မြန်မာတိုင်းမ် သတင်းဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

မြန်မာတိုင်းမ် သတင်းဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

ရန်ကုန် ၁၂-၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ရုံးမှာလုပ်ဆောင်နေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတဲ့အတွက် လက်ရှိ ရုံးမှာရှိနေတဲ့လူတွေကို ကန့်သတ်မူတွေ ပြုလုပ်ထားပါတယ်လို့ မြန်မာတိုင်းမ်က Chief Operation Officer ဦးဝေလင်းကပြောပါတယ်။

” လုံခြုံရေးဝန်ထမ်းပိုးတွေ့တာတော့ ဟုတ်ပါတယ်။ သူကိုတော့ ကိုဗစ်ကုသဆောင်ကို ပို့ထားပါပြီ ။ ရုံးကိုမလာရတဲ့လူတွေကတော့ ကိုယ်အိမ်မှာပဲ ကိုယ်နေပြီး အလုပ်လုပ်ပေါ့ ။ ရုံးမှာရှိနေတဲ့လူတွေကတော့ အပြင်မထွက်ရဘဲ ရုံးမှာပဲနေပေါ့ ။ ရုံးကိုတော့ ပိတ်ထားတယ် ။ သတင်းစာကတော့မပိတ်ဘူး ထွက်နေပါတယ် ။ လောလောဆယ် ကျွန်တော်တို့ကို MOHS က တာဝန်ရှိတဲ့လူတွေက ဆက်သွယ်အကြောင်းကြားတာတွေ မရှိသေးတဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး”လို့ဦးဝေလင်းကပြောပါတယ်။

အရင်လပိုင်းလောက်ကလည်း ပြည်တွင်းထုတ် News Watch ဂျာနယ်မှာ လုပ်ကိုင်နေတဲ့ သတင်းထောက်တစ်ဦးလည်း စက်တင်ဘာ ၁၄ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိထားတဲ့အတွက် စက်တင်ဘာ ၁၅ ရက်နေကစပြီး စက်တင်ဘာ၂၈ ရက်အထိ ဂျာနယ်ကို ယာယီရပ်ဆိုင်းထားခဲ့တယ်လို့လည်း သိရပါတယ် ။ လက်ရှိမှာတော့ အဲ့ဒီဂျာနယ်ဟာ ပြန်လည်ထွက်နေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ Covid – 19 ရောဂါကူးစက်မူများပြားလာနေတာကြောင့် ရန်ကုန်မြို့ကိုပိုမိုတင်းကြပ်တဲ့ Stay Home ကြေငြာပြီးတဲ့နောက်ပိုင်း စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး ရန်ကုန်ကနေထုတ်ဝေနေတဲ့ သတင်းစာ နဲ့ဂျာနယ်တွေကို အောက်တိုဘာ ၇ ရက်အထိ ယာယီရပ်နားထားတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #မြန်မာတိုင်းမ်သတင်းဌာန #ကိုဗစ်ပိုးတွေ့

Zawgyi


ရန်ကုန် ၁၂-၂၀၂၀
ယဉ်ပပထွန်း (VOM)






Related posts

Leave a Comment

VOM News

FREE
VIEW