ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ်

ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၂-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိလာပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ ပြီး စစ်ဆေးမှုပြုလုပ်ထားတယ်လို့ စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

အဲ့ဒီစုံစမ်းစစ်ဆေးမှုကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အဲ့ဒီ ဆေးရုံကိုသွားရောက်ပြီး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဆေးရုံဘက်ကနေ တင်ပြချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ် ။

“နှစ်ရက်လောက်အချိန်ကြာအုံးမယ်၊ သူတို့တင်ပြတာနဲ့ ကျွန်တော်တို့တွေ့ရှိတာကို ပေါင်းပြီး ရေးရမှာဖြစ်တယ်။ စစ်ဆေးရေးလုပ်တာကတော့ မနေ့ကပြီးသွားပြီ၊ စစ်ဆေးတယ် သွားကြည့်တယ်၊ သူတို့ကတင်ပြတာနဲ့ပေါင်းပြီး အကြံပြုချက် (Recommendations)တွေ လုပ်ရမှာပေါ့။ အဲ့ဒီတော့ မနက်ဖြန်လောက်မှ သိရမယ်။ အရေးယူမှုအပိုင်းကတော့ ကျွန်တော်တို့က တွေ့ရှိချက်ကို တင်ပေးလိုက်ရုံပါပဲ။ အထက်ဌာနတွေက လုပ်ပါလိမ့်မယ်၊ အဲ့ဒါကျတော့ပြောလို့မရဘူး”လို့ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ လမ်းမတော်မြို့ နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး မြို့နယ်အဆင့် သူနာပြုအရာရှိ ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေး၊ ရဲတပ်ဖွဲ့ ၊မြို့နယ်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဆေးရုံနဲ့ပတ်သက်ပြီး စစ်ဆေးမှုကိုသာ အဓိကလုပ်ဆောင်နေတာဖြစ်ကြောင်း၊ အရေးယူမှုအပိုင်းကိုတော့ အထက်ကတာဝန်ရှိသူတွေကသာ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗဟိုရ်စည်ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၃ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းကို စက်တင်ဘာ ၁၀ ရက်နေ့မှာ စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၂ ဦး ရှိလာနေပြီဖြစ်ပါတယ်။

အတည်ပြုလူနာ ၁၀၀ ကျော်ထဲမှာ ဧရာဝတီတိုင်းကနေ ဗဟိုရ်စည်ဆေးရုံကို သူနာပြုအကူအဖြစ်လာရောက်လုပ်ကိုင်နေတဲ့ အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တာ ရှိပါတယ်။

Photo – Thein Saw
#voiceofmyanmar #VOM #ရန်ကုန် #ဗဟိုရ်စည်

Zawgyi

ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္ ႐ွိ​ေနျပီျဖစ္တဲ့ ဗဟိုရ္စည္ေဆး႐ုံကို စံုစမ္းစစ္ေဆးမႈျပဳလုပ္

ရန္ကုန္၊ စက္တင္ဘာ ၂၂-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္အထိ႐ွိလာၿပီျဖစ္တဲ့ ဗဟိုရ္စည္ေဆး႐ုံကို စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ့ ၿပီး စစ္​ေဆးမွုျပဳလုပ္​ထားတယ္လို့ စစ္ေဆးေရးအဖြဲ႕ဥကၠ႒ ေဒါက္တာ ေအာင္ကိုကိုက ေျပာပါတယ္။

အဲ့ဒီစုံစမ္းစစ္ေဆးမႈကို မေန႔ စက္တင္ဘာလ ၂၁ ရက္ေန႔က အဲ့ဒီ ေဆး႐ုံကိုသြားေရာက္ၿပီး ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း၊ လက္ရွိမွာေတာ့ ေဆး႐ုံဘက္ကေန တင္ျပခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔ ေျပာပါတယ္ ။

“ႏွစ္ရက္ေလာက္အခ်ိန္ၾကာအုံးမယ္၊ သူတို႔တင္ျပတာနဲ႔ ကၽြန္ေတာ္တို႔ေတြ႔႐ွိတာကို ေပါင္းၿပီး ေရးရမွာျဖစ္တယ္။ စစ္​ေဆးေရးလုပ္တာကေတာ့ မေန႔ကၿပီးသြားၿပီ၊ စစ္ေဆးတယ္ သြားၾကည့္တယ္၊ သူတို႔ကတင္ျပတာနဲ႔ေပါင္းၿပီး အၾကံျပဳခ်က္ (Recommendations)ေတြ လုပ္ရမွာေပါ့။ အဲ့ဒီေတာ့ မနက္ျဖန္ေလာက္မွ သိရမယ္။ အေရးယူမႈအပိုင္းကေတာ့ ကၽြန္ေတာ္တို႔က ေတြ႔႐ွိခ်က္ကို တင္ေပးလိုက္႐ုံပါပဲ။ အထက္ဌာန​ေတြက လုပ္ပါလိမ့္မယ္၊ အဲ့ဒါက်ေတာ့ေျပာလို႔မရဘူး”လို႔ ေဒါက္တာ ေအာင္ကိုကိုက ေျပာပါတယ္။

အဲ့ဒီစုံစမ္းစစ္ေဆးေရးအဖြဲ႔ မွာ လမ္းမေတာ္ၿမိဳ႕ နယ္ က်န္းမာေရးဦးစီးမႉး ေဒါက္တာေအာင္ကိုကိုက ဥကၠ႒ အျဖစ္ပါဝင္ၿပီး ၿမိဳ႕နယ္အဆင့္ သူနာျပဳအရာရွိ ၊ ၿမိဳ႕နယ္အေထြေထြအုပ္ ခ်ဳပ္ေရး၊ ရဲတပ္ဖြဲ့ ၊ျမိဳ့နယ္စည္ပင္သာယာေရးေကာ္မတီက တာဝန္႐ွိသူေတြနဲ့ ​ေပါင္းစပ္ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

စုံစမ္းစစ္ေဆးေရးအဖြဲ႔ဟာ ေဆး႐ုံနဲ႔ပတ္သက္ၿပီး စစ္ေဆးမႈကိုသာ အဓိကလုပ္ေဆာင္ေနတာျဖစ္ေၾကာင္း၊ အေရးယူမႈအပိုင္းကိုေတာ့ အထက္ကတာဝန္႐ွိသူေတြကသာ ဆက္လက္ေဆာင္ရြက္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဗဟိုရ္စည္ေဆး႐ုံက က်န္းမာေရးဝန္ထမ္း ၃ဦးမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို စက္တင္ဘာ ၁၀ ရက္ေန႔မွာ စတင္သိ႐ွိခဲ့ရျခင္းျဖစ္ၿပီး စက္တင္ဘာလ ၂၀ ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၁၀၂ ဦး ရွိလာေနၿပီျဖစ္ပါတယ္။

အတည္ျပဳလူနာ ၁၀၀ ေက်ာ္ထဲမွာ ဧရာဝတီတိုင္းကေန ဗဟိုရ္စည္ေဆး႐ုံကို သူနာျပဳအကူအျဖစ္လာေရာက္လုပ္ကိုင္ေနတဲ့ အသက္၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးလည္း ေသဆုံးခဲ့တဲ့ျဖစ္စဥ္ ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့တာ ႐ွိပါတယ္။

Photo – Thein Saw
#voiceofmyanmar #VOM #ရန္ကုန္ #ဗဟိုရ္စည္

Related posts

Leave a Comment

VOM News

FREE
VIEW