မန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ

မန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ မန္တလေး စက်တင်ဘာ ၂၃-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း မဲဆန္ဒနယ်အတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပနိုင်ငံကိုရောက်ရှိနေသူတွေထဲက ကြိုတင်မဲပေးမယ့်သူဦးရေဟာ ၉၀၀၀ ကျော်ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့အတွက် ကြိုတင်မဲပေးခွင့် လျှောက်လွှာတွေကို ဇူလိုင်လ ၃ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ လက်ခံခဲ့ရာမှာတော့ မန္တလေးတိုင်းမဲဆန္ဒနယ်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးဖို့လျှောက်ထားသူဦးရေမှာ ၉၉၀၅ ဦးရှိပြီး အမည်စာရင်းထပ် နေရပ်လိပ်စာမှားသူတွေကို စိစစ်ပြီးနောက်ပိုင်း ကြိုတင်မဲပေးနိုင်သူဦးရေ ၉၁၅၄ ဦးကို စာရင်းဖြည့်သွင်းထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။ ”နိုင်ငံခြားမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ကြိုတင်မဲ ပေးချင်တယ်ဆိုပြီး ပုံစံ ၁၅ နဲ့ စာရင်းသွင်းကြတာပေါ့၊ အခု ကျွန်တော်တို့ဆီကို…

Read More

ကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ

ကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ နေပြည်တော်၊စက်တင်ဘာ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကွာရန်တင်းစင်တာတစ်ခုမ‌ှာ စောင့်ကြည့်မှုခံယူနေသူတဲ့အမျိုးသားတစ်ဦးဟာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စခန်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ပြီး ထွက်‌ပြေးသွားတဲ့အတွက် ဘေးစီမံအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ အဲ့ဒီအမျိုးသားဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောထူကျေးရွာမှာနေသူဖြစ်ပြီး စက်တင်ဘာလ၂၁ ရက်နေ့က လားရှိုးမြို့ကနေ လွိုင်ကော်ကို ပြန်လည်ဝင်ရောက်လာတာ‌ကြောင့် လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center မှာ စောင့်ကြည့်မှုခံယူနေသူတစ်ဦးလည်းဖြစ်ပါတယ်။ “ဒီကနေ့မှာပဲ သဘာ‌ဝဘေးစီမံအက်ဥပဒေပုဒ်မနှစ်ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ သူက လာရှိုးက‌နေပြီး ပြန်လာသူတစ်ဦးပါ” လို့ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီအမျိုးသားဟာ ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့ ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေး‌ဆောင်ရွက်‌နေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ချိန် ခိုက်ရန်ပြု…

Read More

ရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ်

ရခိုင်ပြည်နယ်အစိုးရကိုဆန္ဒပြတဲ့ ရခိုင်ကျောင်းသား(၃)ဦး အာမခံနဲ့ ပြန်လွှတ် စစ်တွေ၊ စက်တင်ဘာ ၂၂-၂၀၂၀ ထက်အောင် (VOM) ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်အစိုးရအယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၃) ဦးဟာ ဒီကနေ့ ညနေ ၃ နာရီမှာ အာမခံနဲ့ ပြန်လွှတ်လာတာဖြစ်ပါတယ်။ အမှုစဖွင့်ချိန်မှာတော့ ကျောင်းသား၃ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅၊ ၂၉၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ရမန်ယူတဲ့အခါ အာမခံမရတဲ့ ဘေးစီမံပုဒ်မ ၂၅ နဲ့ ရမန်ယူခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဘေးစီမံဥပဒေနဲ့ တရားစွဲတင်တဲ့အခါမှာတော့ ဥပဒေအကြံပေးက အဲဒီအမှုနဲ့ မငြိစွန်းတာကြောင့် တရားစွဲလို့မရခဲ့ကြောင်းနဲ့ လက်ရှိမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲထားပြီး…

Read More

ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD)

ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD) မန္တလေး၊စက်တင်ဘာ၂၂-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးပူဂင့်ကမ်းလျန်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးပူဂင့်ကမ်းလျန်- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးပူဂင့်ကမ်းလျန်- ပါတီရဲ့ကတိကဝတ်ကတော့မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့၃၀ခုနှစ် မူဝါဒ(Policy)၄ချက်ရှိပါတယ်။ (၁) ဘိုးဘွားစဉ်၊ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်းမူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး။ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့။ (၃) လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်။ (၄)ပင်လုံစိတ်ဓာတ်မြှင့်တင်လာဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးပူဂင့်ကမ်းလျန်- ကျနော်တို့ကဒီလိုဘဲပြိုင်နေကြပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးပူဂင့်ကမ်းလျန်- ၂၀၁၅မှာ၆နေရာနိုင်တယ်။ တွန်ဇံ၃နေရာ၊ တီးတိန်မှာ ၃ နေရာ။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးပူဂင့်ကမ်းလျန်- အောက်ခြေနဲ့ ပါတီခေါင်းဆောင်နဲ့မဲထည့်ပြီးရွေးပါတယ်။ အခြေခံကနေမဲထည့်ပြီးရွေးပါတယ်။ အဲ့ဒီကနေတက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ်လောင်းလျာထားပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးပူဂင့်ကမ်းလျန်-အခုနောက်ပိုင်းတော့စာရင်းသိပ်မကောက်တော့ဘူး။နောက်ဆုံးကောက်တာကတော့၂သောင်းကျော်တယ်။ VOM –…

Read More

ကျိုက်ထီးရိုး‌ဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား

ကျိုက်ထီးရိုး‌ဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား နေပြည်တော်၊ စက်တင်ဘာ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာရှိတဲ့ ကျိုက်ထီးရိုးစေတီ‌ဂေါပကအဖွဲ့မှ ရုံးစာရေးကြီးတစ်ဦးကို ဘုရားဘဏ္ဍာ‌ငွေ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးရယူသုံးစွဲထားတယ်ဆိုပြီး စက်တင်ဘာလ ၂၁ ရက်နေ့ညနေက ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ကပြောပါတယ်။ ” စစ်ဆေး‌ပေါ်‌ပေါက်ချက်အရ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးသုံးတာသိခဲ့ရတာပါ။ မနေ့ညနေပိုင်းလောက်မှာ ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆက်လက်တရားစွဲဆိုသွားပါမယ်”လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ဦးစိုးလှိုင်ကပြောပါတယ်။ အမှုဖွင့်ခံရသူဟာ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွ‌ာမှာနေထိုင်ပြီး ကျိုက်ထီးရိုး‌စေတီဂေါပကအဖွဲ့မှာ ရုံးခွဲစာရေးကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၆ နှစ်အရွယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွေမှာ စေတီရင်ပြင်တော် ရွှေဆိုင်းအရောင်းဌာနနဲ့ ဘက်စုံအလှူခံဌာနကရရှိတဲ့ငွေတွေကို ဂေါပကအဖွဲ့ရုံးကို ပေးသွင်းရာမှာ ငွေကျပ် ၈၆၆၄၈၅၃၀ (ရှစ်ရာ့ခြောက်ဆယ် ခြောက်သိန်းလေး‌သောင်း…

Read More

ရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား

ရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား ရန်ကုန် ၊ စက်တင်ဘာ ၂၂-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်တိုင်းမှာ Covid-19 ရောဂါကူးစက်မူများပြားနေတဲ့အတွက် ရန်ကုန်မြို့ကို ပိုမိုတင်းကြပ်တဲ့ Stay Home ကြေငြာပြီးတဲ့နောက်ပိုင်းမှာတော့ ရန်ကုန်ကနေအခြေစိုက် ထုတ်ဝေနေတဲ့ သတင်းစာနဲ့ဂျာနယ်တွေကို ယာယီရပ်နားထားတယ်လို့သိရပါတယ်။ ယာယီရပ်နားတာတွေကတော့ စံတော်ချိန်သတင်းစာ ၊ မြန်မာတိုင်းမ် သတင်းစာ ( မြန်မာ) နဲ့မြန်မာတိုင်းမ်(အင်္ဂလိပ်)သတင်းစာ၊ 7 Day သတင်းစာနဲ့ဂျာနယ် ၊ The Voice သတင်းစာတွေကို ဒီကနေ့ကစပြီး ယာယီရပ်နားထားတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့က လူလျော့တာမဟုတ်ဘူး။ ကျွန်တော်တို့က ပရင့်မထုတ်နိုင်လို့အွန်လိုင်းပဲသွားနေတာ။ အွန်လိုင်း PDFမှာ Facebookလည်း တင်ပေးထားတယ် ။ ကျွန်တော်တို့စာဖတ်ပရိတ်သတ်တွေ Free ဖတ်လို့ရအောင် Free တင်ပေးထားပါတယ်။ ပရင့်နားတယ်ဆိုတော့ အင်္ဂလိပ်သတင်းစာရော မြန်မာသတင်းစာရော…

Read More

မြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင်

မြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင် မော်စကို၊ စက်တင်ဘာ-၂၂-၂၀၂၀ မျိုးဆက် (VOM) တရုတ်နဲ့ ရုရှားတို့ရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်နေချိန်မှာပဲ ရုရှားတောင်ပိုင်းမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံကပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရုရှားဟာ Caucasus 2020 လို့အမည်ရတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၁ ရက်မှာ စတင်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၈ သောင်းနဲ့ တင့်ကား စစ်ဘက်ဆိုင်ရာယာဉ် ၂၅၀စီးတို့ ပါဝင်ခဲ့ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ရုရှားတောင်ပိုင်းမှာ လေးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာတော့ တရုတ်၊ ဘီလာရုစ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၁၀၀၀ ပါဝင်ခဲ့ပါတယ်။ ရန်သူနိုင်ငံကနေ ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ခြိမ်းခြောက်မှုရင်ဆိုင်ရတဲ့ ပုံစံမျိုးနဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး လေ့ကျင့်မှု ပထမရက်မှာတော့ တပ်ဖွဲ့ဝင်တွေနေရာချထားတာတွေနဲ့ ရေဒီယိုဆက်သွယ်မှု လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ဆိုက်ဘေးရီးယားနဲ့ ရုရှားရှေ့ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွမှာ…

Read More

ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ်

ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၂၂-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိလာပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ ပြီး စစ်ဆေးမှုပြုလုပ်ထားတယ်လို့ စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။ အဲ့ဒီစုံစမ်းစစ်ဆေးမှုကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အဲ့ဒီ ဆေးရုံကိုသွားရောက်ပြီး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဆေးရုံဘက်ကနေ တင်ပြချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ် ။ “နှစ်ရက်လောက်အချိန်ကြာအုံးမယ်၊ သူတို့တင်ပြတာနဲ့ ကျွန်တော်တို့တွေ့ရှိတာကို ပေါင်းပြီး ရေးရမှာဖြစ်တယ်။ စစ်ဆေးရေးလုပ်တာကတော့ မနေ့ကပြီးသွားပြီ၊ စစ်ဆေးတယ် သွားကြည့်တယ်၊ သူတို့ကတင်ပြတာနဲ့ပေါင်းပြီး အကြံပြုချက် (Recommendations)တွေ လုပ်ရမှာပေါ့။ အဲ့ဒီတော့ မနက်ဖြန်လောက်မှ သိရမယ်။ အရေးယူမှုအပိုင်းကတော့ ကျွန်တော်တို့က တွေ့ရှိချက်ကို တင်ပေးလိုက်ရုံပါပဲ။ အထက်ဌာနတွေက လုပ်ပါလိမ့်မယ်၊ အဲ့ဒါကျတော့ပြောလို့မရဘူး”လို့…

Read More
VOM News

FREE
VIEW