင္းဆိုတာေတြျပဳလုပ္ခဲ့တဲ့အတြက္ လက္ရွိအခ်ိန္မွာ တရားစြဲဆိုခံထားရတာေတြလည္း ရွိေနပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW