ရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား

ရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား

ရန်ကုန် ၊ စက်တင်ဘာ ၂၂-၂၀၂၀
ယဉ်ပပထွန်း ( VOM )

ရန်ကုန်တိုင်းမှာ Covid-19 ရောဂါကူးစက်မူများပြားနေတဲ့အတွက် ရန်ကုန်မြို့ကို ပိုမိုတင်းကြပ်တဲ့ Stay Home ကြေငြာပြီးတဲ့နောက်ပိုင်းမှာတော့ ရန်ကုန်ကနေအခြေစိုက် ထုတ်ဝေနေတဲ့ သတင်းစာနဲ့ဂျာနယ်တွေကို ယာယီရပ်နားထားတယ်လို့သိရပါတယ်။

ယာယီရပ်နားတာတွေကတော့ စံတော်ချိန်သတင်းစာ ၊ မြန်မာတိုင်းမ် သတင်းစာ ( မြန်မာ) နဲ့မြန်မာတိုင်းမ်(အင်္ဂလိပ်)သတင်းစာ၊ 7 Day သတင်းစာနဲ့ဂျာနယ် ၊ The Voice သတင်းစာတွေကို ဒီကနေ့ကစပြီး ယာယီရပ်နားထားတာဖြစ်တယ်လို့သိရပါတယ်။

“ကျွန်တော်တို့က လူလျော့တာမဟုတ်ဘူး။ ကျွန်တော်တို့က ပရင့်မထုတ်နိုင်လို့အွန်လိုင်းပဲသွားနေတာ။ အွန်လိုင်း PDFမှာ Facebookလည်း တင်ပေးထားတယ် ။ ကျွန်တော်တို့စာဖတ်ပရိတ်သတ်တွေ Free ဖတ်လို့ရအောင် Free တင်ပေးထားပါတယ်။ ပရင့်နားတယ်ဆိုတော့ အင်္ဂလိပ်သတင်းစာရော မြန်မာသတင်းစာရော နားပါတယ် ” လို့မြန်မာတိုင်းမ်က Chief Operation Officer ဦးဝေလင်းကပြောပါတယ်။

အခုလို သတင်းစာ၊ ဂျာနယ်တွေ ယာယီရပ်နားထားတဲ့အထဲမှာတော့ Elevel သတင်းစာနဲ့ဂျာနယ်က ယာယီရပ်နားထားမှု မရှိတာကိုလည်း သိရပါတယ်။

” ကျွန်တော်တို့မှာ ဒီဂျစ်တယ်ရှိတယ် ။ ဝဘ်ဆိုဒ် ရှိမယ် ၊ youtube ရှိမယ် ၊ အကုန်လုံးတောက်လျှောက်သွားမယ်။ သတင်းရော ဆောင်းပါးရော အင်တာဗျူးရောပါ ။ လက်ရှိအစိုးရထုတ်ပြန်ချက်အတိုင်းသွားမယ် ။အစိုးရထုတ်ပြန်ချက်က ဘာလာအုံးမယ်မသိဘူး။ Stay Home ဆိုတော့ ရောင်းသူဝယ်သူမရှိဘူး။ ခဏနားတာကလည်း ရောင်းသူဝယ်သူမရှိလို့ယာယီနားတာဖြစ်ပါတယ်”လို့စံတော်ချိန်သတင်းစာမှ သတင်းအယ်ဒီတာတစ်ဦးကပြောပါတယ်။

မြန်မာတိုင်းမ်သတင်းစာက ကိုဇော်လွတ်ပြောပြတာကတော့” ကျွန်တော်တို့ကိုတော့ ဘာမှမပြောသေးဘူး ။ အရင် ကိုဗစ်ကာလကတည်းက အိမ်မှာပဲ Work Rrom Home လုပ်နေရတာဆိုတော့ ။ အစိုးရထုတ်ပြန်တဲ့အတိုင်းပဲသွားမယ်ထင်တယ် ။ အစိုးရထုတ်ပြန်တာရက်တိုးရင်တော့ ပြန်ပြီးဆွေးနွေးမယ်ထင်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ Covid _ 19 ရောဂါစဖြစ်တဲ့အချိန်ကနေ ဒီကနေ့အချိန်ထိ သတင်းသမားများ အလုပ်လက်မဲ့ဦးရေများပြားနေပြီး လက်ရှိမှာတော့ သတင်းသမားဦးရေ ၁၀၀ လောက် အလုပ်ကနေရပ်နားခံရတဲ့သူများနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္မွာ Stay Home သတ္မွတ္ျပီးတဲ့ေနာက္ သတင္းစာနဲ႔ဂ်ာနယ္မ်ား ယာယီရပ္နား

ရန္ကုန္ ၊ စက္တင္ဘာ ၂၂-၂၀၂၀
ယဥ္ပပထြန္း ( VOM )

ရန္ကုန္တိုင္းမွာ Covid-19 ေရာဂါကူးစက္မူမ်ားျပားေနတဲ့အတြက္ ရန္ကုန္ျမိဳ့ကို ပိုမိုတင္းၾကပ္တဲ့ Stay Home ေၾကျငာျပီးတဲ့ေနာက္ပိုင္းမွာေတာ့ ရန္ကုန္ကေနအေျခစိုက္ ထုတ္ေဝေနတဲ့ သတင္းစာနဲ႔ဂ်ာနယ္ေတြကို ယာယီရပ္နားထားတယ္လို ့သိရပါတယ္။

ယာယီရပ္နားတာေတြကေတာ့ စံေတာ္ခ်ိန္သတင္းစာ ၊ ျမန္မာတိုင္းမ္ သတင္းစာ ( ျမန္မာ) နဲ ့ျမန္မာတိုင္းမ္(အဂၤလိပ္)သတင္းစာ၊ 7 Day သတင္းစာနဲ ့ဂ်ာနယ္ ၊ The Voice သတင္းစာေတြကို ဒီကေန႔ကစျပီး ယာယီရပ္နားထားတာျဖစ္တယ္လို ့သိရပါတယ္။

“ကြ်န္ေတာ္တို႔က လူေလ်ာ့တာမဟုတ္ဘူး။ ကြ်န္ေတာ္တို႔က ပရင္႔မထုတ္နိုင္လို ့အြန္လိုင္းပဲသြားေနတာ။ အြန္လိုင္း PDFမွာ Facebookလည္း တင္ေပးထားတယ္ ။ ကြ်န္ေတာ္တို ့စာဖတ္ပရိတ္သတ္ေတြ Free ဖတ္လို႔ရေအာင္ Free တင္ေပးထားပါတယ္။ ပရင္႔နားတယ္ဆိုေတာ့ အဂၤလိပ္သတင္းစာေရာ ျမန္မာသတင္းစာေရာ နားပါတယ္ ” လို ့ျမန္မာတိုင္းမ္က Chief Operation Officer ဦးေဝလင္းကေျပာပါတယ္။

အခုလို သတင္းစာ၊ ဂ်ာနယ္ေတြ ယာယီရပ္နားထားတဲ့အထဲမွာေတာ့ Elevel သတင္းစာနဲ ့ဂ်ာနယ္က ယာယီရပ္နားထားမႈ မ႐ွိတာကိုလည္း သိရပါတယ္။

” ကြ်န္ေတာ္တို ့မွာ ဒီဂ်စ္တယ္႐ွိတယ္ ။ ဝဘ္ဆိုဒ္ ႐ွိမယ္ ၊ youtube ႐ွိမယ္ ၊ အကုန္လံုးေတာက္ေလ်ွာက္သြားမယ္။ သတင္းေရာ ေဆာင္းပါးေရာ အင္တာဗ်ဴးေရာပါ ။ လက္႐ွိအစိုးရထုတ္ျပန္ခ်က္အတိုင္းသြားမယ္ ။အစုိးရထုတ္ျပန္ခ်က္က ဘာလာအံုးမယ္မသိဘူး။ Stay Home ဆိုေတာ့ ေရာင္းသူဝယ္သူမ႐ွိဘူး။ ခဏနားတာကလည္း ေရာင္းသူဝယ္သူမ႐ွိလုိ ့ယာယီနားတာျဖစ္ပါတယ္”လို ့စံေတာ္ခ်ိန္သတင္းစာမွ သတင္းအယ္ဒီတာတစ္ဦးကေျပာပါတယ္။

ျမန္မာတိုင္းမ္သတင္းစာက ကိုေဇာ္လြတ္ေျပာျပတာကေတာ့” ကြ်န္ေတာ္တို႔ကိုေတာ့ ဘာမွမေျပာေသးဘူး ။ အရင္ ကိုဗစ္ကာလကတည္းက အိမ္မွာပဲ Work Rrom Home လုပ္ေနရတာဆိုေတာ့ ။ အစိုးရထုတ္ျပန္တဲ့အတိုင္းပဲသြားမယ္ထင္တယ္ ။ အစိုးရထုတ္ျပန္တာရက္တိုးရင္ေတာ့ ျပန္ျပီးေဆြးေနြးမယ္ထင္ပါတယ္”လို႔ ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ Covid _ 19 ေရာဂါစျဖစ္တဲ့အခ်ိန္ကေန ဒီကေန႔အခ်ိန္ထိ သတင္းသမားမ်ား အလုပ္လက္မဲ့ဦးေရမ်ားျပားေနၿပီး လက္႐ွိမွာေတာ့ သတင္းသမားဦးေရ ၁၀၀ ေလာက္ အလုပ္ကေနရပ္နားခံရတဲ့သူမ်ားေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW