ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)

#DPNS

ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)

မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ ပါတီမိတ်ဆက်အစီအစဉ်အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြောင်းသိနိုင်ဖို့ ပါတီရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကို VOMသတင်းထောက် လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဒေါ်နှင်းနှင်းမွှေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၆ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ကတော့ နေရာဒေသအလိုက်အမျိုးမျိုးကွဲသွားတယ်။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းထဲမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်က ရန်ကုန်တိုင်း/ဧရာဝတီတိုင်းများမှာရှိတဲ့ လူတွေနဲ့လည်းမတူနိုင်ဘူး။ အဲဒီတော့ကျွန်မတို့က ခြုံပြီးတော့ပြောရရင် ရွေးကောက်ပွဲ တရာမျှတမှုအတွက် အသိအမှတ်ပြုခံ DPNS ဆိုတာရှိတယ်။

VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဒေါ်နှင်းနှင်းမွှေး- COVIDကာလမှာဆိုတော့ ဘာမှကိုလုပ်မရတဲ့အချိန်အနေတွေဖြစ်သွားတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် Stay at Home ဖြစ်တဲ့အတွက် အခုဘာမှအပြင်ကိုထွက်လို့မရ။ ဒါကြောင့် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်များနဲ့အညီဟာပါတယ်။ ဒါကြောင့် အခုရန်ကုန်မှာကအမိန့်တွေအရမ်းများတယ်လေ။ ကျွန်မတို့က လုပ်နိုင်ကိုင်နိုင်အချိန်ကမရှိဘူး။ Onlineလောက်ပဲလုပ်နိုင်တာ။ နောက်ခါကိုယ်စာလှယ်လောင်းဆိုင်းပုဒ်ထောင်တာမျိုးလောက်ပဲလုပ်နိုင်တယ်။ ကျွန်မကတော့ Door to Door ကိုလည်းခွင့်ပြုမထားဘူး။ နောက်ခန်းမထဲမှာ social distancing လုပ်မယ်ခွင့်မပြုဘူး ဆိုတော့ကျွန်မတို့ က ဘယ်လိုမှမလုပ်လို့ရတဲ့အချိန် တွေဖြစ်ပါတယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဒေါ်နှင်းနှင်းမွှေး- မနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က၈၈ခုနှစ်မှာတုန်းကပါတီထောင်လိုက်တယ်။ ၉၁ခုနှစ်မှာ တရားဝင်ပါတီသိမ်းခံရတယ်။ ၂၀၁၄အောက်တိုဘာမှာ တရားဝင်ပါတီပြန်ဖြစ်လာတာ။ရွေးကောက်ပွဲအခုဖြတ်တမ်းတာ၂ကြိမ်(၂၀၁၅/လာမယ့် ၂၀၂၀)ဘဲရှိသေးတယ်။ ၂၀၂၀မှာမပြိုင်ရသေးဘူး။၂၀၁၅မှာ ၂၁နေရာဝင်ပြိုင်တာ အနိုင်ရခဲ့တာမရှိဘူး။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။
ဒေါ်နှေးနှေးမွှေး- ပါတီဝင်ဖြစ်ရမယ်။ ပါတီရဲ့မူဝါဒတွေနဲ့လုပ်ငန်းစဉ်တွေကိုအာမခံနိုင်တဲ့လူဖြစ်ရမယ်။နိုင်ငံရေး၊စီးပွားရေး၊လူမူရေးတရပ်ရပ်မှာတော့ကျွမ်းကျင်နှံ့စပ်တဲ့လူဖြစ်ပြီးတော့ ဒေသခံတွေကနေ အသိမှတ်ပြုလက်ခံတဲ့သူဖြစ်ရပါမယ်။ အရည်ချင်းချင်းတူတဲ့ လူတွေရှိတဲ့ပေါ့နော် ကျွန်မတို့က လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား လှုပ်ရှားတက်ကြွသူ အဲ့ဒါတွေကို ဦးစားပေးရွေးတယ်။ ရွေးတဲ့ခါကျတော့ ကျွန်မတို့စံတွေနဲ့ ကိုက်တာက ၁၆ယောက် ဦိးရေကျန်ခဲ့တာ။ ဒီထက်မကလာပြီးတော့ ကိုယ်စားလှယ်လောင်းကိုကမ်းလှမ်းတဲ့လူရှိပါတယ်။ ကျွန်မတို့ကတော့ ကျွန်မတို့စံအတိုင်းသတ်မှတ်ပြီးရွေးချယ်တာ။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဒေါ်နှင်းနှင်းမွှေ – ၈၈ခုနှစ် ပါတီစပြီးတည်ထောင်တုန်းရဲ့ ဆောင်ပုဒ်က ပြည်သူသာအမိ၊ ပြည်သူသာအဖ။ အခုရွေးကောက်ပွဲမှာကတော့ ကျွန်မတို့ကမ်ပိန်းမက်ဆေ့ချ် ခေါ်မှာပေါ့ အဲ့ဒါကတော့ တရားမျှတမှုအတွက် DPNS ၊ အဖိနှိပ်ခံများအတွက် DPNS ပါ။

#voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

Zawgyi

ပါတီမိတ္ဆက္ (လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ-DPNS)

မႏၲေလး၊စက္တင္ဘာ၂၃-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ ႏိုဝင္ဘာလ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ပါတီေတြထဲကေန ပါတီမိတ္ဆက္အစီအစဥ္အျဖစ္ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီနဲ႔ မိတ္ဆက္ေပးပါရေစ။
လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီအေၾကာင္းသိႏိုင္ဖို႔ ပါတီရဲ႕တြဲဖက္အေထြေထြအတြင္းေရးမႉး (၁) ေဒၚႏွင္းႏွင္းေမႊးကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းကေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဘယ္ေလာက္အေရအတြက္ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ေဒၚႏွင္းႏွင္းေမႊး- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္စုစုေပါင္း၁၆ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ေဒၚႏွင္းႏွင္းေမႊး – ကြၽန္မတို႔ကေတာ့ ေနရာေဒသအလိုက္အမ်ိဳးမ်ိဳးကြဲသြားတယ္။ ဘာလို႔လဲဆိုေတာ့ မႏၲေလးတိုင္းထဲမွာရွိတဲ့ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ကတိကဝတ္က ရန္ကုန္တိုင္း/ဧရာဝတီတိုင္းမ်ားမွာရွိတဲ့ လူေတြနဲ႔လည္းမတူႏိုင္ဘူး။ အဲဒီေတာ့ကြၽန္မတို႔က ၿခဳံၿပီးေတာ့ေျပာရရင္ ေ႐ြးေကာက္ပြဲ တရာမွ်တမႈအတြက္ အသိအမွတ္ျပဳခံ DPNS ဆိုတာရွိတယ္။

VOM- အာဏာရပါတီနဲ႔ျပည္ခိုင္ၿဖိဳးစတဲ့ပါတီႀကီးေတြကိုဘယ္လိုအင္အားေတြနဲ႔ယွဥ္ၿပိဳင္သြားမလဲ။
ေဒၚႏွင္းႏွင္းေမႊး- COVIDကာလမွာဆိုေတာ့ ဘာမွကိုလုပ္မရတဲ့အခ်ိန္အေနေတြျဖစ္သြားတယ္။ ရန္ကုန္မွာဆိုလို႔ရွိရင္ Stay at Home ျဖစ္တဲ့အတြက္ အခုဘာမွအျပင္ကိုထြက္လို႔မရ။ ဒါေၾကာင့္ ျပည္ေတာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ၫြန္ၾကားခ်က္ထဲမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္မ်ားနဲ႔အညီဟာပါတယ္။ ဒါေၾကာင့္ အခုရန္ကုန္မွာကအမိန႔္ေတြအရမ္းမ်ားတယ္ေလ။ ကြၽန္မတို႔က လုပ္ႏိုင္ကိုင္ႏိုင္အခ်ိန္ကမရွိဘူး။ Onlineေလာက္ပဲလုပ္ႏိုင္တာ။ ေနာက္ခါကိုယ္စာလွယ္ေလာင္းဆိုင္းပုဒ္ေထာင္တာမ်ိဳးေလာက္ပဲလုပ္ႏိုင္တယ္။ ကြၽန္မကေတာ့ Door to Door ကိုလည္းခြင့္ျပဳမထားဘူး။ ေနာက္ခန္းမထဲမွာ social distancing လုပ္မယ္ခြင့္မျပဳဘူး ဆိုေတာ့ကြၽန္မတို႔ က ဘယ္လိုမွမလုပ္လို႔ရတဲ့အခ်ိန္ ေတြျဖစ္ပါတယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာဘယ္ႏွေနရာႏိုင္ခဲ့ဖူးပါသလဲ။
ေဒၚႏွင္းႏွင္းေမႊး- မႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္မတို႔က၈၈ခုႏွစ္မွာတုန္းကပါတီေထာင္လိုက္တယ္။ ၉၁ခုႏွစ္မွာ တရားဝင္ပါတီသိမ္းခံရတယ္။ ၂၀၁၄ေအာက္တိုဘာမွာ တရားဝင္ပါတီျပန္ျဖစ္လာတာ။ေ႐ြးေကာက္ပြဲအခုျဖတ္တမ္းတာ၂ႀကိမ္(၂၀၁၅/လာမယ့္ ၂၀၂၀)ဘဲရွိေသးတယ္။ ၂၀၂၀မွာမၿပိဳင္ရေသးဘူး။၂၀၁၅မွာ ၂၁ေနရာဝင္ၿပိဳင္တာ အႏိုင္ရခဲ့တာမရွိဘူး။

VOM -ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးလဲ။
ေဒၚေႏွးေႏွးေမႊး- ပါတီဝင္ျဖစ္ရမယ္။ ပါတီရဲ႕မူဝါဒေတြနဲ႔လုပ္ငန္းစဥ္ေတြကိုအာမခံႏိုင္တဲ့လူျဖစ္ရမယ္။ႏိုင္ငံေရး၊စီးပြားေရး၊လူမူေရးတရပ္ရပ္မွာေတာ့ကြၽမ္းက်င္ႏွံ႔စပ္တဲ့လူျဖစ္ၿပီးေတာ့ ေဒသခံေတြကေန အသိမွတ္ျပဳလက္ခံတဲ့သူျဖစ္ရပါမယ္။ အရည္ခ်င္းခ်င္းတူတဲ့ လူေတြရွိတဲ့ေပါ့ေနာ္ ကြၽန္မတို႔က လူငယ္၊ အမ်ိဳးသမီး၊ တိုင္းရင္းသား လႈပ္ရွားတက္ႂကြသူ အဲ့ဒါေတြကို ဦးစားေပးေ႐ြးတယ္။ ေ႐ြးတဲ့ခါက်ေတာ့ ကြၽန္မတို႔စံေတြနဲ႔ ကိုက္တာက ၁၆ေယာက္ ဦိးေရက်န္ခဲ့တာ။ ဒီထက္မကလာၿပီးေတာ့ ကိုယ္စားလွယ္ေလာင္းကိုကမ္းလွမ္းတဲ့လူရွိပါတယ္။ ကြၽန္မတို႔ကေတာ့ ကြၽန္မတို႔စံအတိုင္းသတ္မွတ္ၿပီးေ႐ြးခ်ယ္တာ။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ကဘာျဖစ္မလဲ။
ေဒၚႏွင္းႏွင္းေမႊ – ၈၈ခုႏွစ္ ပါတီစၿပီးတည္ေထာင္တုန္းရဲ႕ ေဆာင္ပုဒ္က ျပည္သူသာအမိ၊ ျပည္သူသာအဖ။ အခုေ႐ြးေကာက္ပြဲမွာကေတာ့ ကြၽန္မတို႔ရဲ႕ ကမ္ပိန္းမက္ေဆ့ခ်္ ေခၚမွာေပါ့ အဲ့ဒါကေတာ့ တရားမွ်တမႈအတြက္ DPNS ၊ အဖိႏွိပ္ခံမ်ားအတြက္ DPNS ပါ။

#voiceofmyanmar #VOM #ႏိုင္ငံေရးပါတီမိတ္ဆက္ #လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW