ကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း

ကိုဗစ်-၁၉ ကူးစက်စေမှုအတွက် တရုတ်နိုင်ငံကိုအရေးယူဖို့ ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်တိုက်တွန်း

ဝါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူမရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံပြင်ပကိုရောက်ရှိစေပြီး ကမ္ဘာကြီးကို ကူးစက်မှုတွေကို ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂနှစ်ပတ်လည် ညီလာခံကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အဲဒီလုပ်ရပ်တွေအတွက် တာဝန်ခံဖို့အတွက် တရုတ်နိုင်ငံကို အရေးယူဖို့အတွက် ကုလသမဂ္ဂက လုပ်ဆောင်ရမယ်လို့ ထရန့်ကဆိုပါတယ်။

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရရေး အခက်ကြုံနေတဲ့ ဒေါ်နယ်ထရန့်အနေနဲ့ ကပ်ရောဂါအပေါ်သူ့ရဲ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မဲဆန္ဒရှိတွေရဲ့ ဝေဖန်မှုတွေကို တရုတ်အပေါ်ပြစ်တင်ခြင်းအားဖြင့် လျှော့ချဖို့ ကြိုးစားနေပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကပ်ဘေးကို ကမ္ဘာတစ်ဝန်းဖြန့်ခဲ့တဲ့ နိုင်ငံကို တာဝန်ခံမှုရှိလာဖို့ မိမိတို့လုပ်ဆောင်ရမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

Ref : CNA
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi


မျိုးဆက် (VOM)






Ref : CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW