ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ)

ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ပြည်သူ့အတွက် သပြေခက်ဆိုတဲ့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဗဟိုဥက္ကဋ္ဌ ဦးကျော်စိန် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိန်- အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်မှာ ၃နေရာ ဝင်ပြိုင်မှာပါ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့မူက ပထမဆုံးကတော့ ဒေသခံဖြစ်ရမယ်၊ ဒေသခံဖြစ်ပြီးတော့ ဒေသအရေးကို စိတ်ဝင်စားတဲ့သူ၊ နောက်ပြီး ရိုးသားဖြောင့်မတ်တဲ့သူ၊ မှန်မှန်ကန်ကန်လုပ်မယ့်သူ၊ ဒေသကနေ လက်ခံနိုင်မယ့်ပုဂ္ဂိုလ် အဲ့ဒါတွေကို အဓိကထားရွေးပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့ မူဝါဒကိုက အမျိုးသားတိုးတက်မြင့်မားရေးဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံလူမျိုးတွေ…

Read More

ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ)

ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးအောင်သန်းတင့်- ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးအောင်သန်းတင့် – ၇၅၀၀ လောက်ရှိပါတယ်။ VOM-ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းနဲ့ ရွေးချယ်ပါသလဲ။ ဦးအောင်သန်းတင့်- ဥပမာ ကျွန်တော်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ကျွန်တော့အရည်အချင်းကတော့ ဘီကွန်းအီကို စီးပွားရေးပညာဘွဲ့ HDP အထက်တန်းရှေ့နေပါ အဲ့တော့ပြောမယ်ဆိုရင် ကျတော်တို့က အားလုံးဘွဲ့ပါပဲလို့ပြောရမှာပေါ့၊ မွန်ပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်အနေနဲ့ ဦးဝဏ္ဏစိုး Law ပါပဲ၊ နောက်တစ်ခုက ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဒေါ်သန်းသန်းဆင့်ကလည်း ဘီအေ…

Read More

ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)

ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ကိုညီသစ်(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးကျော်စိုးအောင်ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိုးအောင် – ပထမက ၂၆ နေရာ ဝင်ပြိုင်မယ်ဆိုပြီး ပါတီက ဆုံးဖြတ်တယ် အကြောင်းကြောင်းကြောင့် ၇ နေရာ ဝင်ပြိုင်တယ်။ ၇ နေရာမှာ ၄ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကတော့ အရည်အချင်းပြည့်မီ ဖြစ်သွားတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးကျော်စိုးအောင် -အဓိက ရွေးချယ်တဲ့ အရည်အချင်းက ကျနော်တို့ပါတီရဲ့ ကတိကဝတ် ပေးထားတာတွေနဲ့ကိုက်ညီတဲ့ အရည်အချင်း ၊ ပြီးတော့ ပြောအားဆိုအားရှိတဲ့ ၊ ဥပဒေလမ်းကြောင်းနားလည်တဲ့ လူ့အခွင့်အရေး…

Read More

ကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း

ကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း ဝါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူမရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံပြင်ပကိုရောက်ရှိစေပြီး ကမ္ဘာကြီးကို ကူးစက်မှုတွေကို ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂနှစ်ပတ်လည် ညီလာခံကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်တွေအတွက် တာဝန်ခံဖို့အတွက် တရုတ်နိုင်ငံကို အရေးယူဖို့အတွက် ကုလသမဂ္ဂက လုပ်ဆောင်ရမယ်လို့ ထရန့်ကဆိုပါတယ်။ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရရေး အခက်ကြုံနေတဲ့ ဒေါ်နယ်ထရန့်အနေနဲ့ ကပ်ရောဂါအပေါ်သူ့ရဲ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မဲဆန္ဒရှိတွေရဲ့ ဝေဖန်မှုတွေကို တရုတ်အပေါ်ပြစ်တင်ခြင်းအားဖြင့် လျှော့ချဖို့ ကြိုးစားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ဘေးကို ကမ္ဘာတစ်ဝန်းဖြန့်ခဲ့တဲ့ နိုင်ငံကို တာဝန်ခံမှုရှိလာဖို့ မိမိတို့လုပ်ဆောင်ရမယ်လို့ ဒေါ်နယ်ထရန့်က…

Read More

ရခိုင်မှာ ခရီးသွားလာမှုရပ်နားနေချိန် ရေယာဉ်ကြံ့ခိုင်မှုပြင်ဆင်နေကြ

ရခိုင်မှာ ခရီးသွားလာမှုရပ်နားနေချိန် ရေယာဉ်ကြံ့ခိုင်မှုပြင်ဆင်နေကြ စစ်တွေ၊ စက်တင်ဘာ ၂၃- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ပြည်တွင်းရေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းပို့ဆောင်ရေးခရီးစဉ်တွေကို ယာယီရပ်နားထားခဲ့တာဟာ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ဆိုရင် တစ်လကျော်သွားပြီဖြစ်ပါတယ်။ အဲ့ဒီလိုရပ်နားထားရတဲ့ကာလတွေမှာ ရေကြောင်းပို့ဆောင်ပေးတဲ့ရေယာဉ်တွေအနေနဲ့ ကိုဗစ်ကာလပြီးသွားရင် လုပ်ငန်းတွေပြန်စနိုင်ဖို့အတွက် ရေယာဉ်ကြံ့ခိုင်မှုရှိဖို့အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။ ရေကြောင်းနဲ့ ကုန်းကြောင်းခရီးစဉ်တွေကို ယာယီရပ်နားထားတယ်ဆိုပေမယ့် ကုန်ကားတွေနဲ့ ကုန်တင်ရေယာဉ်တွေကိုတော့ ဖွင့်ပေးထားတယ်လို့လည်း သိရပါတယ်။ အခုလိုမျိုး ကုန်းလမ်းခရီးတွေနဲ့ ရေကြောင်းခရီးစဉ်တွေကို ရက်အတော်ကြာပိတ်ထားရတာကြောင့် ပြည်သူတွေအတွက်ရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများရှိနိုင်ပါတယ်။ အထူးသဖြင့် နေ့စားခနဲ့လုပ်ရတဲ့ အခြေခံလူတန်းစားတွေနဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့ စစ်တွေအခြေစိုက် ရွှေပြည်တန် အထူးအမြန်ရေယာဉ် ကုမ္ပဏီရဲ့ မန်နေဂျာ ဦးစံမော်သိန်းက ထောက်ပြပါတယ်။ လက်ရှိ ကပ်ဘေးကာလ ခရီးသွားလုပ်ငန်းတွေရပ်နားထာရတာကြောင့် ရေယာဉ်ကြံ့ခိုင်ရေးအတွက် ရွှေပြည်တန်အမြန်ယာဉ်တွေကို…

Read More

ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)

ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ကရင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ကရင်အမျိုးသားပါတီအကြောင်းသိနိုင်ဖို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦိးမန်းကျော်ငြိမ်းကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးမန်းကျော်ငြိမ်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကျနော်တို့က စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ဖို့ပါဘဲ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ဝင်ပြိုင်တဲ့ နေရာတွေအားလုံးဝင်ပြိုင်မှာပါ။ ပါတီကြီးတွေရှိရင်လည်း ကျနော်တို့ဝင်ပြိုင်မှာဘဲ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦိးမန်းကျော်ငြိမ်း- မနိုင်သေးဘူး။ ပြီးခဲ့တဲ့၂၀၁၄မှာပါတီမှတ်ပုံတင်ကျတာ ၂၀၁၅မှဝင်ပြိုင်တယ်။ အဲ့တုန်းက၂၁နေရာဝင်ပြိုင်တာ တစ်နေရာမှမရခဲ့ဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးမန်းကျော်ငြိမ်း- သူ့ရဲ့ဒေသကလူတွေကနေပြီးတော့ သင့်တော်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ ကျနော်တို့ကတော့ ( Criteria) ကိုယ်စားလှယ်လောင်းအရည်အသွေးသတ်မှတ်ချက် အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့စိတ်ရှိတဲ့လူ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့လူ၊ ပညာရေးကိုတော့မကန့်သတ်ထားဘူး။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။…

Read More

COVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ်

COVID_19 ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်(၅၂) ဦးထိရှိနေ၊ ရခိုင်နဲ့ ရန်ကုန်တို့မှာ အများဆုံးဖြစ် ရန်ကုန်၊ စက်တင်ဘာ၂၃-၂၀၂၀ အေးချမ်းသူ(VOM) တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးထိရှိလာပြီး ရခိုင်နဲ့ရန်ကုန်တို့မှာ အများဆုံးဖြစ်နေတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲ့မှူးကြီးကျော်သီဟကပြောပါတယ်။ “တပ်ဖွဲ့ဝင်တွေကူးစက်ခံရတာ အားလုံးပေါင်း ၅၂ယောက်၊ အဲ့ဒီအထဲမှာ ရန်ကုန်နဲ့ရခိုင်က အများဆုံးပါပဲ၊ လက်ရှိ ဆေးရုံတက်ရောက်ကုသနေရသူ ၃၈ဦးရှိတယ်”လို့ရဲမှူးကြီးကျော်သီဟကပြောပါတယ်။ ကိုဗစ်ပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းခွင့်ရတဲ့ ရဲတပ်ဖွဲ့ဝင် (၁၄)ဦးရှိနေပါကာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးမှာတော့ ကိုဗစ်ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နည်းတယ်လို့ ရဲမှူးကြီးကျော်သီဟကပြောပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်လိုင်းခန်းနဲ့ရုံးတွေကို Home Stay နေထိုင်စေပြီး အဝင်အထွက်ကန့်သက်တာတွေ လုပ်ဆောင်ထားတယ်လို့ မြန်မာနိူင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာကြဖို့ညွှန်ကြားထားတယ်လို့ ရဲမှူးကြီးကျော်သီဟရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်…

Read More

ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)

#DPNS

ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ ပါတီမိတ်ဆက်အစီအစဉ်အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြောင်းသိနိုင်ဖို့ ပါတီရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကို VOMသတင်းထောက် လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်နှင်းနှင်းမွှေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ကတော့ နေရာဒေသအလိုက်အမျိုးမျိုးကွဲသွားတယ်။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းထဲမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်က ရန်ကုန်တိုင်း/ဧရာဝတီတိုင်းများမှာရှိတဲ့ လူတွေနဲ့လည်းမတူနိုင်ဘူး။ အဲဒီတော့ကျွန်မတို့က ခြုံပြီးတော့ပြောရရင် ရွေးကောက်ပွဲ တရာမျှတမှုအတွက် အသိအမှတ်ပြုခံ DPNS ဆိုတာရှိတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဒေါ်နှင်းနှင်းမွှေး- COVIDကာလမှာဆိုတော့ ဘာမှကိုလုပ်မရတဲ့အချိန်အနေတွေဖြစ်သွားတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် Stay at Home ဖြစ်တဲ့အတွက် အခုဘာမှအပြင်ကိုထွက်လို့မရ။ ဒါကြောင့် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်များနဲ့အညီဟာပါတယ်။ ဒါကြောင့် အခုရန်ကုန်မှာကအမိန့်တွေအရမ်းများတယ်လေ။…

Read More

ကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ

ကေတီဗီ၊အနှိပ်ခန်းရှိတဲ့ ဟိုတယ်မန္တလေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၂ဦးထိရှိလာလို့ စိုးရိမ်မှုတွေရှိနေ မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း ၃၇လမ်းနဲ့ ၃၈လမ်းကြားက ဟိုတယ်မန္တလေးမှာ အခုရက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာ ၂၂ ဦးထိရှိလာနေပြီး အဲ့ဒီလူနာတွေဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဟိုတယ်ကနေဖွင့်ထားတဲ့ ကေတီဗီ၊ အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်လို့လည်း ပျံ့နှံ့နေတာဖြစ်ပြီး ဒေသခံတွေကလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့”ဒါကတော့ ကျွန်တော်တို့က တရားဝင်လို့ပြောလို့မရဘူး၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတို့ စည်ပင်တို့ အကုန်လုံးရဲ့ထောက်ခံပြီးကာမှ သီချင်းဆိုခွင့်ပေါ့ အဲ့ဒီဟာတွေကတော့ သူတို့မှာလုပ်ထားတာတော့ရှိတယ်ဗျ၊ ကျွန်တော်တို့ ရဲကတော့ ခွင့်ပြုပေးလို့မရပါဘူး၊ ခုကိုဗစ်ကာလမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ကေတီဗီဖြစ်ဖြစ် ဘယ်ဟာမှမဖွင့်ခိုင်းပါဘူးဗျ၊ ကျွန်တော်တို့သိရသလောက်ကတော့ ဟိုတယ်မှာလုပ်တဲ့ ဝန်ထမ်းတွေပါပဲဗျ၊…

Read More

ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)

ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်) စက်တင်ဘာ၊ ၂၃-၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီရဲ့ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက်ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးထားလဲ? ဦးတိန့်ဆောင်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦးပါ ခင်ဗျ။ VOM – ပါတီဝင်အင်အား အရေအတွက်ဘယ်လောက်ရှိလဲ။ ဦးတိန့်ဆောင် – ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက် ပွဲဝင်ပြိုင်ဖြစ်တာလဲ။ ဦးတိန့်ဆောင်- ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ပြီး အစိုးရဖွဲ့နိုင်တဲ့အနေအထားနဲ့ လှုပ်ရှားပေါ့၊ ကျနော်တို့ကျတော့ ဒေသတွင်းကိုပဲ ရည်ရွယ်ထားတာပေါ့၊…

Read More
VOM News

FREE
VIEW