ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ)

ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ)

မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀
ကိုညီသစ်(VOM)

ပြည်သူ့အတွက် သပြေခက်ဆိုတဲ့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဗဟိုဥက္ကဋ္ဌ ဦးကျော်စိန် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ
ဦးကျော်စိန်- အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်မှာ ၃နေရာ ဝင်ပြိုင်မှာပါ။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ။
ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့မူက ပထမဆုံးကတော့ ဒေသခံဖြစ်ရမယ်၊ ဒေသခံဖြစ်ပြီးတော့ ဒေသအရေးကို စိတ်ဝင်စားတဲ့သူ၊ နောက်ပြီး ရိုးသားဖြောင့်မတ်တဲ့သူ၊ မှန်မှန်ကန်ကန်လုပ်မယ့်သူ၊ ဒေသကနေ လက်ခံနိုင်မယ့်ပုဂ္ဂိုလ် အဲ့ဒါတွေကို အဓိကထားရွေးပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။
ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့ မူဝါဒကိုက အမျိုးသားတိုးတက်မြင့်မားရေးဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံလူမျိုးတွေ တိုးတက်မြင့်မားဖို့အတွက် လွှတ်တော်ထဲကနေ လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ဖို့ပါပဲ၊ ထူးထူးခြားခြားကတိကဝတ်ကတော့ ပေးမထားပါဘူး။

VOM- ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဦးကျော်စိန် – ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ဧရာဝတီတိုင်းကနေ သုံးနေရာဝင်ပြိုင်ဖူးပါတယ်၊ မနိုင်ပါဘူး၊ ကျတော်တို့ တတိယ နေရာလောက်ပဲရပါတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်က ဘာတွေဖြစ်မလဲ။
ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့ Logoက သပြေခက်ပါ အဲ့ဒီတော့ ဆောင်ပုဒ်က ပြည်သူ့အတွက် သပြေခက်ပါ။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (အမ်ိဳးသားတိုးတက္ျမင့္မားေရးပါတီ)

မႏၲေလး၊ စက္တင္ဘာ ၂၄-၂၀၂၀
ကိုညီသစ္(VOM)

ျပည္သူ႔အတြက္ သေျပခက္ဆိုတဲ့ အမ်ိဳးသားတိုးတက္ျမင့္မားေရးပါတီ ဗဟိုဥကၠ႒ ဦးေက်ာ္စိန္ ကို VOMသတင္းေထာက္ ကိုညီသစ္က ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ဝင္ၿပိဳင္ဖို႔ရွိလဲ
ဦးေက်ာ္စိန္- အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရွမ္းျပည္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္မွာ ၃ေနရာ ဝင္ၿပိဳင္မွာပါ။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းမ်ိဳး ေတြနဲ႔ေ႐ြးခ်ယ္ပါသလဲ။
ဦးေက်ာ္စိန္ – က်ေနာ္တို႔ပါတီရဲ႕မူက ပထမဆုံးကေတာ့ ေဒသခံျဖစ္ရမယ္၊ ေဒသခံျဖစ္ၿပီးေတာ့ ေဒသအေရးကို စိတ္ဝင္စားတဲ့သူ၊ ေနာက္ၿပီး ႐ိုးသားေျဖာင့္မတ္တဲ့သူ၊ မွန္မွန္ကန္ကန္လုပ္မယ့္သူ၊ ေဒသကေန လက္ခံႏိုင္မယ့္ပုဂၢိဳလ္ အဲ့ဒါေတြကို အဓိကထားေ႐ြးပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ေတြက ဘာေတြျဖစ္မလဲ ။
ဦးေက်ာ္စိန္ – က်ေနာ္တို႔ပါတီရဲ႕ မူဝါဒကိုက အမ်ိဳးသားတိုးတက္ျမင့္မားေရးဆိုေတာ့ အဲ့ဒီေဒသမွာရွိတဲ့ ေဒသခံလူမ်ိဳးေတြ တိုးတက္ျမင့္မားဖို႔အတြက္ လႊတ္ေတာ္ထဲကေန လုပ္ႏိုင္တဲ့ အတိုင္းအတာတစ္ခုအထိ လုပ္ဖို႔ပါပဲ၊ ထူးထူးျခားျခားကတိကဝတ္ကေတာ့ ေပးမထားပါဘူး။

VOM- ၿပီးခဲ့တဲ့၂၀၁၅ ေ႐ြးေကာက္ပြဲမွာဘယ္ႏွေနရာႏိုင္ခဲ့ဖူးပါသလဲ။
ဦးေက်ာ္စိန္ – ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက ဧရာဝတီတိုင္းကေန သုံးေနရာဝင္ၿပိဳင္ဖူးပါတယ္၊ မႏိုင္ပါဘူး၊ က်ေတာ္တို႔ တတိယ ေနရာေလာက္ပဲရပါတယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္က ဘာေတြျဖစ္မလဲ။
ဦးေက်ာ္စိန္ – က်ေနာ္တို႔ပါတီရဲ႕ Logoက သေျပခက္ပါ အဲ့ဒီေတာ့ ေဆာင္ပုဒ္က ျပည္သူ႔အတြက္ သေျပခက္ပါ။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW