အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ တိုက်ပွဲတွေ ပြင်းထန်

အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ တိုက်ပွဲတွေ ပြင်းထန်

ဘာကူး၊ အောက်တိုဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

အဇာဘိုင်ဂျန်နဲ့ အာမေနီးယားနိုင်ငံတို့အကြား အငြင်းပွားဖွယ်နယ်မြေတစ်ခုအရေးကြောင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး တိုက်ပွဲများဖြစ်ပွားနေပြီး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတောင်းဆိုမှုများကို နှစ်ဘက်စလုံးက ပယ်ချလိုက်ပါတယ်။

ကော့ကေးဆပ်တောင်ပိုင်းရှိ နာဂေါ်နို-ကာရာဘတ်ခ် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒါပေမယ့် အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီကတော့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ နာဂေါ်နို-ကာရာဘတ်ခ် ဒေသဟာ အဇာဘိုင်ဂျန်က တရားဝင်ပိုင်ဆိုင်တဲ့ ဒေသဖြစ်ပြီး လက်ရှိမှာတော့ အာမေနီးယားမျိုးနွယ်စုတွေက အုပ်ချုပ်ထားပါတယ်။

အဲဒီနယ်မြေနဲ့ပတ်သက်ပြီး ၁၉၈၈-၉၄ ခုနှစ်များမှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပေမယ့် နှစ်နိုင်ငံအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ငါးရက်ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးသွားပြီး ရာပေါင်းများစွာ ဒါဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ အစောပိုင်းမှာတော့ မြို့တော် ယယ်ရီဗန်ကို အနီးကပ်ပျံသန်းလာတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းအပါအဝင် အဇာဘိုင်ဂျန်ဘက်က မောင်းသူမဲ့လေယာဉ်အချို့ကို ပစ်ချခဲ့တယ်လို့ အာမေးနီးယားအစိုးရက ဆိုပါတယ်။

Ref : BBC
Photo: Getty Images

#voiceofmyanmar #VOM #အာမေးနီးယား #အဇာဘိုင်ဂျန်

Zawgyi

အပစ္အခတ္ရပ္စဲေရးကို ပယ္ခ်ၿပီး အဇာဘိုင္ဂ်န္နဲ႔ အာေမနီးယားတို႔ တိုက္ပြဲေတြ ျပင္းထန္

ဘာကူး၊ ေအာက္တိုဘာ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အဇာဘိုင္ဂ်န္နဲ႔ အာေမနီးယားႏိုင္ငံတို႔အၾကား အျငင္းပြားဖြယ္နယ္ေျမတစ္ခုအေရးေၾကာင့္ ဆယ္စုႏွစ္မ်ားစြာအတြင္း အဆိုး႐ြားဆုံး တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး အပစ္အခတ္ရပ္စဲေရး တိုက္တြန္းေတာင္းဆိုမႈမ်ားကို ႏွစ္ဘက္စလုံးက ပယ္ခ်လိုက္ပါတယ္။

ေကာ့ေကးဆပ္ေတာင္ပိုင္းရွိ နာေဂၚႏို-ကာရာဘတ္ခ္ ေဒသမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး အေမရိကန္၊ ျပင္သစ္နဲ႔ ႐ုရွားတို႔က ပူးတြဲေၾကညာခ်က္ထုတ္ျပန္ၿပီး ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ဒါေပမယ့္ အဇာဘိုင္ဂ်န္ရဲ႕ မဟာမိတ္ တူရကီကေတာ့ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုမႈေတြကို ပယ္ခ်ခဲ့ပါတယ္။ နာေဂၚႏို-ကာရာဘတ္ခ္ ေဒသဟာ အဇာဘိုင္ဂ်န္က တရားဝင္ပိုင္ဆိုင္တဲ့ ေဒသျဖစ္ၿပီး လက္ရွိမွာေတာ့ အာေမနီးယားမ်ိဳးႏြယ္စုေတြက အုပ္ခ်ဳပ္ထားပါတယ္။

အဲဒီနယ္ေျမနဲ႔ပတ္သက္ၿပီး ၁၉၈၈-၉၄ ခုႏွစ္မ်ားမွာ အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယားႏိုင္ငံတို႔အၾကား စစ္ပြဲျဖစ္ပြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ တင္းမာမႈေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာက စိုးရိမ္ပူပန္မႈေတြ ျမင့္တက္ေနေပမယ့္ ႏွစ္ႏိုင္ငံအၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတာ ငါးရက္ရွိေနပါၿပီ။

တိုက္ပြဲေတြေၾကာင့္ လူ ၁၀၀ ထက္မနည္းေသဆုံးသြားၿပီး ရာေပါင္းမ်ားစြာ ဒါဏ္ရာရရွိခဲ့ပါတယ္။ ေအာက္တိုဘာ ၂ ရက္ေန႔ အေစာပိုင္းမွာေတာ့ ၿမိဳ႕ေတာ္ ယယ္ရီဗန္ကို အနီးကပ္ပ်ံသန္းလာတဲ့ ေမာင္းသူမဲ့ ေလယာဥ္တစ္စင္းအပါအဝင္ အဇာဘိုင္ဂ်န္ဘက္က ေမာင္းသူမဲ့ေလယာဥ္အခ်ိဳ႕ကို ပစ္ခ်ခဲ့တယ္လို႔ အာေမးနီးယားအစိုးရက ဆိုပါတယ္။

Ref : BBC
Photo: Getty Images

#voiceofmyanmar #VOM #အာေမးနီးယား #အဇာဘိုင္ဂ်န္

Related posts

Leave a Comment

VOM News

FREE
VIEW